Extra - Lin Qingyan - Part One

2.2K 164 3
                                    

လင်ချင်းယန် - အပိုင်း (၁) နတ်သမီးခြွေသူ အမှု မတိုင်မီက.. (ကိုယ့်အတွေးထဲကမင်း..)

လင်ချင်းယန် ကြီးပြင်းခဲ့တဲ့ မြို့လေးက တောက်ကျန်း မြို့။ ၁၉၈၀ နှစ် အစောပိုင်းတွေမှာ မြို့လေးက ဆင်းရဲပြီး မငြိမ်မသက် ဖြစ်နေဆဲပင်။ လမ်းများပေါ်တွင် ဂိုဏ်းစတားလူမိုက်များနှင့် အပျင်းပြေ ရန်ဖြစ်နေသော ဆယ်ကျော်သက်များ ရှိနေခဲ့သည်။

အသက် ၇ နှစ် ပဲ ရှိသေးတဲ့ လင်ချင်းယန်က အနိုင်ကျင့် ခံရဆုံး ဖြစ်ခဲ့မည် ဆိုတာ ပြောစရာပင် မလို။ သူ့မိသားစုက အရမ်း ဆင်းရဲရုံတင် မက၊ သူကလည်း လူကောင်သေးသေး၊ အေးအေးဆေးဆေး နေတတ်သူ ဖြစ်နေသည်။ သူက ပဲပင်ပေါက်လေးလို ဖြူဖျော့ဖျော့လေး။ ထို့ကြောင့်ပဲ လင်ချင်းယန်ထက် ကြီးတဲ့ ကလေးတွေက သူတို့ရဲ့ ပေါက်ကွဲတဲ့ ဟော်မုန်းတွေ၊ ဒေါသတွေကို သူ့အပေါ် ပုံချတတ်ကြသည်။

သို့သော်လည်း ဒါတွေက လင်ချင်းယန်အတွက် ဘာမှ မဖြစ်ခဲ့။ သူ အကြောက်ဆုံးက သူ ကျောင်းကနေ အိမ်ပြန်ချိန်မှာ လက်ထဲ အရက်ပုလင်းကိုင်ပြီး ဒေါသတကြီး ကြည့်နေမဲ့ သူ့အဖေကိုသာ။ ပြီးရင်တော့ သူ ကျိန်းသေပေါက် အရိုက်ခံရပါသည်။ တခါတော့ .. သူ့ အဖေက သူ့ကို ခွေးခြေခုံ တစ်လုံးနဲ့ ရိုက်လိုက်တာ သတိပါမေ့သွားခဲ့ဖူးသည်။ သူ သတိပြန်ရလာတော့ ကောင်းကင်ပင် မှောင်နေပြီ ဖြစ်ကာ၊ သူ့ အဖေကိုလည်း ဘယ်မှာမှ ရှာမတွေ့တော့။ သွေးတွေ စီးကျနေသည့် သူ့ခေါင်းကိုတော့ သဘက်တစ်ထည်ဖြင့် အုပ်ပတ်ပေးထားသည်။ သူ ကြောင်စီစီဖြင့် ခွေးခြေခုံပေါ် တက်ရပ်ကာ မီးဖိုပေါ်မှာ စတင် ချက်ပြုတ်တော့သည်။

သို့ပေမဲ့လည်း .. ဒါတွေက သူ့ဖခင် အရက်သောက်ရင်း သေခဲ့တဲ့ တစ်နေ့၊ သူ့ အသက် ဆယ် နှစ် ခန့်မှာ အကုန် ပြောင်းလဲခဲ့ပါသည်။ သူ့ဖခင်၏ အလောင်းကို သူတို့ အိမ်နီးချင်းများက သယ်လာချိန်မှာ သူ့ဖခင်၏ တစ္ဆေ၊သရဲလို ဖြူလျော်နေသည့် မျက်နှာကို လူတိုင်း မြင်ကြရသည်ကြောင့် ၊ တခြားကလေးများမှာလည်း သူ့ကို မစနောက်ရဲကြတော့။ သူ့ကို မြင်သည်နှင့် ကွယ်ရာမှာ (ကျင့်) ဆိုပြီး ခေါ်ကြတော့သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now