Chapter - 45

2K 219 2
                                    

Chapter – 45

စူးရှနေတဲ့ နေရောင်ခြည်အောက်၊ တိတ်ဆိတ်နေသော ကွင်းပြင်ပေါ်မှ ရထားကြီး ဖြတ်သန်းနေသည်။ အဝေးဆီမှ စိမ်းပြာပြာ တောင်တန်းများကို တောအုပ်၏ အနားသတ်ဆီတွင် ခပ်ဝါးဝါး မြင်နေရသည်။

ရွှီရွှီက ရထားတွဲ တံခါးပေါက် တစ်ခုနား မှီရပ်ကာ ရွှီကျွမ်းထံ ဖုန်းဆက်လိုက်သည်။

" ညီမ လင်းမြို့ကို မနက်ဖြန် မနက်လောက် ရောက်လိမ့်မယ်။ လာမကြိုနဲ့၊ ညီမ ဌာနကို အရင် သွားတင်ပြရဦးမှာ မို့လို့။ တခြား ကိစ္စ မရှိတော့ရင် ညီမ ဖုန်းချလိုက်တော့မယ်။"

"ခဏနေပါဦး၊ အခု ညီမလေး အဆင်ပြေရဲ့လား၊ ထိခိုက်တာတွေ ရှိသေးလား။ အဲ့ဒီက ရာသီဥတုနဲ့ရော နေတတ်ရဲ့လား"

ရွှီရွှီ ခေါင်းယမ်းမိသည်။

" ညီမ ပြန်ရောက်တော့ ပြောပြပါ့မယ်။" ထို့နောက် နာရီကို ငုံ့ကြည့်လိုက်သည်။

"ညီမတို့ တောင်ကြောလမ်းထဲ နောက်ဆယ်မိနစ်ဆို ဝင်တော့မှာ၊ အဲ့ဒီမှာ ဖုန်းလိုင်း မမိဘူး။ ညီမ ကျီပိုင်ကိုလည်း ဖုန်းခေါ်လိုက်ဦးမယ်။" ပြောပြီးသည်နှင့် တစ်ဖက်မှ ပြန်ပြောမှာကိုပင် မစောင့်တော့ဘဲ ဖုန်းချသွားတော့သည်။

တစ်ဖက်မှ ရွှီကျွမ်းမှာတော့ ဖုန်းကို ကိုင်ထားရင်း တွေးမိသည်။

ရှီး.. ဒီကောင်မလေး .. ဆယ်မိနစ်မှ လိုင်း ပျောက်မှာကို၊ ငါ့ကို ကျတော့ ၂ မိနစ်ပဲ ပြောတယ်။

-

ဖုန်းဝင်သွားချိန်က ကျီပိုင်မှာ တခြား မှုခင်းရဲများနှင့် ရဲကားတစ်စီးထဲတွင် နေ့လည်စာ စားနေတာ ဖြစ်သည်။ မွန်းလွဲချိန် ဖြစ်နေပြီမို့ မြို့ကြီး တစ်ခုလုံးက မီးဖိုတစ်ဖို ကဲ့သို့ပင် ဖြစ်နေလေပြီ။ တစ်မနက်လုံး အလုပ်များနေခဲ့သည်မို့ အခုမှ စားစရာများကို အလုတ်ကြီးကြီး ဝါးမျိုနေမိချိန်မှာ သူတို့ရဲ့ ကျောပြင်မှာလည်း ချွေးယိုစီးလျက် ရှိနေပြီ။

ကျီပိုင်က နေ့လည်စာဗူးကို ကိုင်ထားရင်းမို့ ဖုန်းခေါ်သူ အမည်ကို မကြည့်လိုက်မိ။

"ဟယ်လို .. ကျီပိုင်ပါ .. ပြောပါခင်ဗျာ"

သူ့ရဲ့ အသံနိမ့်နိမ့်ကို ကြားရတော့ ရွှီရွှီ ရင်ထဲက နူးညံ့လာသလို ရှိသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now