Extra - Feng Ye - Part Two

1.4K 146 5
                                    

Extra – Feng Ye – Part Two

သည်မြင်ကွင်းက အသက်ရှု မှားလောက်တယ်။

အခန်းထဲ ဝါလဲ့လဲ့ အလင်းရောင်နဲ့ နွေးထွေးနေပြီး၊ ယောင်းမုန်ကလည်း အနီရောင် ဝတ်စုံလေးနဲ့၊ သူ့ရဲ့ နှင်းဖြူရောင် အသားအရေလေးနဲ့ လိုက်ဖက်နေတယ်။ သူ့ရဲ့ အနက်ရောင်ဆံနွယ်တွေကလည်း ပိုးသားလိုပဲ သူ့ နောက်က ဆိုဖာပေါ် တင်နေတယ်။

သူ ကျတော့်နား လျှောက်လာတာကို ကြည့်နေမိချိန်မှာ ကျတော့်ကိုယ်ထဲက ထိန်းချုပ်မရနိုင်တဲ့ တက်မက်မှုဆန္ဒတွေ အရိုင်းဆန်ဆန် ပြန့်လာတယ်။

အဲ့ဒီဆန္ဒက ဘာဆိုတာတော့ ကျတော်မသိဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျတော့်ကို တွန်းအားပေးနေတာတော့ အမှန်ပဲ။

ကျတော် သူ့ကို မင်းသမီးလေးလို ပွေ့ယူလိုက်တယ်၊ ပြီးတော့ အိပ်ခန်းဘက်ကို စပြီး ခြေဦးတည်လိုက်တယ်။

"မုန်လေး ..ငါ မင်းကို မေ့မရနိုင်တဲ့ ညလေးတစ်ည ပေးပါ့မယ်။"

သို့ပေမဲ့ .. မထင်မှတ်ထားစွာ သူက ကျတော့်ကို ရှက်ရွံ့တဲ့ အကြည့်နဲ့ အဝေးကို တွန်းလွှတ်ပစ်တယ်။

"ဒီအကြောင်း ထပ်မပြောနဲ့"

သူ အဲ့လို ပြောပြီးနောက်မှာ .. အိပ်ခန်းဘက်ဆီမှ တံခါးက ကျွီခနဲ ပွင့်လာပြီး ခပ်အုပ်အုပ်ရယ်သံတွေ ကြားလိုက်ရတယ်။ နောက်တော့ ထောပတ်ခရင်မ်တွေနဲ့ ဖယောင်းတိုင်တွေ ထွန်းထားတဲ့ မွေးနေ့ကိတ်တစ်လုံးကို ကိုင်ကာ သူငယ်ချင်းတချို့ အော်ဟစ်ရယ်မောရင်း ထွက်လာကြတယ်။

ယောင်းမုန်က ပိုလို့ပင် ရှက်ရွံ့လာပုံနဲ့ ကျတော့်ရင်ဘတ်ထဲ သူ့မျက်နှာကို ဝှက်ထားတော့တာပဲ။

"ငါက နင့်ရဲ့ မွေးနေ့ လုပ်ပေးဖို့ သူတို့ကို ဒီကို ခေါ်လာတာ။ .. နင်က .. ဘာလို့ အဲ့လိုဟာတွေ လျှောက်ပြောနေရတာလဲလို့ ."

အိုး ... အဲ့လို ဖြစ်ကုန်တာလား။

ယောင်းမုန်က ကျတော့်ကို ဆွဲခေါ်ကာ သူငယ်ချင်းတွေရဲ့ အလယ် ၊ ဖယောင်းတိုင်ထွန်းထားတဲ့ မွေးနေ့ကိတ်ရှေ့ မှာ ဝင်ထိုင်စေတယ်။

"မြန်မြန်လုပ် .. ဆု တစ်ခု တောင်းလိုက်" သူက ကျတော့်ကို သူ့ရဲ့ တဖျတ်ဖျတ်လက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now