Part-35(Uni)

130 9 0
                                    

လူမှန်းသိတတ်စအရွယ်ကတည်းက အချစ်ဆိုတာကို သူစိတ်မဝင်စားခဲ့ဘူး...သူ့အဖေရဲ့ စည်းကမ်းတွေအောက်မှာဘဲ နေထိုင်ရင်း ကြီးပြင်းလာခဲ့တဲ့ သူ့အတွက် အချစ်ဆိုတာက အရမ်းအရေးကြီးတဲ့အရာတခုတော့ မဟုခဲ့ပါဘူး....ဒါပေမဲ့....အခုအချိန်မှာတော့ အချစ်က အရေးပါလာခဲ့တယ် ဘာကြောင့်လဲဆိုတော့ တယောက်သောသူကြောင့်ပါ....Tayဆိုတဲ့ သူ့ရဲ့ရင်ထဲကို လူတယောက်ကဝင်လာခဲ့ပီး စိုးမိုးနေတယ်...နာမည်လေးတခုနဲ့တင် သူ့ရဲ့ရင်ကိုလှုတ်ခတ်စေခဲ့တယ်...New..အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့အရှိကိုအရှိအတိုင်းပြောဆိုတတ်တဲ့သူ...ကလေးတယောက်လို မုန့်တွေစားနေရရင်ကို ကျေနပ်နေတတ်တဲ့သူ..လူကြီးတယောက်လိုတည်တည်တံ့တံ့နေတတ်ပေမယ့် သူငယ်ချင်းတွေရှေ့မှာဆို ဟာသတွေပြောဆိုပီးရယ်မောနေတတ်တဲ့သူလေး....နာမည်လေးတခုကနေတဆင့် သူ့နှလုံးသားတခုလုံးကို သိမ်းပိုက်သွားတဲ့ကောင်လေးတယောက်...Newကိုသူချစ်နေမိပီလို့သိတဲ့အချိန်မှာဘဲ..Newလေးက သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးကိုရောက်နေပီ....💗💗....ဒါကြောင့်သူ့ရဲ့အချစ်တွေကို သူဖွင့်ပြောပြချင်နေမိတယ်ပီးတော့ Newရဲ့အချစ်ကိုလည်း သူလိုချင်မိတယ်...သူစိတ်ပူမိတာက ရှေးရိုးစွဲဖြစ်တဲ့ သူ့အဖေကရော ဒီကိစ္စကိုသိရင် လက်ခံပေးနိုင်ပါ့မလား....ဒါပေမယ့် သူကတော့ အချစ်ကိုအချစ်လို့ဘဲ မြင်တယ်...Love is Loveဘဲလေ...ယောကျာ်းအချင်းချင်း မိန်းကလေးအချင်းချင်းဘဲဖစ်ပါစေ ကိုယ့်ရင်ထဲကတကယ်မြတ်မြတ်နိုးနိုးချစ်မိတဲ့သူဘဲလေ...ဘသူမဆို ကိုယ့်ဘဝတလျှောက်လုံးကို ကိုယ်ချစ်တဲ့သူနဲဘဲ ဖြတ်သန်းချင်ကြတာဘဲ..ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကိုယ်ချစ်တဲ့သူနဲ့ဘဲ အတူတကွနေထိုင်သွားချင်ကြတဲ့သူချည်းပါ.....တချို့လူတွေက ထင်ကြတယ် ယောကျာ်းလေးအချင်းချင်း မိန်းကလေးအချင်းချင်း ချစ်ကြိုက်ကြတာ အဓိပ္ပါယ်မရှိဘူးတဲ့....အဲ့အချစ်ကလည်းမခိုင်မြဲဘူး...ခဏတာရူးသွပ်တယ်ဆိုပီးတော့လည်း နှုတ်ခေါင်းရှုံ့ကြတယ်....အရွယ်ရောက်လို့ အိမ်ထောင်ပြုပီဆိုတာနဲ့ ယောကျာ်းလေးနဲ့မိန်းကလေး လက်ထပ်တာကဘဲ သဘာဝကျတယ်လို့ဘဲ သတ်မှတ်ထားကြတယ်... ဒီလိုသတ်မှတ်ထားတာကို သူအရင်ကတည်းက ဘဝင်မကျဘူး...အခုလိုသူချစ်မိတဲ့သူက ယောကျာ်းလေးတယောက်ဖြစ်နေတဲ့အချိန်မှာက အဲ့လိုသတ်မှတ်ချက်တွေကို ပိုလို့တောင်သဘောမကျမိဘူး....တခါတလေမှာ လူတွေက အချစ်ကိုရိုးရိုးရှင်းရှင်းလေးမတွေးတတ်ကြဘူး..အချစ်ကို သတ်မှတ်ချက်တွေ စံနှုန်းတွေနဲ့တိုင်းတာကြတယ်....လိင်တူချင်းချစ်ကြိုက်ကြတဲ့သူတွေကိုဆို အထင်သေးကြတယ် ရှုံ့ချကြတယ်...အပြစ်တင်ကြတယ်... ဒါပေမဲ့ ဒီခေတ်မှာတော့ အဲ့လိုမျိုးကတော့ သိပ်မရှိတော့ပေမယ့် တချို့တချို့သောသူတွေကတော့ အရင်အတိုင်း မပြောင်းမလဲတဲ့ တယူသန်တွေရှိနေတုန်းဘဲ..... အဲ့လိုလူတွေအထဲမှာတော့ သူ့အဖေမပါစေနဲ့လို့ဘဲ သူဆုတောင်းနေမိတယ်...😔😔

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now