Chapter - 4

2.3K 330 0
                                    

Chapter (4)

အမျိုးသမီးက ထိတ်လန့်ကာ သွေးဆုတ်နေပြီး ဒဏ်ရာရတဲ့ လက်ကို အမြန် ဖိထား၏။ အဲ့လို ဖိထားသော်လည်း သွေးများက ဆက်စီးထွက်နေဆဲ။ အမျိုးသားဖြစ်သူက လန့်နေရာမှ သတိ ပြန်ကပ်လာချိန်မှာတော့ ချက်ချင်းပဲ ဒဏ်ရာရနေတဲ့နေရာကို လက်တစ်ဖက်ဖြင့် ကူဖိပေးလာပြီး ကျန်လက်တစ်ဖက်ဖြင့် အရေးပေါ်နံပါတ် ၁၂၀ ကို ဆက်သွယ်၏။

" ဖန်းထင်း ပန်းခြံထဲမှာ ၊ ကျတော့်မိတ်ဆွေရဲ့ လက်မှာ ပြတ်ရှဒဏ်ရာ ရလို့ပါ။"

" ဘေးဖယ်နေလိုက်" ရွှီရွှီက သူတို့နောက်ကို ရောက်လာပြီး ချက်ချင်းပဲ မိမိ ဘယ်သူဖြစ်ကြောင်း ပြောပြလိုက်၏။ " ကျမက ရဲဝန်ထမ်းပဲ"

ထိုလူက မင်သက်သွားသည်၊ နောက်တော့ အမျိုးသမီးကို လက်လွှတ်ပေးလိုက်ပြီး ဘေးကို ဖယ်ပေး၏။ သို့ပေမဲ့ ရွှီရွှီကိုတော့ သံသယမကင်းစွာ စိုက်ကြည့်နေဆဲ..

ရွှီရွှီ က အသက်ပြင်းပြင်း တစ်ချက်ရှုရှိုက်လိုက်ပြီး အမျိုးသမီးရဲ့ လက်ကောက်ဝတ်နေရာကို ကိုင်ထားလိုက်သည်။ သွေးလွှတ်ကြောရဲ့ အထက်နေရာကို အားဖြင့် ဖိထားလိုက်ပုံက တိကျသေသပ်သည်။

သွေးယိုစီးမှုက တဖြည်းဖြည်းချင်း နည်းလာသည်။

အမျိုးသမီးဖြစ်သူရဲ့ စကတ်ရှည်မှာရော၊ လက်တွေမှာပါ သွေးတွေ စွန်းထင်းကုန်ပြီး၊ မျက်နှာကလည်း ဖြူရော်နေသည်။ "ကျေးဇူးတင်ပါတယ်"

ရွှီရွှီက စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်မိပြီး သူ့ကို ခေါင်းသာ ညိတ်ပြလိုက်သည်။

" အနီးဆုံး အရေးပေါ်စင်တာက ဒီကနေဆို ၁၀ မိနစ်တောင် မမောင်းရဘူး၊ ဒီတော့ အန္တရာယ် ရှိတော့မှာ မဟုတ်လောက်ပါဘူး"

သူတို့နှစ်ယောက်က စိတ်သက်သာသွားပြီး ရွှီရွှီကို ကျေးဇူးတင်စကား ဆိုကြသည်။ ရွှီရွှီက ခေါင်းဆတ်ကာ အမျိုးသမီးဖြစ်သူကို ကြည့်နေမိသည်။ " အခုက ဘယ်လိုဖြစ်ကြတာလဲ"

အမျိုးသမီးဖြစ်သူရဲ့ အသံက အားပျော့နေသော်လည်း တည်ငြိမ်နေသည်။ "မြက်ပင်တွေပေါ်မှာ တစ်ခုခု ရှိနေတယ်။ ကျမ လက်ထောက်လိုက်တာနဲ့ ဖြတ်မိသွားတော့တာပဲ"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now