Part-14

837 56 0
                                    

ကျွန်တော်တညလုံး Singပြောတဲ့စကားကိုစဉ်းစားလိုက် မဟုတ်တရုတ်အတွေးတွေနဲ့ စိတ်ကူးယဉ်ပီး တော်တော် နဲ့အိပ်မပျော်ခဲ့ဘူး ဒီနေ့က ကျောင်းဖွင့်တယ်ဆိုတော့ Singနဲ့ကျောင်းမှာတွေ့ရင်ဘလိုမျက်နှာချင်းဆိုင်ရမလဲ Singက သဘောရိုးရိုးနဲ့ပြောတာဘဲနေမှာပါ ငါကသာ လျှောက်စဉ်းစားနေတာ ဟုတ်တယ် Singကသူပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကိုတောင် သေချာသတိထားမိမှာ မဟုဘူး Singလိုလူတယောက်က ငါ့ကိုချစ်မှာလည်း မဟုလောက်ဘူး ဘာဘဲဖြစ်ဖြစ် အရင်တိုင်းကလိုဘဲ Singနဲ့ခင်မင်ချင်တယ်........Kristမင်းရဲ့မဟုတ်တဲ့ အတွေးတွေကို ခေါင်းထဲကထုတ်လိုက်တော့ ဘယ်တော့မှဖြစ်လာမှာလည်းမဟုဘူး😞😞😞

အတွေးများစွာနဲ့ အိပ်ရာထဲကထ ရေချိုးအဝတ်အစား လဲပီး ကျောင်းသွားဖို့ပြင်လိုက်တယ် အကုန်လုံး ပြင်ဆင်လို့ပီးတော့ breakfastစားဖို့အောက်ထပ်ကို ဆင်းလာခဲ့တယ်

Uncle-Krist စားပီးတာနဲ့ကျောင်းတန်းသွားတော့ မှာလား

Krist-ဟုတ် ဦးလေး ဘာဖြစ်လို့လဲ

Uncle- awwဦးလေး ညက အလုပ်လုပ်နေတာ နဲနဲကျန်သေးလို့ အဲ့ဒါ၁၀မိနစ်လောက်ဘဲ ကြာမှာ ခဏလောက်စောင့်ပေးမလား

Krist-ရပါတယ်ဦးလေးရယ် အခုမှ အစောကြီးရှိသေး တယ် အေးဆေးလုပ်ပါ

Uncle-အေအေ အဲ့ဆိုစားရင်းနဲ့စောင့်နေနော် ဦးလေး လုပ်လက်စအလုပ်ဆက်လုပ်လိုက်ဦးမယ်

Krist-ဟုတ်
{အခုမှ ၇နာရီထိုးပီးလောက်ဘဲရှိသေးတယ် Singကလဲ အခုချိန်ဆိုကျောင်းလာဦးမှာမဟုတ်ပါဘူးလေ.........
ငါလည်း ကိုယ့်အတွေးတွေကိုယ်ထိန်းချုပ်ဖို့ အချိန်ရသွား တာပေါ့}
.......................................................................
ကျွန်တော်ဒီနေ့ဆေးရုံကနေ အစောကြီးထွက်ခဲ့တယ် ဘာလို့လဲဆိုတော့ ကျောင်းကိုစောစောသွားမလို့လေ kitကိုတောင်းပန်ချင်လို့ နောက်ကျနေရင် မတောင်းပန် လိုက်ရမှာစိုးလို့ပါ အကိုကလည်း ကျွန်တော့်ကို သူ့အခြေအနေက ခြေထောက်ကလွဲပီး အားလုံးနီးပါး ပြန်ကောင်းနေပီ ဆိုတော့စိတ်ပူမနေနဲ့ သွားစရာရှိတာ သွားတဲ့..... ကျွန်တော်ကကျောင်းကိုရောက်တော့ အတန်းထဲမှာkitကိုလိုက်ရှာပေမဲ့ မတွေ့ဘူး အတန်းထဲမှာလည်း လူကနဲနဲဘဲရောက်သေးတယ် Newတို့pinkတို့ကိုတောင်မတွေ့ဘူး ကျွန်တော်ဘဲ အရမ်းစိတ်လောနေမိတယ်ထင်တယ်............
အတန်းထဲမှာကျောင်းသားတွေလည်းတဖြည်းဖြည်းနဲ့ ရောက်လာကြပီ ဒါပေမဲ့kitတော့ရောက်မလာသေးဘူး  ကျွန်တော်စောင့်ရင်း စောင့်ရင်း တဖြည်းဖြည်းနဲ့စိတ်ပူ လာပီ သူကျောင်းကိုမလာတော့ဘူးလားဆိုပီးတော့
အတန်းထဲမှာထိုင်စောင့်မနေနိုင်တော့တာနဲ့ဘဲ ကျောင်းအဝင်ပေါက်မှာသွားစောင့်နေလိုက်တယ် 
ခဏကြာတော့ ကျွန်တော်စောင့်နေရတဲ့သူလေးကိုတွေ့ပါ ပီ သူလေးလဲကျောင်းနောက်ကျပီထင်ပီး ခြေလှမ်းကျဲကြီးတွေနဲ့မြန်မြန်လာနေတယ် သူကျွန်တော့် ကိုတွေ့ပုံတော့မပေါ်ဘူး ကျွန်တော်လည်း kitနောက်ကနေလိုက်ပီး kitရဲ့လက်ကို လှမ်းဆွဲလိုက်တယ်

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now