Chapter -2

3.7K 375 0
                                    

Chapter (2)

ကျောင်းဟန် ဖုန်းဆက်တဲ့အချိန်မှာ ကျီပိုင်က သူ့မိတ်ဆွေတွေနဲ့အတူ ဆုံစည်းပွဲမှာ ရောက်နေတာ ဖြစ်သည်။

ငြီးငွေ့ဖွယ်ရာ ကောင်းနေတဲ့ နေဝင်ရောတရီ အခိုက်အတန့်လေးကို ပြတင်းပေါက်ဘောင်တွေမှ ဖြတ်ကာ မြင်နေရသည်မှာ ပေကျင်းမြို့တော်ရဲ့ ခပ်မှိန်မှိန် အလင်းတွေနဲ့ ယှဉ်လျှင် တောက်ပနေသေးသည်သာ ဖြစ်၏။ အခန်းထဲမှာ ရှိနေတဲ့ လူတိုင်းက ဝတ်စုံကောင်းကောင်း ဝတ်ဆင်ထားကြသည်။ သူတို့တွေရဲ့ တက်တက်ကြွကြွ စကားပြောသံတွေ၊ နောက်ပြောင်ကျီစယ်သံတွေ ပျံ့လွင့်နေလေတဲ့ အခန်းတွင်း မြင်ကွင်းက အဖိုးထိုက်တန်လှသော ပန်းချီကားတစ်ချပ်လို ဖြစ်နေစေ၏။ ဖုန်းမြည်လာချိန်မှာ ကျီပိုင်က သူ့ဖဲချပ်တွေကို အနားကလူဆီ ထိုးပေးလိုက်ပြီးနောက် နှုတ်ခမ်းမှာ စီးကရက်တစ်လိပ်ကို ယူခဲလိုက်ကာ အပြင်ထွက်ခွင့်တောင်းလိုက်သည်။

သူ အပြင်ဘက်နားနေဆောင်သို့ ထွက်လာပြီး ဆိုဖာတစ်ခုပေါ် ထိုင်ချလိုက်သည်။ သူ့ခြေထောက်အောက်မှာ နူးညံ့တဲ့ သိုးမွေး ကော်ဇောရှိနေလေပြီး၊ သူ့မျက်စိရှေ့မှာတော့ အိမ်တွင်းအလှဆင်သည့် အလှသစ်ပင်တန်းတစ်ခု ရှိနေလေကာ၊ အဲ့ဒါတွေက အဖြူရောင် ကျောက်တုံးကြီးတစ်ခုပေါ်မှ ရေတံခွန်တုလေးကို ပတ်ဝန်းရံထားလေသည်။ ချက်ချင်းပဲ ကလပ်မှ ဝန်ထမ်းလေးတစ်ဦး အနားကပ်လာကာ၊ လိုအပ်တာများ ရှိလေသလားဟု ယဉ်ယဉ်ကျေးကျေး မေးမြန်းလာ၏။ ကျီပိုင် ခေါင်းခါပြလိုက်တာ မြင်တော့မှ ထိုဝန်ထမ်းက တိတ်ဆိတ်စွာ ပြန်ထွက်သွား၏။

ကျောင်းဟန်က သူ့ကို ရိုးစင်းစွာ သတင်းပြန်တင်ပြနေချိန်မှာ သူ စီးကရက်ပြာတွေ ချွေချမိသည်။

"စခန်းမှုးက ပြောတယ်၊ မင်း အလုပ်သင်တစ်ယောက်တော့ တာဝန်ယူပေးရမယ်တဲ့။ ဒါက မင်းရဲ့ နှစ်ကုန် ပြန်သုံးသပ်မှုမှာပါ အကျုံးဝင်မယ်တဲ့ .."

ကျီပိုင်က ဆိုဖာမှာ နောက်မှီထိုင်ကာ မျက်လုံးများ မှိတ်ထားပြီး ပြုံးနေလေ၏။ " ရပါတယ်လေ"

သို့သော်လည်း ကျောင်းဟန်မှာ ပျော်ချိန်တောင် မရလိုက်ခင်မှာပဲ သူက ထပ်ပြော၏။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now