About the Story

16.7K 620 8
                                    

When A Snail Falls In Love (ချစ်မိသွားတဲ့ ခရုလေး)

ByDing Mo 

Sypnosis

ရွှီရွှီ က သူသာ အလုံးစုံ သိနားလည်သည်ဟု ထင်နေသည်။ ရဲအကယ်ဒမီမှ ထိပ်ဆုံးအဆင့်နဲ့ ကျောင်းဆင်းလာပြီးနောက်မှာ ကမ္ဘာအနှံ့ ဘယ်နေရာမဆို သွားဖို့ အဆင်သင့်ဖြစ်နေပြီဟု သူ့ကိုယ်သူ သေချာထင်မြင်နေခဲ့သည်။ သို့သော် ကမ္ဘာ့နာမည်ကျော် ထောက်လှမ်းရေး စုံစမ်းရေးမှုး ကျီပိုင် နဲ့ အတူတွဲလုပ်ရစဉ်မှာတော့ သင်ယူခဲ့ရသည့် သီဝရီ .. ဥပဒေသ .. လုပ်ထုံးလုပ်နည်းများနဲ့ တကယ့် လက်တွေ့ဟာ အမြဲတူညီနေမှာ မဟုတ်ဘူးဆိုတာ တခဏအတွင်း နားလည်သွားရတော့သည်။ အတူတူ လူသတ်သမားတွေကို ဖမ်းကြသည်၊ အမှုဟောင်းတွေ တူးဖော်ကြသည်။ နိုင်ငံတကာ လူကုန်ကူးမှု ကွင်းဆက်ကြီးကို လိုက်ကြသည်၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးတစ်ယောက်ရဲ့ တားဆီး ပိတ်ပင်ခြင်းကိုတောင် ခံရသည်။ 

ဒီအတောအတွင်းမှာပဲ သူတို့ရဲ့ ရဲဘော်ရဲဘက်သဖွယ် ရင်းနှီးမှုကြားက အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာခဲ့တော့သည်။ သေမင်းနှုတ်ခမ်းဝနား ကူးချည်၊ သန်းချည် လုပ်နေရတဲ့အတွက် သူတို့ရဲ့ ဆက်ဆံရေးက အားလျော့လာပေမဲ့၊ အချစ်ကပဲ သူတို့ကို လွှမ်းမိုး အနိုင်ယူလေမလား ဆိုတာကတော့...

Chapter – 68 chapters

Bonus Chapter – 7 chapters

(Ding Mo ရဲ့ စာလေး တစ်ပုဒ်လောက် ရေးချင်မိလို့ နဂို ပြန်နေတဲ့ သူ ဆီမှာ သွားတောင်းထားတာပါ။ အစက ရေးနေတဲ့ သူ က ဆက်မရေးဖြစ်တော့ဘူး ပြောပါတယ်။ ဒါလေးကို My Youth Began With Him – Volume Two ပြီးတဲ့အခါမှသာ ဆက်ရေးသွားမှာ ဖြစ်ပါတယ်။

 ဒီ Story ကို ပြန်ရိုက်ထားတဲ့ Series ထဲမှာတော့ ရာဇဝတ်မှု ဖြစ်ပွားရာ နေရာတွေကို မြန်မာပြည်ထဲက နေရာတချို့ကို ထည့်သွင်းထားတာလည်း တွေ့ကြရမှာပါ။ စိတ်မကောင်းပေမဲ့လည်း ဒါတွေက ခါးသီးတဲ့ အမှန်တရားလည်း ဖြစ်လို့နေပြန်ပါတယ်။

 ဒီတော့ ဒါလေးကို မူရင်းကိုမီအောင် ကိုယ် ကြိုးစား ရေးကြည့်ပါဦးမယ်။ ကိုယ့်လက်ရာ မကောင်းမကန်းကလေး ဖတ်ရှုဝေဖန်ပေးကြပါဦး။)

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now