Chapter - 43

2K 212 3
                                    

Chapter – 43

မိုင်းနား မြို့က မိုင်းကျမြို့၏ မြောက်ဘက်တွင် တည်ရှိပြီး ကချင်ပြည်၏ မြို့ကြီးတစ်မြို့လည်း ဖြစ်သည်။ အခုမှ စတင်စည်ကားလာသည့် မြို့ငယ်လေးများနှင့် နှိုင်းစာလျှင် မိုင်းနားမြို့က အဆောက်အဦကြီးများ၊ ကုန်ထုတ်လုပ်ငန်းများရှိနေသည့် တကယ့်မြို့ပြပင်။ ကြွယ်ဝ၊ချမ်းသာသော အိမ်များလည်း ရှိနေသည်မှာ ပြောစရာပင် မလိုတော့။

အစ်ကိုကြီးလု spa စင်တာ တစ်ခုထဲ ရှိနေစဉ်တွင် ပေါက်ကွဲမှု သတင်းရောက်လာတာ ဖြစ်သည်။

သူ့မျက်နှာဆီမှ ရုတ်ချည်းပြောင်းလဲမှုကို သတိပြုမိတဲ့ နောက်လိုက်တစ်ယောက်က နှိပ်နယ်ပေးနေတဲ့ အလှလေးကို ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။ အစ်ကိုကြီးလုက အဝတ်မပါသည့် အနေအထားဖြင့်ပင် ခပ်မြန်မြန် ထထိုင်လိုက်ချိန် သူ့ကိုယ်အနှံ့ရှိ အမာရွတ်အပြည့် ခန္ဓာကိုယ်ကို ပြသလိုက်သလို ရှိနေကာ .. အေးစက်စက်လေသံဖြင့် ဖုန်းပြောနေလေသည်။

"ဗုံးက ပေါက်ကွဲသွားတယ်၊ ဒါပေမဲ့ သူက ဘာလို့ မသေတာလဲ"

နောက်လိုက်နောက်ပါ ဖြစ်သူက ခဏတန့်သွားပြီးမှ ပြန်ဖြေပေးလာသည်။

"ကျိုးချိန်ပေါ်နားမှာ စောင့်ကြပ်ပေးနေတဲ့ တရုတ်ရဲတစ်ယောက် ရှိနေလို့ပါ။ သူက အတိုက်အခိုက်လည်း တော်တယ်၊ အခုလေးတင် လောင်းကစားရုံထဲမှာတောင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်သွားပါသေးတယ်။"

အစ်ကိုကြီးလု ကိုယ်ရှိန်သတ်သွားသည်။ ရှေ့ရက်များဆီက ကြားထားသည့် သတင်းအချို့ကို ပြန်စဉ်းစားမိတော့ တရုတ်ပြည်ဘက်မှ ရဲအရာရှိများ လေယာဉ်ဖြင့် ရောက်လာကာ၊ မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ရန်ကုန်တွင် တွေ့ဆုံကြသည်တဲ့လေ။ သို့ပေမဲ့ တရုတ်-မြန်မာ နှစ်ဖက်မှ မကြာခဏဆိုသလို နယ်စပ်အရေး ရာဇဝတ်မှုကိစ္စများကြောင့် တွေ့ဆုံနေကြသည်က သည်နှစ် အစောပိုင်းကတည်းကပင်၊ ထို့ကြောင့် ဒီသတင်းကို ကြားသိသော်လည်း စိတ်ထဲ မထည့်မိခဲ့ပေ။

သတင်း သိုသိုသိပ်သိပ် ရှိရန် အလို့ငှာ နှစ်နိုင်ငံလုံးတွင် သြဇာသက်ရောက်ပြီးဖြစ်သော အမျိုးသမီး ကြီးကြပ်ရေးမှုး တစ်ယောက်က ဒီခရီးစဉ်ကို ဦးဆောင်လာပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းများကို ဖမ်းဆီးရန် ခြေလှမ်းစနေခဲ့ပြီ။ လု ၏ ခေါင်းထဲတွင် အရင်က ကြုံခဲ့ရသည်များ တစ်ခုစီ ပြန်ပေါ်လာသည်။ တကယ်ဆို တရုတ်ရဲများ၏ ကျွမ်းကျင်မှုစွမ်းရည်ကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်မှာ မကြာသေးပေ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now