Chapter - 54 (A)

1.8K 213 2
                                    

Chapter – 54 (A)

မစ္စက်ကျီက ရွှီရွှီကို ခပ်စိမ်းစိမ်း တစ်ချက်ကြည့်ကာ ပြုံးပြလာသည်။

"မင်း စကား အများကြီး ပြောသွားတာပဲ။ ဒါတွေ အကုန်လုံးက မင်းကို ငါ က အသိအမှတ် ပြုပေးဖို့ပေါ့လေ။"

ရွှီရွှီက အကြောင်သား ကြည့်နေမိသည်။

"ရွှီရွှီ .. ငါ မင်းနဲ့ စကား မပြောချင်ဘူး၊ ဒါပေမဲ့ မင်းကိုယ်မင်း သိပ် အဟုတ်ကြီး ထင်လွန်းနေတယ်။ ဒီအကြောင်း ငါတို့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ပြီ ဆိုတော့လည်း .. အင်းပါလေ .. မင်းက တော်ကောင်း တော်ပါလိမ့်မယ်။ ဒါပေမဲ့ ငါ့ စံနှုန်းကို မမီသေးဘူး။ ရုပ်ရည်-မလှဘူး၊ ပညာရေးက သာမန်ပဲ။ မင်းရဲ့ မိသားစုကလည်း သာမန်ထဲက ဖြစ်နေတော့ .. ငါတို့ ကျီပိုင်ကို ဘယ်လို အထောက်အကူမှ ပေးနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး မင်းက ရဲမေ တစ်ယောက်၊ အလုပ်က အန္တရာယ်များသလို၊ အလုပ်လည်း များမယ်။ ဒါနဲ့များ မိသားစုတစ်ခုကို နောင်မှာ ဘယ်လိုများ စောင့်ရှောက်ပေးမှာတဲ့လဲ။ အမေတစ်ယောက် အနေနဲ့ ငါ့အတွေးကတော့ မင်းက ငါ့သားနဲ့ မလိုက်ဖက်ဘူး၊ ငါ မင်းကို မကြိုက်ဘူး။ မင်း ကျီပိုင်နဲ့ တွဲနေတာကိုတော့ ငါ တားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ သဘောထားကတော့ ရှင်းရှင်းလေး .. ငါ မင်းကို လက်ခံမှာ မဟုတ်ဘူး ဆိုတာပဲ။"

-

ကျီပိုင်က သူ့မိခင်နှင့် ဘယ်လို ညှိယူရမလဲ ဆိုသည့်နေရာမှာ ကျွမ်းကျင်ပြီးသား ဖြစ်သည်။ သူ ပထမဆုံး စဉ်းစားမိသည်က အတားအဆီးတွေကို အရင်ချပြီးမှ ရွှီရွှီကို ကာကွယ်ပေးဖို့ နည်းလမ်းတွေ စဉ်းစားမည်ဟုပင်။

သို့ပေမဲ့ ရွှီရွှီက အဲ့လို မတွေး..

သူ ကျီမိသားစုရဲ့ ထောက်ခံမှုကို ရနိုင်ဖို့ လွယ်ကူသည့် နည်းလမ်းများ သုံးဖို့ တွေးထားပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထောက်ခံမှုဟု မဆိုလို၊ တစ်မိသားစုလုံး၏ လက်ခံမှုကို ရလိုတာ ဖြစ်သည်။

အခု သူ့အနေဖြင့် ရလာသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး မစ္စက်ကျီနှင့် စကားပြောဆိုနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေမိတာပင်။ အကယ်၍ အဆင်ပြေမည် ဆိုပါက ကျီပိုင်အတွက်လည်း အခက်တွေ့နေတော့မည် မဟုတ်သလို၊ လူတိုင်းအတွက်လည်း စိတ်သက်သာရာ ရနိုင်ပေမည်။ အဆင်မပြေပါကလည်း မိမိအနေဖြင့် ဘယ်လို နောက်ဆက်တွဲဆုံးရှုံးမှုမျိုးမှ ရလာစရာ မရှိ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now