Chapter - 8

2.2K 299 0
                                    


Chapter (8)

ပေကျင်းမှာတော့ နွေဦးရာသီရယ်ပါ။ ကောင်းကင် တခွင်မှာတော့ မီးခိုး ရောင် အလွှာပါးတစ်ခုက လိုက်ကာသဖွယ် ဖုံးလွှမ်း၍နေသည်။

ကျီပိုင်က သူ့ခြံဝန်းထဲမှာ အဖြူရောင် ထိုင်ခုံရှည်ပေါ် သက်တောင့်သက်သာ ထိုင်နေလေသည်။ ဘေးနားမှာ ရေနွေးအိုးတစ်အိုးနှင့် သူ့အရှေ့မှာတော့ ရေကူးကန်တစ်ကန် ရှိနေ၏။ ရေကန်ရဲ့ ဘေးတဝိုက်ရှိ မက်မွန်ပင်များမှာ မက်မွန်ပန်းများ ပွင့်လန်းနေပြီး၊ ပွင့်ချပ်လေးများက မြေပြင်အနှံ့ကြွေကျ ပြန့်ကျဲနေကာ ရနံ့သင်းသင်း ရနေ၏။

သူက ရေနွေးကို တစ်ငုံသောက်လိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့နားထဲမှာတော့ ရွှီရွှီရဲ့ အသံသာ ကြားနေရသည်။ သည်မိန်းကလေးရဲ့ အသံက ရေလို ကြည်လင်၊တည်ငြိမ်နေပြီး ည ကိုတောင် ပိုပြီး တိတ်ဆိတ်အောင် လုပ်နေသလို ရှိသည်။

ရွှီရွှီ့ ဘက်မှာတော့ ကျီပိုင်ရဲ့ စကားလုံးတွေက ကိုယ်ကိုယ်တိုင်ရဲ့ ရင်ထဲ နက်နက်ရှိုင်းရှိုင်းနေရာမှ ဆန္ဒကို ထုတ်ပြလိုက်သလို ရှိသည်။ " ငါ မင်းကို ၂ မိနစ် အချိန်ပေးမယ်"

ရွှီရွှီက အသက်ပြင်းပြင်း တစ်ချက်ရှုရှိုက်လိုက်ပြီးမှ ဖြေလိုက်သည်။ "အိုကေ"

နောက်တော့ တကယ့်တိုက်ပွဲနဲ့ ရင်မဆိုင်ရခင် ၊ ရင်ဆိုင်ရမည့် အစီအစဉ်များလို သူ့စိတ်ထဲ ရုတ်ချည်း ထွက်ပေါ်လာကြသည်။

" ပထမတစ်ခုက ဆယ်စုနှစ်အတွင်း ပြည်သူ့လုံခြုံရေး အခြေပြဇယားအရ တရုတ်ပြည်ရဲ့ ပြစ်မှုကျူးလွန်သူတွေထဲမှာ ၉၈၉ ယောက်က ယောကျ်ားလေးတွေ၊ အဲ့ဒီအထဲက ၉၆၆ ယောက်က အခြေခံပညာ အထက်တန်းအဆင့်နဲ့ အဲ့ဒီအောက် နိမ့်တဲ့ ပညာရေး ရှိတဲ့သူတွေ။ ဒါကြောင့် ပြစ်မှုကျူးလွန်သူဟာ ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ပညာရေးနိမ့်ပါးတဲ့သူ ဖြစ်မယ်လို့ ခန့်မှန်းနိုင်တယ်"

" အင်း " ကျီပိုင်က ခေါင်းကို နည်းနည်းငုံ့ပြီး စီးကရက်ကို မီးညှိလိုက်သည်။ "ဆက်ပြော "

" ဒုတိယက ကျူးလွန်သူရဲ့ ဦးတည်ချက်က အရမ်း ရှင်းတယ် .. တကယ်လို့ သူသာ သာမန်ပြည်သူတွေကို လက်စားချေချင်တယ်ဆိုရင် ၊ ဒါဆို ဒီအနီးနားမှာတင် ဧည့်သည် အလာများတဲ့ ပန်းခြံကြီး ၃ ခု ရှိနေတာပဲ။ သူသာ အဲ့ဒီ ပန်းခြံတွေမှာ ပြစ်မှု ကျူးလွန်မယ်ဆိုရင် ဒါဆို ကျမတို့ သူ့နောက် သဲလွန်စ လိုက်ရှာဖို့ ပိုခက်သွားမှာ။ ဒါပေမဲ့ တရားခံက အဲ့ဒီ ပန်းခြံတွေကို မရွေးခဲ့ဘူး။ အဲ့ဒီအစား စွန့်စားမှု ပိုများတဲ့ ၊ CBD နား နီးတဲ့ ပန်းခြံလေးတွေကိုပဲ ရွေးခဲ့တယ်။"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now