Chapter - 66 (B)

1.8K 188 10
                                    

Chapter – 66 (B)

ထို အစောပိုင်း နာရီဝက်ခန့်က...

ရွှီရွှီရဲ့ ဆင်ခြေက လင်ချင်းယန်ကို ကောင်းကောင်းကြီး သိမ်းသွင်းနိုင်ခဲ့သည်။ ရဲက သူ့ကို အဲ့လောက် မြန်မြန် ရှာနိုင်လိမ့်မည်ဟု သူ မထင်ခဲ့။

သူ ရွှီရွှီကို သစ်ပင်မှာ ချည်ခဲ့ပြီးနောက် .. ယောင်းမုန်ကို ဆွဲခေါ်ကာ နှင်းပြင်ကြီးထဲ ထွက်သွားခဲ့သည်။ သူ ဘယ်ကို သွားမည်ဆိုတာလည်း မစဉ်းစားထား၊ သူလုပ်ချင်တာကတော့ အလှဆုံးသော နေရာတစ်ခုကို ရှာချင်တာပါပဲ။ ကံမကောင်းစွာပင် ထိုညမှာ လရောင်လည်းမရှိလေတော့ သူ ပိုပိုပြီးသာ ဒေါသ ထွက်လာရတော့သည်။

ယောင်းမုန်ကတော့ လူသေကောင်ကြီးလို လမ်းလျှောက်လာရင်း သူ့နောက်မှ စိတ်နှင့်လူ မကပ်စွာ လိုက်ပါလာသည်။ လင်ချင်းယန်ကတော့ ယောင်းမုန်၏ ပြုမူပုံများအတွက် စိတ်ထဲက ကျေနပ်နေတော့သည်။ ထို့ကြောင့် ယောင်းမုန်ကို တွဲကာ နှင်းလွှာပြင်ကြီးထဲ တိတ်တိတ်ဆိတ်ဆိတ်ပင် လမ်းဆက်လျှောက်နေ၏။

ရုတ်တရက် ..ဖုန်းယဲ့က ခြုံများကြားမှ ခုန်ထွက်လာပြီး လက်ထဲကိုင်ထားသည့် သစ်ကိုင်းနဲ့ လင်ချင်းယန်၏ခေါင်းကို အနောက်ဘက်မှ ဝင်ရိုက်သည်။ လင်ချင်းယန် နာကျင်သွားသည်၊ နောက်ဆက်တွဲအဖြစ် ထူးဆန်းသည့် ပူနွေးမှုတစ်ခု လိုက်ပါလာသည်၊ ထို့နောက် နှင်းလွှာပြင်ပေါ် မျက်နှာအပ်၍ လဲကျသွားတော့သည်။

ယောင်းမုန်မှာ မထင်ထားသည့် ဖြစ်ရပ်ကို မြင်လိုက်ရသည်မို့ ကြောင်ငေးနေမိသည်။ ထို့နောက် မျက်နှာမှာ အမွှေးအမျှင်ထူထပ်စွာ ရှိနေသည့် ဖုန်းယဲ့ဘက် လှည့်လိုက်သည်၊ သူသည်လည်း ယောင်းမုန်ကို သူ့ရဲ့ နာကျင်နေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ပြန် စိုက်ကြည့်နေခဲ့သည်။

သူ့ရဲ့ အသွင်က ဒဏ္ဍာရီဆန်လွန်းလှသည်မို့ ယောင်းမုန်မှာ ဝေခွဲမရ ဖြစ်နေမိသည်။ ယနေ့ထက်တိုင်ပင် ဖုန်းယဲ့၏ တည်ရှိမှုကို ရဲအဖွဲ့ထံ အစစ်မခံခဲ့မိ။

ဖုန်းယဲ့က လင်ချင်းယန်ကို သံသယဝင်နေကြောင်း ယောင်းမုန် သတိထားမိချိန်မှာ နောက်ကျလွန်းခဲ့ပြီ။ လင်ချင်းယန်သည်လည်း ယောင်းမုန်၏ အမူအကျင့်တို့ အနည်းငယ် ပြောင်းလဲလာသည်ကို သတိပြုမိလာပြီး ၊ ကိုယ်ရေးကိုယ်တာများတွင်ပါ ကန့်သတ်မှုများ လုပ်လာတော့သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now