Chapter - 26

2.2K 295 3
                                    

Chapter (26)

လိုက်ကာစတွေဆီမှ အရိပ်များနှင့် အပြင်ဘက်မှ သစ်ပင်ရိပ်တွေက စံအိမ် ပေါ်တီကိုဆီမှ အလင်းရောင်အောက်မှာ လိုက်ဖက်ညီစွာ စည်းချက်ကျကျ ယိမ်းနွဲ့လှုပ်ရှားနေကြသည်။

ရွှီရွှီက ကျီပိုင်ကို မျက်ဝန်းနက်တို့ဖြင့် ကြည့်လာကာ..

"ပထမ အချက်က မှုခင်းဆေးပညာရှင်တွေရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလဒ်အရ ယဲ့ဇီရှီ သေတာက ည ၉ နာရီနဲ့ ၁၁ နာရီကြားမှာ.. ။ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေမှာ ပြနေတာက ဇျန်းရှိယုန် စံအိမ်ကို ရောက်တာ ည ၁၂ နာရီကျော်တော့မှ ၊ ဒီတော့ သူက လူသတ်သမား မဖြစ်နိုင်တော့ဘူး။ မက်ဆေ့ထဲက ပါဝင်တဲ့ အကြောင်းအရာရယ်၊ သူ မပစ်ရသေးတဲ့ အဝတ်တွေရယ် ကို ထည့်စဉ်းစားကြည့်ရင် သူ့ရဲ့ အစစ်ခံချက်တွေက ယုံကြည်ရလောက်တယ်။ သူ့ကို နောက်ဆုံးအချိန်ကျမှ စံအိမ်ကို လာဖို့ အခေါ်ခံရတယ်ဆိုတာ မှန်လိမ့်မယ်"

-ဒုတိယ အချက်က ယဲ့ချောင်ကလည်း သတ်တဲ့သူ မဖြစ်နိုင်ပြန်ဘူး။ သူ့ရဲ့ အစစ်ခံချက်နဲ့ မှတ်တမ်းဗီဒီယိုတွေ အရဆိုရင်၊ သူ အမှုဖြစ်ရာ နေရာမှာ နေခဲ့တဲ့ အချိန်က ၁ နာရီထက် မပိုဘူး။ မိန်းကလေး တစ်ယောက်တည်းက လူတစ်ယောက်ကို သတ်ဖို့ရယ်၊ စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးခဲ့ဖို့ရယ်၊ ဒဏ်ရာတွေ ထပ်လှီးခဲ့ဖို့ရယ်၊ အခင်းဖြစ်တဲ့နေရာကို ဒီလောက် အချိန်တိုအတွင်း သန့်ရှင်းပစ်ခဲ့ဖို့ရယ် ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး အလောင်းမှာ တွေ့ရတဲ့ ဒဏ်ရာ နှစ်မျိုးနှစ်စား ကွဲနေဖို့လည်း မဖြစ်နိုင်ပြန်ဘူး။ ဇျန်းရှိယုန် ကလည်း အလောင်းကို ဓားနဲ့ ထိုးခဲ့တဲ့ ဒုတိယလူ မဖြစ်နိုင်ဘူး။ မှတ်တမ်းဗီဒီယိုတွေမှာ ပြနေတာက သူရောက်လာချိန်မှာ ယဲ့ချောင်က ထွက်သွားပြီးနေပြီ။ ဒါ့အပြင် ဒီလို ညသန်းခေါင်ကြီးမှာ ဘရိတ်ဓါးကို သူ ဘယ်က သွားရှာရမှာတဲ့လဲ။"

-အခု အမှုဖြစ်တဲ့နေရာကို ဖြစ်ချိန်အတွင်း ရောက်လာတဲ့ လူနှစ်ယောက်က လူသတ်သမား မဖြစ်နိုင်တော့ဘူး ဆိုတော့ ၊ ကျမတို့ အစကနေပြီး ဘယ်မှာ မှားသွားလဲဆိုတာ ပြန်စဉ်းစားဖို့ လိုလာပြီ"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now