Part-39(Uni)

116 6 0
                                    

ဘဝမှာ လှပတဲ့နေ့ရက်တွေရှိသလို အကျည်းတန်တဲ့နေ့ရက်တွေဆိုတာလည်း ရှိကြစမြဲပင်.....ဒါပေမယ့် လူအများစုက နေ့ရက်တိုင်းကို လှပစေချင်ကြတယ်..အဲ့အထဲမှာ ကျွန်တော်တို့တွေလည်းအပါအဝင်ပေါ့..သို့ပေမယ့် အရာအားလုံးက လွန်ဆန်လို့မရတဲ့ကံကြမ္မာရဲ့စေရာအတိုင်းဘဲဖြစ်လာခဲ့တယ်.......

'Tay....အဖေမင်းကိုကြည့်နေတာကြာပြီ....မင်းအခုတလော ဘယ်တွေသွားနေတာလဲ အမှန်အတိုင်းပြောစမ်း'

ကုမ္ပဏီကိုသွားဖို့ အဝတ်အစားလဲပြီး အောက်ထပ်ကိုအဆင်း သူ့အဖေရဲ့ အမေးစကားကြောင့် သူ့ခြေလှမ်းတို့တုံ့ခနဲရပ်တန့်သွားခဲ့သည်...

'အဖေ မင်းကိုမေးနေတယ်နော်....Tay'

'ကျွန်တော်.... ကျွန်တော့်ချစ်သူဆီကိုသွားတာ'

'ဘာ!!!ဘာကွ😤မင်းကို ငါဘာပြောထားလဲ...အဲ့ကောင်လေးနဲ့ ဖြတ်လိုက်တော့လို့ ပြောထားတာ မင်းမသိဘူးလား'

'ကျွန်တော်သိပါတယ် ဒါပေမယ့်... ကျွန်တော်သူ့ကို တကယ်ချစ်တဲ့အတွက်ကြောင့် အဖေပြောသလိုမလုပ်နိုင်ပါဘူး'

'မင်း ဘာပြောလိုက်တယ်...Tayမင်းကို ငါကျွေးမွေးထားတာ အခုလို ငါ့ကို ပြန်ခံပြောဖို့အတွက်လား!!!!'

'ကျွန်တော် တောင်းပန်ပါတယ် အဖေ😔😔😔'

'လာ မတောင်းပန်နဲ့......မင်း ကိုငါနောက်ဆုံး သတိပေးလိုက်မယ်..... အဲ့ကောင်လေးနဲ့ဇာတ်လမ်းကို အခုရပ်တန်းကရပ်လိုက်တော့....အေး အဲ့လိုမှ မဟုရင်တော့ မင်းငါ့ကို အဖေလို့ ဘယ်တော့မှ လာမခေါ်နဲ့.... !!!!'

ဒေါသတကြီး ပြောဆိုကာ ချာခနဲလှည့်ထွက်သွားတဲ့ သူ့အဖေကို မတားခဲ့သလို ဘာမှလည်း ပြန်မပြောခဲ့ဘူး...ဘာကြောင့်လဲဆိုတော့ ဒေါသထွက်နေတဲ့ သူတယောက်ကို သွားပြောရင် အခြေအနေက ပိုဆိုးရုံဘဲ ရှိမှာဘဲလေ.....ဒီအခြေအနေကို သူကြံ့ကြံ့ခံနိုင်ပါတယ်..သူချစ်တဲ့သူ သူ့အပေါ်ချစ်ပေးနေသရွေ့ပေါ့.....အိမ်ထဲကထွက်ပြီး ကားစက်ကိုနှိုးကာ ကုမ္ပဏီကိုဘဲထွက်လာခဲ့လိုက်တဲ့ အခါ ကားထဲကရေဒီယိုမှာလာနေတဲ့သီချင်းက....

'မင်းနဲ့ကိုယ့်ရဲ့ အချစ်ဇာတ်လမ်း....အဆုံးသတ်ဖို့တော့မဖြစ်နိုင်ခဲ့...🎶🎶🎶

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now