Part-5(Uni)

228 21 0
                                    

Sing Pov:
နေရောင်ခြည်က ဆေးရုံခန်းထဲမှာရှိတဲ့ ခန်းစီးကနေ ကျွန်တော့်ပါးပြင်ကိုလာထိတွေ့တော့မှ ကျွန်တော်နိုး လာခဲ့တယ်... ကျွန်တော်ညက ငိုရင်းစကားတွေပြောပီး အိပ်ပျော်သွားတာဘဲ...................
အကို့ကိုကြည့်လိုက်တော့ မနေ့ကအတိုင်းဘဲ ခုချိန်ထိ သတိမရသေးဘူး........ ကျွန်တော်လည်း ထိုင်နေရာကနေထလိုက်ပြီး ခန်းစီးကိုဖွင့်လိုက်ပီး အပြင်ကလှုပ်ရှားမှုတွေကို ခဏကြည့်နေလိုက်တယ်
ကျွန်တော့်စိတ်တွေအရမ်းကိုမွန်းကြပ်နေတဲ့အတွက် လေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်တယ်.......
ပြီးမှအကို့အနားပြန်လာပီး နဖူးပေါ်ဝဲကျနေတဲ့ အကို့ရဲ့ ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီး ကျွန်တော် အိပ်ထားလို့ တွန့်နေတဲ့စောင်ကိုလည်း ပြန်ဆန့် ပေးထားလိုက်တယ်...........

Sing- ကိုကြီး........သတိရလာပါတော့နော်....
ညီလေးမွေးနေ့လည်းပြီးသွားပီလေ..... ကိုကြီးသတိမရလာသေးတဲ့နေ့အထိ ညီလေးကျောင်းတက်လို့ မဖြစ်သေးဘူး
ကိုကြီးဘေးမှာ ညီလေး ရှိနေမှဖြစ်မှာလေ...😔😔

Dr- ညီ ....

Sing- aww Dr. တောင်းပန်ပါတယ် 😞
ကျွန်တော် Dr. ရောက်နေတာ သတိမထား မိလိုက်ဘူး

Dr- ရပါတယ်.... ကျွန်တော်လည်း ခုမှရောက်နေတာပါ ညီစကားပြောနေတာနဲ့ ဒီအတိုင်းကြည့်နေလိုက်တာ

Sing-..........................

Dr- အရမ်းကြီးလည်း စိတ်မဆင်းရဲပါနဲ့ အကိုတို့လည်း တတ်နိုင်သလောက် ကုသပေးပါမယ် လူနာအခြေအနေကိုတော့စောင့်ကြည့် ရမှာပေါ့....... ဒါပေမယ့် အကိုအကြံပေးချင်တာက ညီလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါ လူနာကိုစောင့်ရှောက်ရင်း
ညီ့ကိုပါ မလဲသွားစေချင်ဘူး....ညီ့အကိုသိရင်လည်း စိတ်ကောင်းမှမဟုတ်ဘူးလေ ညီကကျောင်းလည်းတက် နေရသေးတယ်ဆို အဲ့တာကြောင့်အရင်နေ့တွေကလို ကျောင်းသွားတက်ပါ ပြီးမှ ညနေကျ ဆေးရုံကိုပြန်လာပေါ့ လူနာအတွက်လည်းစိတ်မပူပါနဲ့ အကိုတို့ သူနာပြုတစ်ယောက်ထားပေးမှာပါ

Sing- ..........................😔😔😔

______________________________________

Uncle- Kristရေ သွားမယ် ဆင်းလာတော့လေ

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now