Chapter - 1

8.8K 513 7
                                    

Chapter (1)

လင်းမြို့တော်ဆိုတာ တလက်လက် တောက်ပနေတဲ့ အပြာရောင် မြစ်တစ်စင်းရဲ့ နံဘေးမှာ တည်ရှိနေသည်။ နွေဦးရာသီတွင် အေးမြသော လေပြည်လေးများ တစ်မြို့လုံးအနှံ့ တိုက်ခတ်နေတတ်၍ မြို့တစ်ခုလုံးမှာ အစိုဓါတ်ရှိနေသော်လည်း အေးမြ လန်းဆန်းနေသည်။

ထိုနေ့က ခါတိုင်းလိုပင် တိမ်ထူကာ မိုးအုံ့နေ၏။ သို့သော်လည်း မြို့တော်ရဲဌာနထဲမှာတော့ ပုံမှန်လိုမဟုတ်ဘဲ ရုတ်ရုတ်သဲသဲ ပွက်လောရိုက်နေသည်။

ဒါက ပြစ်မှုဆိုင်ရာ ရဲဌာနကို ရဲမေ ငယ်ငယ်နှစ်ယောက် အလုပ်သင်အဖြစ် ရောက်ရှိလာတာကြောင့်ပဲ ဖြစ်သည်။

ပုံမှန်ဆို ဒီလောက် လှုပ်လှုပ်ရှားရှား ဖြစ်စရာ အကြောင်းမရှိသော်လည်း ထို ရဲမေပျိုနှစ်ယောက်က ဌာနတွင်းရှိ ရဲအရာရှိများရဲ့ ခေါင်းတွေကို စပ်စုချင်စိတ်အပြည့်ဖြင့် တံခါးဝမှာ ပြူတစ်ပြူတစ် လာချောင်းကြည့်ကြအောင် ဆွဲဆောင်ထားနိုင်နေတာကြောင့် ဖြစ်သည်။

ဒါကလည်း ထိုမိန်းမငယ်လေး နှစ်ယောက်၏ အသွင်အပြင်က အရမ်း ထူးခြားနေတာကြောင့်ပင်။

ပြစ်မှုဆိုင်ရာ လူငယ်ရဲအရာရှိ တစ်ယောက်ဖြစ်သည့် ကျောင်းဟန်က အလုပ်သင်တွေကို ကြီးကြပ်ညွှန်ကြားပေးရသည့် အရာရှိတစ်ဦး ဖြစ်သည်။ ဒီတစ်ခေါက်မှာတော့ သူလည်းပဲ၊ သူ့ဘော်ဒါ ရောင်းရင်း တွေလိုပင် သူ့ရှေ့မှ မိန်းကလေးနှစ်ဦးကို ငေးကြည့်နေမိလေသည်။

တစ်ယောက်ကတော့ တော်တော်လေးလှတဲ့အထဲ ပါသူ ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ တစ်ခုခု ထူးခြားနေဟန်ရှိသည်။

ဘယ်ဘက်မှ တစ်ယောက်က ယောင်းမုန် ဖြစ်ပြီး၊ ပြည်သူ့ လုံခြုံရေး တက္ကသိုလ်မှ ပြစ်မှုဆိုင်ရာ စိတ်ပညာဖြင့် ဘွဲ့ကြိုလက်မှတ် ရထားသူ ဖြစ်သည်။ သူရဲ့ ဆံပင်ရှည်ရှည်၊ မျက်ဝန်းကျယ်ကျယ်လေးနဲ့ အဖြူရောင်ရှပ်နှင့် ဂျင်းတစ်ထည်ကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားသည့်ပုံက သူ့ကို လူငယ်မဂ္ဂဇင်းများထဲမှ မိုဒယ်တစ်ယောက်လို ထင်မြင်ရစေသည်။ သူ့ရဲ့ ကိုယ်ရေးအချက်အလက်မှာ ဖြည့်ထားတဲ့ အထောက်အထားတွေက ပညာသင်ထောက်ပံ့ကြေးရရှိမှုများ၊ အထူးချွန်ဆုံး ကေဒါ ကျောင်းသူ၊ အကယ်ဒမီရဲ့ တီဗီရုပ်သံလွှင့်ရုံမှာလည်း နာမည်ကျော် ရုပ်သံလွှင့်သူ၊ စကားပြော ပြိုင်ပွဲတွေမှာလည်း ထိပ်ဆုံး (၁၀)ယောက် အဆင့်ဝင် ပြိုင်ပွဲဝင်တစ်ဦး...

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now