Chapter - 52

2.2K 218 2
                                    

Chapter – 52

လေးလ ကြာပြီးချိန်...

ဆောင်းဦးက နွေရာသီကို အနိုင်ယူလာပြီးနောက်..

လင်းမြို့မှာတော့ မြူပါးပါး လွှမ်းခြုံနေသဖြင့် .. မြို့တစ်ခုလုံးကို အေးမြမြ ခံစားမှုနှင့် လန်းဆန်းမှု .. စိမ်းလန်းမှုတို့ကို ဖြစ်ပေါ်နေစေသည်။

ကောင်းကင်ယံမှာ လပြည့်ဝန်းကြီး၏ လင်းပမှုတို့ ရှိနေသော ထိုည..

ဆောင်းဦးရာသီ၏ အငွေ့အသက်များ အားကောင်းလျက်ရှိနေစဉ်...

ရွှီရွှီက တီရှပ်ပွပွကြီး တစ်ထည်ကို လျော့ရဲရဲ ဝတ်ထားကာ လပ်တော့ပ် တစ်လုံးရှေ့ထိုင်၍ စာရိုက်နေလေသည်။ ဘေးမှာတော့ ရနံ့သင်းသင်း ရှိနေသော ကော်ဖီတစ်ခွက်၊ နားမှာလည်း နားကြပ်တပ်ဆင်လျက်သား ရှိနေသည်မို့ တစ်ယောက်ယောက် တံခါး ဖွင့်လာသံကို တစွန်းတစပင် မကြားမိ..

လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကျီပိုင်ကို ပြည်နယ်ရုံးသို့ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒီနေ့ညမှာတော့ အိမ်ကို အလောတကြီး ပြန်လာခဲ့သည်။ သူ ထင်ထားသည်က .. အကောင်ပေါက်လေးတစ်ယောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေတော့မည်ဟု .. သို့ပေမဲ့ မထင်မှတ်ထားစွာပင် ထိုမိန်းကလေးက မိမိ မရှိနေသည့်အခိုက်မှာတောင် သူ့တစ်ယောက်တည်း ပျော်ရွှင်ကျေနပ်နေသည်ကို တွေ့မြင်နေရသည်။

ခရီးဆောင်အိတ်ကို အသာချထားပြီး .. ခြေသံဖွနင်းကာ လျှောက်သွားလိုက်သည်။ မိန်းကလေး ဝတ်ဆင်ထားသည်က မိမိရဲ့ တီရှပ်အကျီ ၊ သူ့တစ်ကိုယ်လုံးကိုတော့ လုံနေစေသည်ဆိုပေမဲ့ ပိုးသားလို ချောမွေ့နေတဲ့ ဖြူလွလွ ခြေတံသွယ်တွေတော့ ပေါ်နေသေးသည်။ ကျီပိုင် ရဲ့ ကိုယ်က ကိုင်းညွတ်သွားကာ မိန်းကလေးကို ထိုင်ခုံမှ ပွေ့ယူလိုက်သည်။

"ချစ်သည်းလေး "

ရွှီရွှီမှာ စာရိုက်တဲ့ဆီမှာသာ အာရုံစိုက်ထားသည်မို့ အစပိုင်းမှာ လန့်ပြီး တုန်သွားသေးသည်၊ နောက်မှ ရင်းနှီးနေပြီးသား ဖြစ်တဲ့ နွေးထွေးမှုနှင့် အငွေ့အသက်ကို ရလိုက်တော့မှ ခပ်မြန်မြန် ပြန်ပြုံးပြလာသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now