Chapter - 9

2.2K 320 23
                                    

Chapter (9)

ညက ပိုမှောင်လာချိန်မှာ လေပြည်လေညှင်းလေးတွေက ပြတင်းပေါက်မှ ဖြတ်ဝင်လာသည်။ ပန်းခြံ ထဲရှိ ရုံးခန်းက အရမ်းတိတ်ဆိတ်နေပြီး ဖွင့်ထားတဲ့ တီဗီမှ အသံသဲ့သဲ့သာ ကြားနေရသည်။

အပြန်အလှန် ကြည့်မိနေကြတဲ့ လူလေးယောက်ကတော့ ခဏတာမျှ နှုတ်ဆိတ်နေကြသည်။

လူငယ်ရဲ့ မျက်နှာမှာလည်း မင်သက်နေတဲ့ အသွင် ရှိနေ၏။

တစ်ချက် ကြည့်ရုံနဲ့ လုံခြုံရေး အကြီးအကဲရဲ့ လူမမာလို ဖြူရော်နေတဲ့ မျက်နှာကို မြင်လိုက်ရပြီ။ ကျောင်းဟန်ရဲ့ ခါးမှ သေနတ်ကို အကြည့်ရောက်သွားချိန်မှာ သူ့မျက်နှာက ဇဝေဇဝါ ဖြစ်လာပြီး၊ ဒေါသ၊ ထိတ်လန့်မှုနှင့် မိမိဘာသာ ယုံကြည်နေမှုတို့ ပေါင်းစပ်ထားတဲ့ အကြည့်မျိုး၊ နောက်တော့ ရက်စက်တတ်သော အကြည့်မျိုးသို့ ပြောင်းလဲလာသည်။

ဒါတွေကြောင့် ကျောင်းဟန်တောင်မှ ဒီလူဆိုတာ သေချာပြီဆိုတာမျိုး ဖြစ်လာတော့သည်။

သို့ပေမဲ့ ယန်ယွီရဲ့ လှုပ်ရှားမှုက မြန်သည်။ သူက ချာခနဲလှည့်ပြီး တံခါးအပြင်ဘက်ကို လျှင်မြန်စွာ ပြေးထွက်သွားသည်။

" ရပ်လိုက် " ကျောင်းဟန်က ဒေါသတကြီးအော်ရင်း သူ့နောက် လိုက်ဖမ်း၏။

အပြင်ဘက် စြင်္ကံလမ်း တစ်လျှောက် ဝေးသွားတဲ့ ခြေသံများကို ကြားနေရ၏။ အကြီးအကဲတင်းက ဘာလုပ်ရမှန်းမသိ ကြောင်.အ.နေချိန်မှာ၊ ရွှီရွှီက သူတို့ ပြေးထွက်သွားတဲ့ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ နောက်တော့ အကြီးအကဲတင်း ဘက်ကို ပြန်လှည့်ကြည့်ကာ-

"ချက်ချင်းပဲ ကိုယ့်လူတွေကို ပန်းခြံထွက်ပေါက်တွေဆီမှာ စောင့်ဖို့ အသိပေးထားပါ။ အဲ့ဒီလူတွေ သူ့ကို တွေ့ရင် အနား သိပ်မကပ်သွားနဲ့၊ ဘယ်မှာ ရှိနေတယ် ဆိုတာပဲ ပြန် အသိပေးခိုင်းပါ၊ သူ့လက်ထဲမှာ ဓါးတစ်ချောင်း ရှိနေတဲ့အတွက် သတိထားခိုင်းပါ။"

အကြီးအကဲတင်းမှာ စကားတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းဖြစ်အောင် အချိန်ယူပြောလာတဲ့ ရွှီရွှီရဲ့ စကားကို ကြားတော့မှ ရုတ်တရက်ဆိုသလို ပြန်တည်ငြိမ်လာပြီး၊ ချက်ချင်းပဲ ဝေါ်ကီ-တော်ကီကို လှမ်းယူကာ သူ့လူတွေကို အမိန့်ပေး အော်ဟစ်လိုက်သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now