Part-4(Uni)

271 20 0
                                    


Uncle- အိမ်ရောက်ပီ ဆင်းမယ်လေ Krist...

Krist-hum?? အော် ဟုတ်ကဲ့ ဦးလေး

Krist Pov:
အတွေးတွေလွန်နေတာနဲ့ အခုမှ အိမ်ရောက်မှန်းသိတော့ တယ် ကားပေါ်ကဆင်းပီးခြံထဲကို ကြည့်လိုက်တော့ ဦးလေးအိမ်လေးက အရင်ကအတိုင်းဘဲ ဘာမှမပြောင်း လဲသွားဘူး ငယ်ငယ်တုန်းက ခြံထဲမှာ ကျွန်တော်ဆော့ ခဲ့တဲ့ ဒန်းလေးကလည်းအရင်အတိုင်းဘဲ ဒါပေမယ့် အိမ်ဘေးနားက ဥယျာဉ်ထဲမှာတော့ ပန်းတွေက ပိုများလာတယ် ဦးလေးကလူပျိုကြီးဆိုပေမယ့် အလှအပကတော့တော်တော်ကြိုက်တယ်😁
အရင်ကဆိုကုမ္ပဏီကပြန်လာရင် သူ့ ဥယျာဉ်ထဲကို အရင်သွား နေကျဘဲ သူ့ပန်းလေးတွေကိုတသသနဲ့ ပန်းတွေကလည်း ဂရုစိုက်လို့လားမသိဘူး တော်တော်ကိုလှတာ နှင်းဆီပန်းတွေကလည်းရောင်စုံဘဲ
သစ်ခွပန်းတွေရော တခြားပန်းတွေကလည်းမျိုးစုံဘဲ
ပန်းနံလေးတွေကလည်းမွှေးနေတာဘဲ လိပ်ပြာလေးတွေ ကလည်းပန်းတွေပေါ်မှာဝဲပျံနေကြတယ်🌹🌹🦋🦋🦋
ပန်းနံ့လေးတွေကြောင့်လေယာဉ်စီးလာလို့ ခေါင်းကိုက်နေတာတောင် ပျောက်သွားတယ်😊😊
ပန်းတွေတောင်ချစ်တဲ့ဦးလေးက ဘာလို့ မိန်းမမယူတာလဲ စဉ်းစားမရဘူး😕😕😕
ကျွန်တော့်ဦးလေးဆိုပေမယ့် ရုပ်ရည်ကကျွန်တော်နဲ့ တခြားစီဘဲ 😁😁 ကျွန်တော့်လိုမျိုး ရုပ်ရည်မရှိတော့ မစွံတာဖြစ်မယ်(အမယ်လေးးး ဟုတ်ပါပီဦးလေးကို ပြောနေတာများ သိရင်အထုခံနေရဦးမယ်😂😂)

Uncle- Krist..အိမ်ထဲအရင်ဝင်လိုက်တော့

Krist-ဦးလေးကရော ဘယ်သွားမလို့လား???

Uncle- aww ငါ့ပန်းလေးတွေ သွားကြည့်လိုက်ဦးမယ်
မင်းအိမ်ပေါ်တက်နှင့် ရေချိုးချင်ရင်ချိုးထားလိုက်
အရင်တုန်းက မင်းနေတဲ့အခန်းကိုဘဲသန့်ရှင်းရေးလုပ် ထားတယ်နော်

ပြောပါတယ် ပြန်ရောက်တာနဲ့ သူ့ရဲ့ ပန်းတွေဆီဘဲအရင်သွားတာ ကိုယ့်တူလေးကိုတောင် ဂရုမစိုက်ဘူး😌

Krist- ဟုတ်ပါပီ....ဦးလေးလည်းနော် မပြောချင်ဘူး ဒီပန်းဘဲ ဂရုစိုက်နေတာ မိန်းမကျတော့ မယူဘူး

Uncle- ငါ့ရုပ်ငါ့ရည်နဲ့ မိန်းမကိုအလွယ်လေးရတယ် မယူချင်လို့မယူတာ.. မင်းဦးလေးကိုကြိုက်တဲ့လူတွေမှ အများကြီးဘဲ.....😏

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now