Part-30(Uni)

164 11 2
                                    

မနက်နေမြင့်နေတာတောင် kristတယောက် သူ့အိပ်ရာပေါ် ကမထနိုင်သေးဘဲ အိပ်ပျော်နေတုန်းပင်.😴😴..
အဆက်မပြတ်ထွက်ပေါ်နေတဲ့တံခါးဘဲလ်သံကြောင့် နားနှစ်ဖက်ကို အသားကုန်ပိတ်ရင်း အိပ်ရာပေါ်မှာလူးလိမ့်နေလိုက်တယ်.....သူများအိပ်လို့ကောင်းနေတဲ့အချိန်ကိုဘသူတုန်း ကွာ....😣😣

'Krist...Krist..'

အခန်းတံခါးကိုထုပီး သူ့နာမည်ကို ခေါ်နေတဲ့သူအသံလည်းကြားရော..အိပ်နေရာကနေထကာကုတင်ပေါ်ကနေ လှစ်ခနဲပြေးဆင်းသွားပီးတံခါးသွား ဖွင့်ပေးလိုက်တယ်..ဖွင့်မပေးဘဲဆက်အိပ်နေလို့မှမရတာ..အခုလာတဲ့သူကသူ့အချစ်ဆုံးလူသားလေ..တခြားသူဆိုရင်တော့ ကြိုက်သလောက်ခေါ်ပစေဆိုပီး ပစ်ထားပစ်မှာပေါ့...ကိုကို့ကိုတော့အဲ့လိုလုပ်လို့မရဘူးလေ😁
(အမယ်လေး...ပီရာဝက်ရယ် အဲ့လောက်တောင်ဘဲလားဟဲ့😂)

အထဲကနေ တံခါးဖွင့်ပေးလိုက်တာနဲ့ ကျွန်တော်အတွေ့ချင်ဆုံး လူသားကိုတွေ့လိုက်ရပီ..အိပ်မှုန်စုံမွှားရုပ်နဲ့ ကျွန်တော့်ကလေးလေးက အခုမှထ တာလားမသိဘူး...အိပ်ရာကနေထလာတဲ့သူကလည်း ဘာလို့ဒီလောက်ဆွဲမွပစ်ချင်စရာကောင်းနေမှန်းမသိဘူး😄😄

'ကိုကို အထဲဝင်လေ....လာတာကလည်းအစောကြီးဘဲ...Kitကအခုမှ အိပ်လို့ကောင်းတုန်းရှိသေးတာကို😁'

ကျွန်တော်လည်းအခန်းထဲဝင်ပီး တံခါးကိုပြန်ပိတ်လိုက်တယ် ကျွန်တော့်အရှေ့မှာလည်ပင်းကိုပွတ်ပီး ရယ်ကျဲကျဲပြောနေတဲ့ kitရဲ့ပါးဖောင်းဖောင်းလေးတွေကိုဆွဲညစ်လိုက်ရင်း

'မစောတော့ပါဘူး kitရယ့်..၉နာရီထိုးတော့မယ်လေ...'

'၉နာရီကစောတာပေါ့...ကျောင်းပိတ်တုန်းအိပ်ရတာလေ ကိုကိုကလည်း😒'

'ဟုတ်ပါပီ....ကိုယ့်ကိုစိတ်မဆိုးနဲ့တော့ ဒီမှာKitစားဖို့ထမင်းကြော်ဝယ်ခဲ့တယ်..အခုတော့ မျက်နှာသွားသစ်တော့နော်..'

'ဟုတ်😉'

မျက်နှာသစ်မယ်ဆိုပီး ရေချိုးခန်းထဲကိုဝင်မလို့လုပ်တုန်း နောက်ကနေ ကိုကိုကကျွန်တော့်ရဲ့လက်ကိုလှမ်းဆွဲထားတယ်...ဘာဖြစ်လို့ပါလိမ့်...

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now