Chapter - 14

2.2K 304 28
                                    

Chapter (14)

ကျီပိုင်ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေမှာ အမြင်တူကြသည်၊ အဲ့ဒါက သူ အခုထိ တစ်ကိုယ်တည်း ဖြစ်နေရခြင်းမှာ ကြေးများပြီး ရွေးလွန်းနေတာကြောင့်လို့ တွေးကြတာပင်။

ကျီပိုင်က ထင်မြင်ချက်တွေ ပြန်မပေးသော်လည်း သူကိုယ်သူ သေချာနေတာ တစ်ခုတော့ ရှိသည် - အဲ့ဒါက မိမိရဲ့ အသည်းတစ်ခြမ်းဟာ ရခဲလှတဲ့ ရတနာတစ်ပါးလို ထူးခြားသူမျိုး ဖြစ်သင့်သည် ဆိုတာပင်။

ဒီလိုဆိုတော့ အခု သူ့ရဲ့ အကောင်ပေါက် အလုပ်သင်တပည့်လေးထံမှ တိုက်ရိုက်ကြီး ငြင်းဆန်တာ ခံရပြီး၊ ဒီအကောင်ပေါက်လေးက မိမိရဲ့ ရှေ့မှောက်မှာ တုံ့ဆိုင်းခြင်းမရှိ ပြောချခဲ့သည်။

ဒီအချိန်မှာ မိမိ ဘယ်လို ခံစားရတယ်ဆိုတာဟာ အမည်တပ်ဖို့ရာ မခက်နေတော့။

သည်အကောင်ပေါက်လေးကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးလာတာ ရက်သတ္တပတ် အနည်းငယ် ရှိပြီမို့ သူ့ရဲ့ ဒီ အလုပ်သင် တပည့်လေးကို အရမ်းတွေ ကျေနပ်နေခဲ့ပြီ။ သူလေးက ထက်မြက်သည်၊ ကြိုးစားလုပ်သည်၊ နှုတ်ဆိတ်သည်၊ အမြင်အေးသည်၊ နောက်ပြီး မိမိဘက်မှ နောက်တစ်ခေါက် ထပ်ပြောရန် လုံးဝ မလို။ တခါတရံမှာ မိမိ နှုတ်မှ ထုတ်မေးတဲ့ စကားမဆုံးခင် သူက နားလည်နေတတ်ပြီး စကားကို အဆုံးတိုင်အောင် သူက ဖြည့်ပြောလာပေးသည်။ ဒါတွေအပြင် သူ့ရဲ့ ရံဖန်ရံခါ ပေးတတ်သည့် ထင်မြင်ချက်တွေက မိမိကိုတောင် အံ့သြစေတတ်သည်။

သူသည် မသွေးရသေးသော ကျော်စိမ်းတစ်တုံး ကံကောင်းစွာ မိမိလက်ထဲ ကျလာသည်နှင့် တူနေသည်၊ ဒါကြောင့်ပဲ ယခုတော့ မိမိမှာ သူ့ကို သွေးပြီး သန့်စင်ပေးဖို့ တာဝန်ရှိနေတာ ဖြစ်သည်။

မိမိရဲ့ ငယ်သူငယ်ချင်း ဖြစ်သူ ရှုဟန်က မိမိမှာ အမျိုးသမီး အလုပ်သင်တပည့်တစ်ယောက် လက်ခံထားသည်ဆိုတာ ကြားတော့ သက်ပြင်းချခဲ့သေးသည်။

"ဟင်း ... တကယ်လို့သာ ဒီတာဝန်က တခြားသူမှာသာ ကျခဲ့ရင် ၊ ဒါဆို စိတ်လှုပ်ရှားစရာလေးတွေနဲ့ ဆရာနဲ့ တပည့်ကြားက လျှို့ဝှက် အချစ်လေး ပေါ်လာတော့မှာ။ အခုလိုဆိုတော့.. ဘာပဲဖြစ်ဖြစ် မင်းက အဲ့ဒီမိန်းကလေးရဲ့ ဆရာလိုပဲ ဖြစ်လာမှာ မဟုတ်လား၊ ဟမ်.. မင်းကတော့ နောက်ဆုံးမှာ အလှလေးတစ်ယောက်ကို ပင်ပန်းဆင်းရဲအောင်လုပ်ပြီး၊ ရက်စက်မှုတွေ၊ ခွင့်မလွှတ်နိုင်စရာ အပြုအမူတွေပဲ ပေးဦးမှာမလား။"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now