Chapter - 48

2.2K 246 8
                                    

Chapter – 48

လင်းမြို့မှာ လေယာဉ်ဆိုက်ချိန်က ညနေပင် စောင်းနေပေပြီ။ နေဝင်ပြီးပြီမို့ နေရာအားလုံးက မဲမှောင်နေချိန်မှာ မျှော်စင်မှ အလင်းရောင် လက်လာပုံက ကျောက်မျက်ရတနာ တစ်ခုလိုပင်..

ထိုနေရာမှာ သူတို့ကို စောင့်ကြိုနေကြသည့် လူတစ်စုလည်း ရှိနေသည်။ ကျီပိုင်နှင့် ဒါရိုက်တာ စွင့်တို့ ပြည်နယ်အုပ်ချုပ်ရေးမှုးကို နှုတ်ဆက်ကြချိန် သတင်းထောက်များ၏ ကင်မရာများမှ မီးများ တဖျတ်ဖျတ် လက်လာကြသည်။

အုပ်ချုပ်ရေးမှုး အနားရှိ လူငယ်တစ်ယောက်ကို တွေ့ရချိန်တွင် ကျီပိုင် မအံ့သြမိတော့။ သူက ပြုံးပြလိုက်ကာ..

"အတွင်းရေးမှုး ဟွား" အတွင်းရေးမှုးဟွား ကလည်း ပြန်ပြုံးပြကာ ပြောလာသည်။

"မင်းရဲ့ အစ်ကိုက မင်းက စိုးရိမ်နေတယ်၊ ဒါကြောင့် ငါ့ကို လွှတ်ပြီး လာကြည့်ခိုင်းထားတာ။ အကုန် အဆင်ပြေရဲ့လား"

ကျီပိုင်က ခေါင်းညိတ်လိုက်သည်။

"အရာအားလုံး ချောချောမွေ့မွေ့ပါပဲ"

အနီးတွင် ရပ်နေသည့် အုပ်ချုပ်ရေးမှုးကတော့ ရယ်ကာမောကာဖြင့်..

"ကျီပိုင်က ငါတို့ ပြည်သူ့လုံခြုံရေးဌာနအတွက်တော့ စံပြ ပဲ။ သူသာ ဝင်ပါလာရင် ဘယ်လို တရားခံမှ သူ့လက်ထဲမှ မလွတ်နိုင်ဘူး။ ဒါရိုက်တာကျီ စိတ်အေးအေးထားလို့ရပါတယ်။"

ရွှီရွှီမှာ နောက်ဆုံးမှ ဆင်းလာသူမို့ တ.ဟူ ၊ ကျောင်းဟန် နှင့် လင်းမြို့ ရဲဌာနမှ ကြိုဆိုသူများနှင့် နောက်ဆုံးမှ တွေ့ဆုံရသည်။ သူတို့မှာ ရွှီရွှီ အနား မရောက်နိုင်သည်မို့ အဝေးမှသာ လှမ်း၍ မေးရသည်။

"မင်း အဆင်ပြေရဲ့လား။ ငါတို့ သတင်းရထားတာ ဓါးစာခံအဖြစ် အဖမ်းခံရတယ်ဆို။ ထိခိုက်သွားသေးလား။ "

ရွီှရွှီကတော့ သူတို့ရဲ့ စိုးရိမ်ပူပန်ပေးမှုကြောင့် ရင်ထဲနွေးထွေးကာ မေးခွန်းတိုင်းကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးနေတော့သည်။

သူတို့ မေးလို့ ပြီးတော့မှသာ ကျီပိုင်နှင့် ကျန်လူများဘက် လှည့်ကြည့်လာကြသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now