Chapter - 37

2.2K 281 1
                                    

Chapter – 37

လင်းမြို့ထဲမှ လူအများစု အတွက်တော့ ဒီနှစ် နွေရာသီဟာ ပူသည်၊ ငြိမ်းချမ်းသည်၊ ပုံမှန် ဖြစ်နေကျ နွေရာသီလိုသာ။

ရွှီရွီှနှင့် ကျီပိုင် တို့ အတွက်တော့ .. ဒီနှစ် နွေရာသီဟာ စိတ်လှုပ်ရှားမှုနှင့် အတွေ့အကြုံသစ်များ ပေးစွမ်းနေသည့် နွေရာသီ ဖြစ်သည်။

ယဲ့ဇီရှောက် အတွက်မူ .. ငယ်ရွယ်လှတဲ့ အသက် ၂၅ နှစ် အရွယ်မှာပင် ယဲ့အုပ်စုကြီး၏ ထိပ်ဆုံးနေရာမှာ ရပ်တည်နေရပြီ။ ထိုအချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ ကလွဲပြီး ဗလာနတ္ထိ။ တစ်ကမ္ဘာလုံးက သူ့ကို ဆန့်ကျင်ပြီး ရပ်တည်နေသလို ဖြစ်နေသည်။

ယဲ့အုပ်စု ရဲ့ အမှု ကိစ္စ သတင်းထွက်လာပြီးနောက်၊ စတော့ ဈေးနှုန်းတွေလည်း နိမ့်ကျလာကာ ယနေ့ထိတိုင် ဆက်လက် ကျဆင်းနေဆဲ ဖြစ်လာသည်။

တချိန်တည်းမှာ ဇျန်းရှိယုန် က ကွာရှင်းပြီးကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်၊ ထို့ပြင် သူက ယဲ့အုပ်စုမှ ထွက်ကာ ကုမဏီအသစ် တစ်ခု စတည်ထောင်၏။ မြေယာ ရင်းနှီးမြုပ်နှံမှုမှ ဖောက်သည်များ၊ ဝန်ထမ်းများ၊ အဆက်အသွယ် အားလုံးကို သူနှင့်အတူ ခေါ်ယူသွားသည်မို့၊ ယဲ့အုပ်စု၏ တစ်ဝက်လောက် ပါသွားသလို ရှိသည်။

ထောက်ပံ့သူများ၊ ဖြန့်ချီသူများ ယဲ့အုပ်စုကို အဆက်အသွယ် ပြတ်စဲလာကြရုံမက၊ ဇျန်းရှိယုန် ဘက်မှလည်း ထိုလူများကို သွေးထိုးပေးနေခဲ့သည်။ သူတို့ ကိုယ်တိုင်ကလည်း ဒီလို ပြိုလဲတော့မည့် ကုမဏီမှ ကင်းလွတ်ချင်နေ ကြသည်။

ကုမဏီက ပြိုလဲလု ဖြစ်နေလေပြီ၊ ယဲ့အိမ်မှ စတုတ္ထသားဖြစ်သူ အနေနဲ့ သူ့ရဲ့ ဝံ့ကြွားမှု၊ မာန်မာနများကို လုံးဝ လွှတ်ချထားလိုက်ရပြီ၊ ယခုလက်ရှိမှာ သူ့ရဲ့ နေ့ရက်တွေကို ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေခြင်းဖြင့်သာ ကုန်ဆုံးနေစေရသည်။

ယဲ့အုပ်စုက ကြီးမားလှသည် ဖြစ်သော်လည်း ယခုလို အခက်အခဲနှင့် တွေ့ကြုံရချိန်မှာတော့ လူတိုင်းက မကူညီနိုင်ကြောင်း ပြောလာကြသည်၊ နစ်နေသည့် သင်္ဘောတစ်စီးအတွက်တော့ သူတို့၏ အရင်းအနှီးငွေများ သုံးဖို့ရာ ငြင်းဆန်ကြကုန်ပြီ ဖြစ်သည်။ ယဲ့ဇီရှောက်နှင့် ဆက်ဆံရေး ကောင်းခဲ့သည့် ဘဏ်များ၊ ယခင်က ချေးငွေများ ချေးပေးနေသူများပင်လျှင်၊ ယဲ့ဇီရှောက်ကို ပြောလာကြသည်၊ သူက ကုမဏီကို များမကြာမီအတွင်း စတော့ဈေးများ တည်ငြိမ်လာအောင် လုပ်နိုင်မည့်သူ မဟုတ်ပါတဲ့လေ..

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now