Chapter - 6

2.4K 323 0
                                    

Chapter (6)

ဒီတစ်ပတ် ပိတ်ရက်ထဲ လင်းမြို့တော်မှာ နေက တောက်ပစွာ သာနေခဲ့သည်။ နွေးထွေးတဲ့ နွေဦးလေညှင်းလေးတွေက မြို့တော်ထဲ ဖြတ်သန်းတိုက်ခတ်သွားပုံက နေရာတိုင်း ကို တစ်လက်မ မကျန် နွေးလာအောင် သူ မစောင့်နိုင်တော့သလိုပင်။

သို့ပေမဲ့ ကျင်းမြို့တော် ရာဇဝတ်မှုဆိုင်ရာ ရဲဌာနမှ လူများကတော့ ဒီလို လှပတဲ့ နွေဦးလေညှင်းနဲ့ ကြည်နူးဖို့ရာ အလုပ်များလွန်းနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဇီရှီ အမှုလိုမျိုး နောက်ထပ် ဓါးရှမှု နှစ်ခု ထပ်ဖြစ်တာကြောင့်ပင်။ မြို့တော်ထဲက ရာဇဝတ်မှုဆိုင်ရာ ရဲဌာနက ယခုလက်ရှိမှာ အဲ့ဒီ အမှု ၄ ခုကို ဦးဆောင် စစ်ဆေးနေကြပြီ ဖြစ်သည်။

ပိုအရေးကြီးရတဲ့ အကြောင်းက ယဲ့ဇီရှီ မှလွဲ၍ တခြား ထိခိုက်သူများမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရခြင်းမျိုး မရှိနေ။ သူတို့ထဲက တစ်ယောက်ဆိုလျှင် လက်မှာ ပြတ်ရှရာ သေးသေးလေးပဲ ရသွားသည်မို့ သူက ရဲကိုတောင် အကြောင်းမကြားခဲ့။ ရဲတွေက ပန်းခြံထဲရှိ လူတိုင်းကို ခေါ်မေးခဲ့လို့သာ မဟုတ်လျှင် သူတို့ သိတောင်သိရမည် မဟုတ်။ နောက်ထပ်ကတော့ ဒီလို ဆက်တိုက်ကျူးလွန်မှုရဲ့ ရလဒ်က ကြီးကြီးမားမား ထိခိုက်တာ မရှိနေလို့ပင်။ ဒါကြောင့်ပဲ အပြင်မှာတော့ ပြည်သူတွေကို ထိတ်လန့်စေတာမျိုး မရှိစေခဲ့။

ဒါပေမဲ့လည်း ရဲဌာနကတော့ ဒီကိစ္စကို အရေးကြီးကိစ္စအဖြစ် မှတ်ယူသည်။ စခန်းမှုးကလည်း ပြစ်မှုကျူးလွန်နိုင်သည့် လမ်းကြောင်းအတွင်းရှိ ပန်းခြံများရဲ့ ဝန်းကျင်မှာ ရဲအင်အား ထပ်တိုးပြီး ချထားဖို့ အရေးပေး တောင်းဆိုခဲ့သည်။

သို့သော် နှစ်ရက်သာ ကုန်ဆုံးသွားသည်၊ ဘာမှ ထပ်မတွေ့ကြ။ ဒါဟာ ပြစ်မှုကျူးလွန်သူက နောက်ကွယ်မှာ ဘယ်လို သဲလွန်စမျိုးမှ ချန်ထားခဲ့ခြင်း မရှိလို့ချည်းပဲတော့ မဟုတ်၊ မြေကြီးထဲ ဓါးသွားများ မြှုပ်နှံထားခြင်းကိုပါ ရပ်ပစ်လိုက်တာကြောင့် ဖြစ်သည်။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာတော့ ရွှီရွှီတစ်ယောက် ရဲဌာနရဲ့ အစည်းအဝေးခန်းထဲ ထိုင်နေမိသည်။ ဝှိုက်ဘုတ်ပေါ်မှာ ဖြန့်တင်ထားတဲ့ ဓါတ်ပုံတွေကို စိုက်ကြည့်ရင်း မျက်မှောင်ကုပ်ကာ အတွေးထဲ နစ်နေမိသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now