Chapter - 30

2.5K 299 4
                                    

Chapter (30)

မြို့ထဲမှာတော့ မကြာမီပင် မှောင်ရိပ်သန်းလာတော့မည်မို့ ရွှီကျွမ်း ထိုင်နေသည့် စားသောက်ဆိုင်က မီးပွင့်လေးများ ထွန်းညှိလာ၏။ ခဏနေတော့ ရွှီရွှီက ဖိနပ်ဗူးတစ်ခုကို ကိုင်ကာ နားမှာ နားကြပ်ကြိုးအဖြူရောင် တပ်လျက်သားဖြင့် သူ့နားသို့ လျှောက်လာနေလေသည်။

သည်မိန်းကလေးကြည့်ရတာ ဒီနေ့တော့ စိတ်ကြည်နေပုံပဲ။

သူတို့ စားသောက်ပြီးနောက် ရွှီကျွမ်းက မေးလာသည်။

"ညီမလေး သဘောကျနေတဲ့သူက ဘယ်သူများလဲ" ရွှီရွှီက ပြီးခဲ့တဲ့ အခေါက်က စကားတစ်ခွန်းသာ ပြောခဲ့ပြီး တခြား ထပ်မဆိုလာခဲ့ဘူးလေ။

"ကျမတို့ အဆင့် တစ်ခု ရောက်သွားရင်တော့ အစ်ကို့ကို ပြောပြမှာပါ" ရွှီရွှီရဲ့ ယူဆချက်အရတော့ မိမိဘက်မှ သေချာတဲ့ အခြေအနေတောင် မရှိသေးဘဲ ဒီလို ကိစ္စကြီးကို ထုတ်ပြဖို့ မလိုသေး ဟုပင်။

ရွှီကျွမ်းက သူ့ကို တစ်ချက် ကြည့်လာပြီး ပြုံးနေသည်။

"အပွင့်လင်းဆုံး ပြောရရင် အစ်ကိုတော့ ညီမလေး အလုပ်ကလူနဲ့ တွဲမှာကို သဘောမတူချင်ဘူး။ ရဲဝန်ထမ်းနဲ့ သင့်တော်တာ ၊ မသင့်တော်တာ ဆိုတဲ့အကြောင်းက နောက်မှ ပြောမယ်။ အကြီးဆုံး ပြသနာက ရုံးကလူနဲ့ တွဲရင် ညီမတို့ အမြဲလိုလို မြင်တွေ့နေကြရတော့မှာ။ အဲ့ဒီအချက်က နောင်မှာ နှစ်ယောက်လုံးအတွက် အနေရခက်စရာတွေ ဖြစ်လာမယ်"

ရွှီရွှီက နားလည်စွာ ခေါင်းညိတ်သည်။

"ကျမ ဒါကို တွေးမိပြီးသားပါ။ သူက ညီမကို လက်မခံခင်တော့ အလုပ်က လူတွေကို ပေးမသိစေရပါဘူး" စကားပြောနေရင်း ခဏတန့်သွားသည်။ "ကျမရဲ့ ရည်ရွယ်ချက်ကိုလည်း သူ့ကို လွယ်လင့်တကူတော့ မသိစေရပါဘူး"

ညီမဖြစ်သူရဲ့ စကားကို ကြားရတော့ ရွှီကျွမ်းရဲ့ ရင်ထဲက နာလာသည်။ ခဏတာမျှ နှုတ်ဆိတ်နေပြီးမှ သူ မေးမိ၏။

"ညီမလေးမှာ အစီအစဉ်ဆွဲထားတာ ရှိနေလို့လား။ အစ်ကို က သင်ပေးမယ်ဆိုရင်ရော.."

ရွှီရွှီက ဇွန်းကို ချထားလိုက်ကာ ခေါင်းညိတ်သည်။

"ညီမကို အကြံ ပေးပါဦး" ရွှီကျွမ်းရဲ့ နေထိုင်မှု ပုံစံကို သိပ်တော့ သဘောအကျကြီး မဟုတ်သော်လည်း၊ ယောကျ်ားနှင့် မိန်းမကြားက အချစ်ရေးနှင့် ပတ်သတ်လာရင်တော့ သူက မိမိထက် ပိုပြီး အတွေ့အကြုံ ရှိနေတာကတော့ အမှန်ပဲလေ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now