Part-43(SWEET LOVE)

818 34 4
                                    

အခန်းတံခါးသွားဖွင့်ပေးလိုက်ချိန် မျက်စိရှေ့တည့်တည့်တွင်
မြင်လိုက်ရတဲ့လူကြောင့် ငြိမ်သက်နေသောKrist၏နှလုံးသားသည် ရထားအစင်းပေါင်းများစွာ ခုတ်မောင်းနေသကဲ့သို့ဖြစ်လာခဲ့သည်...

တကယ်လား???
ဒါမှမဟုတ် အိပ်မက်များလား
ထင်ယောင်ထင်မှားတွေများဖြစ်နေတာလား???

အံ့သြမှုများဖြင့် တွေဝေစွာစဉ်းစားနေတဲ့အချိန် နွေးထွေးတဲ့လက်ဖဝါးလေးတစ်ခုက Krist၏ပါးပြင်ပေါ်ညင်သာစွာ ကျရောက်လာတဲ့အချိန်မှာတော့ ဒါဟာ တကယ်ဘဲလို့Kristတွေးလိုက်မိသည်....

'Kit~~~'

စေ့စေ့ပိတ်ထားတဲ့ ချယ်ရီရောင်နှုတ်ခမ်းပါးနှစ်လွှာက ပွင့်အံကျလာတဲ့ နာမည်လေးတခုက တိုးသဲ့သဲ့လေးဆိုပေမယ့် Krist Perawatရဲ့ ရင်ထဲကိုတော့ တမုဟုတ်ချင်းလှုတ်
ခတ်သွားစေခဲ့တယ်....
ထို့နောက်တွင်တော့ Krist၏အနည်းငယ်တုန်ယင်နေသောအသံဖြင့် ခေါ်မိလိုက်တဲ့လူရဲ့ နာမည်ကတော့....

'ကိုကို~'

Kristရင်ထဲမှ အံ့သြဝမ်းသာပျော်ရွှင်မှုတွေကြောင့် မျက်လုံးအိမ်ကနေ ပုလဲလုံးများကဲ့သို့မျက်ရည်တွေကျဆင်းလာတဲ့အခါ နူးညံ့တဲ့လက်ချောင်းလေးတွေနဲ့ စီးကျလာတဲ့မျက်ရည်စတွေကိုသုတ်ပေးနေသူကတော့ Kristနှလုံးသားရဲ့အရှင်သခင်....

'မငိုပါနဲ့တော့ ကိုယ်Kitငိုတာကိုမမြင်ချင်ဘူး'

'ကိုကို kitတောင်းပန်ပါတယ်နော်..အဟင့်...kitတကယ်ကိုတောင်းပန်ပါတယ်ကိုကိုရယ် kitကိုမမုန်းလိုက်ပါနဲ့နော်..'

ရှိုက်သံများဖြင့် သနားစဖွယ်တောင်းပန်နေတဲ့Kristကြောင့် Singto၏နှလုံးသားတို့က တဆစ်ဆစ်နာကျင်လာသည်...

'Kit မငိုနဲ့တော့နော်
အရင်ဆုံးကိုယ့်ကိုအထဲပေးဝင်ပါဦး'

'aww...ဟုတ်'

ကလေးတယောက်သဖွယ် ခေါင်းလေးညိမ့်ပြကာ Singto၏ လက်ကိုဆွဲ၍ တံခါးပိတ်ပြီး အခန်းထဲကိုခေါ်လာခဲ့သည့် Kristကို Singမျက်တောင်မခတ်တမ်းကြည့်နေမိသည်...မတွေ့ရတဲ့ရက်လေးအတွင်းမှာ Kristသည် မျက်ကွင်းလေးတွေပင် ညိုနေပါရော့လား...
Krist၏ကုတင်ပေါ်မှာ နှစ်ယောက်အတူတူထိုင်လိုက်ပြီးနောက် စိုးရိမ်ကြောက်ရွံ့နေသောအသံဖြင့် Singtoကို Kristမေးလိုက်သည်မှာ

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now