Chapter - 56 (A)

1.8K 208 0
                                    

Chapter – 56 (A)

"ကျမမှာ ကိုယ်ဝန် ရှိနေပြီ"

မနက်ခင်း အလင်းရောင်က ပြတင်းပေါက်မှတဆင့် အခန်းတွင်းသို့ နွေးထွေးစွာ ကျရောက်နေသည်။ သူတို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အတန်ကြာ ကြည့်နေမိကာ ဘာစကားမှ မပြောမိကြ။

မနက်စောစောစီးစီး ကြားလိုက်ရသည့် သတင်းကြောင့် ကျီပိုင်မှာ ဆွံ့အသွားမိသည်။ သူ အံ့သြမင်သက်နေရာမှ သတိပြန်ဝင်လာချိန်မှာ .. သူ့ရင်ထဲ ပျော်ရွှင်မှုတို့ အဟုန်ပြင်းပြင်း တိုးဝင်လာသည်။ ငြီးငွေ့ဖွယ် ဖြစ်နေသော သူ့ဘဝနှင့် ခြောက်သွေ့နေသော သူ့နှလုံးသားက ရုတ်ချည်းပင် အပင်စိမ်းလေးများ အညှောက်ပေါက်ကာ စိမ်းလန်းစိုပြေလာသလို ခံစားလိုက်ရသည်။

ရွှီရွှီကို ရင်ခွင်ထဲ ဆွဲသွင်းကာ အသံတိုးတိုးဖြင့် ပြောမိ၏။

"ကိုယ် အမြဲတမ်း ကွန်ဒုံး သုံးခဲ့တာပဲ မဟုတ်လား၊ မင်းလည်း တားဆေးတွေ သောက်တယ်လေ။"

ကျီပိုင် အကာအကွယ် မသုံးခဲ့သည့် အချိန်လည်း ရှိပါသည်၊ ဒါ့အပြင် ရွှီရွှီ သောက်နေသည့် တာရှည်ခံသည်ဆိုသော တားဆေးသည်လည်း ဈေးကွက်ထဲမှ မိတ်ဆက်လာသော ပစ္စည်းသစ် ဖြစ်နေသည်။

မျက်နှာထူအမ်းအမ်းနှင့် ပြန်ဖြေပေးလာသည့် ရွှီရွှီ ..

"လင်းမြို့ရဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုကြောင့် ဆေးက သိပ် မထိရောက်တာ ဖြစ်လိမ့်မယ်။ နောက်ပြီး ရှင့်ရဲ့ အကာအကွယ်က စုတ်ပြဲတာရော မဖြစ်နိုင်ဘူးလား။"

ခဏကြာမျှ ရွှီရွှီကို သူ စိုက်ကြည့်နေမိသည်.. နောက်တော့ ချစ်သူလေးရဲ့ လက်လေးများကို မိမိ လက်ဖဝါးဖြင့် တင်းတင်းဆုပ်ကိုင်ထားမိကာ .. တောင်းပန်စကား ဆိုမိ၏။

" ကိုယ့်အမှားပါ။"

ရွှီရွှီ ခေါင်းငုံ့နေသည်၊ ပြန် တုံ့ပြန်ခြင်း မပြု။

အကောင်ပေါက်လေးရဲ့ တိတ်ဆိတ်ပြီး၊ တည်တင်းနေတဲ့ မျက်နှာကို မြင်ရတာကြောင့် ကျီပိုင်ရဲ့ ရင်ထဲက ဝမ်းနည်းလာသည်။

ရွှီရွှီ အနေနဲ့ ဒီကလေးကို ဖျက်ချချင်တယ် ဟု ဆိုလာရင်လည်း၊ သူ အံ့သြမိမှာတော့ မဟုတ်။ သူလေးက ရဲအကယ်ဒမီမှ ဘွဲ့ရထားတာပင် မကြာသေး၊ ငယ်ကလည်း ငယ်သေးသည်။ ကလေးမွေးဖို့ အကြောင်း တွေးတောင် တွေးဖူးဦးမည် မဟုတ်။ ဒါတွေအပြင် .. သူလေး လို အနှောင်အတွယ်ကင်းပြီး၊ ရည်မှန်းချက်ကြီးသည့် သူမျိုး အနေဖြင့် ကလေးတစ်ယောက် မွေးသည် ဆိုသည်က သူ့လေးအတွက် အဟန့်အတား ဖြစ်လာနိုင်သည်လေ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now