Chapter - 21

2.2K 290 6
                                    

Chapter (21)

ယဲ့အုပ်စုရဲ့ ရုံးချူပ်က ဗဟိုစီးပွားရေးဇုန်၏ အလယ်ပိုင်းမှာ တည်ရှိသည်။ တဖျတ်ဖျတ်တောက်ပနေတဲ့ အလင်းရောင်တွေ ကြားမှာမှ ထူးခြားတဲ့ ရုံးအဆောက်အဦကြီးတစ်ခုဖြစ်ပြီး မီးခိုးရောင် မိုးမျှော်တိုက်ကြီးက ယဲ့အုပ်စုရဲ့ အဆင့်မြင့်မားစွာ တည်ရှိနေမှုနှင့် ကြီးမြတ်မှု ကို ဖော်ဆောင်နေသလို ရှိသည်။

အခြားသူများ ထိတ်လန့်မှု မရှိစေရန်၊ ကျီပိုင်က လူအနည်းငယ်သာ ခေါ်လာခဲ့သည်။ သူနှင့် ရွှီရွှီ ၊ ဦးလေးဝူ တို့နှင့်အတူ ခမ်းနားပြီး၊ သက်တောင့်သက်သာ ရှိလှသော နားနေရာ ခန်းမထဲမှာ ခဏကြာမျှ စောင့်နေမိပြီးနောက်၊ တံခါး ပွင့်လာသည်။ ယောင်းမုန်နဲ့ အခြား ကြိုဆိုသူများက သူတို့ကို အပြုံးမျက်နှာများဖြင့် နှုတ်ဆက်နေကြ၏။

"ကပ ္ပတိန် .. အကုန် စီစဉ်ပြီးပါပြီ။ ကျမတို့ စလို့ ရပြီ" ယောင်းမုန်က အသံကျယ်ကျယ်ဖြင့် ပြောလာ၏။

အလုပ်အတွက်ဆိုရင် ယောင်းမုန်က အမြဲလိုလို စွမ်းဆောင်ရည် ပြည့်ဝနေတတ်သည်။ ကျီပိုင်က ပြုံးကာ ခေါင်းညိတ်ပြပြီး "ကြိုးစားပေးထားတဲ့အတွက် ကျေးဇူးပဲ"

ယောင်းမုန်က ပြုံးနေကာ၊ ဦးလေးဝူရဲ့ နံဘေးမှာ ရပ်နေစဉ် ၊ ကျီပိုင်က ရွှီရွှီကို သူနဲ့အတူ ခေါ်လာကာ လေးယောက်သား ကိုယ်စီ တာဝန်ကျရာ တာဝန်တွေကို စတင် လုပ်ကိုင်တော့၏။

စကျင်ကျောက်ခင်း ကြမ်းပြင်က တည်ငြိမ်မှုကို ဖြစ်နေစေကာ၊ နေရာကျယ်ဝန်းလှတဲ့ ရုံးခန်းမှာ စာရိုက်သံ တချောက်ချောက်၊ စာရွက်လှန်သံ၊ ရှေ့မှ ဦးဆောင်သွားနေသည့် စီမံဌာနမှ ဝန်ထမ်း၏ ခြေသံတရှပ်ရှပ်မှ လွဲ၍ တိတ်ဆိတ် ငြိမ်သက်နေသည်။ ကျီပိုင်နှင့် ရွှီရွှီတို့ ဖြတ်သွားရာ စြင်္ကံလမ်း တစ်လျှောက်မှာ သဘာဝအလင်းရောင် ဖြင့်သာ လင်းပျနေ၏။ လမ်းတလျှောက်မှာ ဝန်ထမ်းများက ဟိုနေရာ၊ သည်နေရာမှ ထွက်ပေါ်လာကာ စူးစမ်းကြည့်နေကြသည်။ သူတို့ မျက်နှာမှာတော့ ဝေခွဲမရမှု၊ နိုးကြား ဖျတ်လတ်မှု နှင့် ကြည်ရွှင်သော အကြည့်များ ရှိနေကြသည်။

သည်စြင်္ကလမ်းရဲ့ အဆုံးမှာတော့ အကြီးဆုံးသား ဖြစ်သူ ယဲ့ဇီချန်းရဲ့ ရုံးခန်း တည်ရှိနေသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now