Chapter - 46

1.9K 228 2
                                    

Chapter -46

ရထားကတော့ ဆက်သွားနေကာ ပြတင်းပေါက် အပြင်ဘက်မှ အလင်းရောင်များက တိတ်ဆိတ်နေသော ရထားတွဲထဲ ဖျတ်ခနဲ .. ဖျတ်ခနဲ လင်းလက်သွားသည်။

ရွှီရွှီက မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ပို ကို ကြည့်လိုက်သည်။

"ဗိုလ်ချုပ် .. ကျမကို ဘာလို့ အလောတကြီး ရှာရတာလဲ"

ပိုက မေးကို လက်ဖြင့် ထောက်ကာဖြင့် သူ့ရဲ့ ကြံ့ခိုင်တဲ့ ကိုယ် ကြီးကို ဆိုဖာခုံ အကြီးကြီးမှာ ပစ်မှီထားတာမို့ ကြည့်ရတာ အနားယူနေသော သစ်ရိုင်း တစ်ကောင်လို..

"မင်းက စိတ်ပညာဘက်မှာ တော်တယ်လို့ ငါ သတင်းကြားထားတယ်။ တရားခံ တစ်ယောက်ရဲ့ အမူအကျင့်ကို မင်း ခန့်မှန်းကြည့်နိုင်လား"

ရွှီရွှီက ပုံမှန်အတိုင်း ခြေချိတ်ကာ ခါးမတ်မတ် အနေအထားဖြင့် ထိုင်လိုက်သည်၊ လက်တွေကိုတော့ ဒူးပေါ် တင်ကာ ပို ကို တိတ်ဆိတ်စွာ ကြည့်နေလေ၏။

ဘာကြောင့်များလဲ..

ဒီလူရဲ့ အပြုအမူတွေက ဒီလောက် အချိန် ခဏလေးအတွင်းမှာ ဘာလို့ ပြောင်းလဲ သွားရတာလဲ။ သူက ငါ သူ့ကို ရိပ်မိနေပြီလို့များ သံသယ ဝင်နေတာလား။

ရွှီရွှီ အနေနဲ့တော့ ဒီ မေးခွန်း နှစ်ခု ကြားက ဆက်နွယ်မှုကို စဉ်းစားမရ၊ သို့ဆိုသော်လည်း ပို က ဘာကြောင့် မိမိကို တွေ့ချင်ရသည်ဆိုသည်ကိုတော့ ကောင်းကောင်း နားလည်နေသည်။

ဒီလူက စမ်းသပ်နေတာလေ။

တကယ်လို့သာ မိမိဘက်က စွမ်းဆောင်ရည်ရှိမှန်း သူ သေချာ သွားရင်၊ ဒါဆို သူက မိမိကို သတ်ပစ်နိုင်ဖို့ များနေပြီပဲ။

နောက်ပြီး သူ့ရဲ့ အင်မတိ အင်မတန် ဘဝင်မြင့်နေတဲ့ စိတ်နေစိတ်ထားနဲ့ဆို တခြားသူတစ်ယောက်က ဒီလိုမျိုး ကောင်းကောင်း ဖုံးကွယ်ထားတဲ့ သူ့ရဲ့ လျှို့ဝှက်ချက် ကြီးကို ဖော်ထုတ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ဖို့ ခက်ခဲပေလိမ့်မည်။

ငါ ဟန်ဆောင်နေမှ ဖြစ်မယ်။

ဒီလို တွေးမိတော့ ရွှီရွှီ စိတ်ကို ပြင်ဆင်ကာ ဖြင့်..

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now