Chapter - 49

2.4K 248 5
                                    

Chapter – 49

(TW Note:ကိုယ် အရင် ယူရေးနေတဲ့ အင်္ဂလိပ် ဘာသာပြန်ပြီးသားတွေထဲမှာ ဒီ အခန်း ၄၉ ရော၊ အပို အခန်းပါ မပါပါဘူး။ wattpad ထဲက ဘာသာပြန်ကို ယူရေးထားတာမို့ အာဘော်နည်းနည်း ကွဲလွဲနိုင်ပါတယ်။)

!! Warning!! PG-13

"ကိုယ် ဆေးလိပ်သောက်တာက သတ္တိမွေးချင်လို့ပါ.."

စကားဆုံးသည်နှင့် သူ့စိတ်ထဲ စိတ်လှုပ်ရှားမှုများ ခံစားနေရသည် ဆိုသော်လည်း ရွှီရွှီကိုတော့ တည်ငြိမ်အေးဆေးစွာ ကြည့်နေမိသည်။

အစပိုင်းမှာတော့ ရွှီရွှီလည်း မည်သို့ တုံ့ပြန်ရမည်မသိ -သူက ဘာအတွက် သတ္တိမွေးဖို့ လိုရတာလဲ၊ နောက်တော့ ရုတ်ချည်းဆိုသလို အခြေအနေတစ်ခုကို မှန်းဆမိလိုက်တော့ .. မျက်လုံးပင့်ကာ ကျီပိုင်ထံ လှမ်းကြည့်မိရသည်။

ထိုလူကတော့ အေးအေးသက်သာ ခြေဆန့်ရင်း ဆိုဖာပေါ်မှာပင် ထိုင်နေလေပြီ။ လက်တွေကို ဆိုဖာနောက်ဘက်ပေါ် တင်ထားပုံက ဆိုဖာ၏ နေရာတစ်ဝက်လောက် ယူထားသလိုပင်။ သူ့ရဲ့ နက်မှောင်နေသည့် မျက်ဝန်းများက မိမိကိုသာ တိတ်ဆိတ်စွာ လိုက်ကြည့်နေပြီး အကျပ်ကိုင်လိုသော အရိပ်အယောင်များ ရှိနေသည်။

ဒီညအတွက် ဖြစ်နိုင်ချေတွေကို မှန်းဆပြီး ဖြစ်သော်လည်း၊ တကယ့် အခိုက်အတန့်ကို ရောက်လာချိန်မှာတော့ သူ ကြောက်မိသည်။ နီမြန်းသည့် မျက်နှာကို လွှဲကာဖြင့်..

"ကျမ ရေ တစ်ခွက် ယူပေးမယ်။"

ခက်ခက်ခဲခဲ ပြောလိုက်ရသည့် စကားတို့ မဆုံးခင် ကျီပိုင်ရဲ့ လက်တွေက သူ့ကို ပေါင်ပေါ် ဆွဲယူလိုက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"ဘယ်ရေကို ယူမှာလဲ.." ကျီပိုင်ရဲ့ လက်တွေက သူ့ရဲ့ မေးဖျားလေးကို အသာ ဖျစ်ကာ နမ်းဖို့ ခေါင်းငုံ့လာသည်။

ညက ပိုမို တိတ်ဆိတ်လာသည်။ အိမ်နီးချင်း အများစုမှာ အိပ်ရာဝင်ပြီး ဖြစ်နေကြပေတော့မည်၊ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦများတွင် မီးပွင့် အနည်းငယ်သာ တွေ့မြင်ရတော့သည်။ သောက်ထားသည့် ဝိုင် များကြောင့် ကျီပိုင်မှာ နုံးခွေချင်နေသည်။ ထို့ကြောင့် ရွှီရွှီကို ရင်ခွင်ထဲ ထားကာ ဆိုဖာပေါ် သက်တောင့်သက်သာ ထိုင်နေမိသည်။ သူ့ လက်တွေက ရွှီရွှီရဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းတလျှောက် လှုပ်ရှားနေစဉ်၊ နှုတ်ခမ်းတွေ၊ လျှာဖျားတွေက ရွှီရွှီကို စူးစမ်း အလုပ်များနေလေပြီ။ သူ့ရင်ဘတ်ပေါ် တင်ထားတဲ့ ရွှီရွှီရဲ့ လက်ဖျားလေးကို ဆုပ်ကိုင်ကာ တဖြည်းဖြည်းချင်း အောက်ဘက်သို့ ဆွဲယူလာသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now