Chapter - 54 (B)

2K 199 0
                                    

Chapter – 54 (B)

နောက်တစ်နေ့ .. မွန်းတည့်ချိန်လောက်မှာ လေယာဉ် ထွက်ခွာမည်မို့ ကျီမောင်နှံက လေဆိပ်သို့ လိုက်ပို့ကြသည်။ မေမေကျီ၏ မျက်နှာအမူအရာက စိတ်မကျေနပ်ကြောင်း ပြနေသော်လည်း စကားတစုံတရာတော့ မဆိုလာခဲ့။

လေယာဉ်က တိမ်လွှာများကြားထဲ ဖြတ်သန်း ပျံသန်းနေစဉ်.. လေယာဉ်အတွင်းမှာတော့ မီးရောင်မှိန်မှိန်ဖြင့် တိတ်ဆိတ် ငြိမ်သက်နေသည်မို့၊ ခရီးသည် အများစုမှာ အိပ်စက်နေကြသည်။ ရွှီရွှီကတော့ ပြတင်းပေါက် အပြင်ဘက်သို့ အတန်ကြာ ငေးနေမိပြီး ..နောက် .. ကျီပိုင် ဘက် လှည့်ကြည့်လိုက်သည်။

ခုံနောက်ကို မှီကာ မှိန်းနေသည့် သူ့ကိုယ်ပေါ် ရွှေရောင် နေခြည်တန်းတို့ ကျရောက်နေသည်က သူ့ကို ပိုပြီး ချောမောနေစေသလို၊ အေးချမ်းသည့်ပုံ ဖြစ်နေစေသည်။ မနေ့က သူ ပြောခဲ့သည့် စကားများကို ရွှီရွှီ ပြန်တွေးမိတော့ ရင်ထဲက နွေးထွေးသွား၏။

..ကိုယ့်ဘက် ဆွေမျိုးတွေနဲ့ ပတ်သတ်ပြီး မင်းဘက်က ဘာမှ ကြိုးစားဖို့ မလိုတော့ဘူး .. ဟု သူ ပြောခဲ့သည်၊ ဒါသည် လက်ရှိပြဿနာကို သူ့ဘက်မှ သူတို့ သားအမိကြားမှ ပြဿနာ တစ်ခု အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်ခြင်းပင်။ သူ့စကားကြောင့် ရွှီရွှီလည်း စိတ်လက်ပေါ့ပါးရ၏။

ယောကျ်ားသား အားလုံးသာ ချွေးမ-ယောက္ခမ ဆက်ဆံရေးကြားက ပြဿနာကို သူ လုပ်သလို စီမံကြမည် ဆိုပါက၊ တရုတ်ပြည်ရှိ မိသားစုရေးရာ ပြဿနာများ အများကြီး ငြိမ်းချမ်းသွားပေမည်။

သို့ဆိုသော်လည်း ရွှီရွှီ နည်းနည်းတော့ နောင်တရမိသည်က မိမိရဲ့ နည်းလမ်းနဲ့ အလုပ်မဖြစ်တော့၊ ကျီပိုင်အတွက် အခက်တွေ့စရာ ဖြစ်နေနိုင်သည်ဟု တွေးမိလို့ပင်။

ရွှီရွှီ မျက်လုံးတို့ မှိတ်ကာ ကျီပိုင်၏ ပခုံးပေါ် မှီလိုက်မိ၏။

အတန်ကြာတော့ .. လေယာဉ်မယ်လေးက စားစရာ လာပေးသည်။ ရွှီရွှီမှ စားချင်စိတ် သိပ်မရှိသည်မို့ ၊ အနည်းငယ်မျှသာ စားပြီး ရပ်လိုက်၏။ ကျီပိုင်က ချစ်သူလေးရဲ့ ဆံပင်လေးတွေကို သပ်ပေးကာ .. ပြုံးစစဖြင့်..

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now