Chapter - 59 (A)

1.6K 191 2
                                    


Chapter – 59 (A)

အချိန်က ညသန်းခေါင်ပင် တိုင်ပြီမို့၊ အပြင်ဘက် ကောင်းကင်မှာ မှောင်နေပြီဖြစ်ကာ အုပ်မှိုင်းပျ နေ၏။ သို့ပေမဲ့လည်း မှုခင်းရဲတပ်ဖွဲ့၏ ရုံးခန်းမှာတော့ နေ့ခင်းအလား လင်းထိန်နေသည်။

ကျီပိုင်၊ ရွှီရွှီ နှင့် ကျန်သူများ အားလုံး စစ်ကြောရေးအခန်းထဲ ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်နေသော လင်ချင်းယန်ကို တစ်ဖက်ခန်းမှနေ၍ ကြည့်နေမိကြသည်။

အနောက်တိုင်း ဝတ်စုံပြည့် ဝတ်ထားပေမဲ့ လည်စီးတော့ မပါ။ သူ့ အကျီလည်ပင်းကြယ်သီးကို လျော့ထားပုံက သူ့အသွင်ကို ပို၍ပင် ပေါ့ပေါ့ပါးပါး ဖြစ်နေစေသည်။ သူ့မျက်နှာထက်တွင် စိတ်ခံစားချက်တို့ မပေါ်လွင်နေသော်လည်း၊ မျက်မှောင်အနည်းငယ် တွန့်နေသလို ၊ အေးစက်စက် အကြည့်တို့ ရှိနေသည်။

ကျောင်းဟန်က လက်ထဲ စာရွက်တစ်ထပ် ကိုင်ကာ တဖက်ခန်းဘက် လျှောက်သွားလိုက်သည်။

"ကပ္ပတိန် .. ဟောင်ကောင်ဘက်က လင်ချင်းယန်ရဲ့ ကုမဏီ အချက်အလက်တွေ ရလာပါပြီ။ သူ့ ကုမဏီနဲ့ ဖုန်းယဲ့ ရဲ့ ကုမဏီ ကြားမှ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာချုပ် ချုပ်ဆိုမှု တွေ ရှိခဲ့ပါတယ်။ ဒီတော့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိကြတာ ကျိန်းသေတယ်။"

အကုန်လုံးပင် တက်ကြွလှုပ်ရှားလာကြသည်၊ သူတို့ နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် သိသည် ဆိုမှတော့၊ လင်ချင်းယန်က ဖုန်းယဲ့ကို တုပ တာ ဖြစ်နိုင်သည်ပဲလေ။

ကျီပိုင်က ထို စာရွက်ထပ်ကို ယူကာ သေသေချာချာ ဖတ်ကြည့်လိုက်၏။ နောက်တော့ ဦးလေးဝူကို မျက်လုံးဖြင့် အချက်ပြကာ နှစ်ယောက်သား စစ်ကြောရေး ခန်းထဲသို့ ဝင်သွားလိုက်သည်။

လင်ချင်းယန်က အသံကြားတော့ မော့ကြည့်လာသည်။ အစောပိုင်းမှာ ကျီပိုင်ကို မိတ်ဆွေတစ်ယောက် အဖြစ် မှတ်ယူထားသည်မို့၊ အခုလို အခြေအနေ ဖြစ်လာတော့ ကျီပိုင်ကို စကားမပြောဘဲ စိုက်၍သာ ကြည့်နေ၏။

ကျီပိုင် သူ့ကို နှုတ်ဆက်လိုက်သည်။

"ဟယ်လို. . မစ္စတာလင် ၊ အနှောက်အယှက်ပေးရတာ စိတ်မရှိပါနဲ့ဗျာ၊ ဒါပေမဲ့ ခင်ဗျားကို ကျတော်တို့ ရဲစခန်းကို ခေါ်လာတယ် ဆိုတာက ကျတော်တို့ရဲ့ စုံစမ်းရေးမှာ အထောက်အပံ့ ဖြစ်အောင်လို့ပါ။"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now