Chapter - 61

1.6K 183 4
                                    


Chapter (61)

နှစ်ရက် ကြာပြီးနောက် မွန်းတည့်ချိန်...

ဆောင်းဦးရာသီ၏ နေရောင်က တောက်ပကြည်လင်စွာ နွေးထွေးနေသည်။ နိမ့်ချည်၊ မြင့်ချည်ရှိနေသည့် တောင်တန်းများမှာ အဆုံးသတ် မရှိတော့သကဲ့သို့..

ရွှီရွှီမှာ တစ်မနက်လုံး တောင်ခြေရှိ လယ်တောအိမ်မှာပဲ အခြား လုပ်ဖော်ကိုင်ဖက်များဖြင့် အမှုအတွက် လိုအပ်သည်များ ပြင်ဆင်ပေးရင်း အချိန်ကုန်ခဲ့ရသည်။ အချိန်က မွန်းတည့်နေပြီဆိုတာ မြင်တော့မှပင် အခန်းထဲ ပြန်ဝင်ကာ နားရ၏။ ထို့နောက် .. ဖုန်း ယူ ကြည့်မိတော့ .. မဖတ်ရသေးသည့် မက်ဆေ့ တစ်စောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

ပို့ထားသူက ယောင်းမုန် ..

(နင် တောင်ခြေရင်းက လယ်တောအိမ်ထဲမှာ ရှိနေတုန်းလား၊ ငါလည်း ငါ့အလုပ်ကလူတွေနဲ့ တောင်ပေါ် ရောက်နေတယ်။ ပြီးရင် နင်နဲ့ စကား နည်းနည်း ပြောချင်လို့၊ နင် အားမလား)

ရွှီရွှီ ချက်ချင်းပင် နားလည်လိုက်သည်။

ယောင်းမုန်၏ မဂ္ဂဇင်းအေဂျင်စီသည်လည်း သည် သစ်တောဧရိယာထဲ ဝင်ခွင့်ပြုထားသည့်အထဲမှာ ပါနေသည်ပဲ။

သူ ချက်ချင်းပင် ယောင်းမုန်၏ နံပါတ်ကို ပြန်ဆက်သွယ်လိုက်တော့ .. တစ်ဖက်မှ လိုင်းမအားခဲ့..

---

ယောင်းမုန်က လင်ချင်းယန်နှင့် ဖုန်းပြောနေခဲ့တာ ဖြစ်သည်။

သူ ဒီနေ့ တောင်ပေါ်ကို ခပ်စောစော ကတည်းက ရောက်နေခဲ့သည်။ သူ့ရဲ့ မဂ္ဂဇင်း အေဂျင်စီက အမျိုးသမီးများ၏ ကျန်းမာရေးနှင့် ဘဝကို အလေးထား ရေးသားနေသည်မို့ အခုလို အမျိုးသမီးများကို ဆက်တိုက် သတ်နေသည့် အမှုက သူတို့၏ စာဖတ်သူများအတွက် အလွန်ပင် ရေပန်းစားသော အကြောင်းအရာ ဖြစ်နေသည်။ သူ ကိုယ်တိုင်ကလည်း စိတ်ပညာဆိုင်ရာ အမှုလိုက်ရဲတစ်ယောက် ဖြစ်ခဲ့သည် ဆိုတော့ သည်အမှု အကြောင်းကို အခြား သတင်းထောက်များထက် ပို၍ လေးလေးနက်နက်၊ အသေးစိတ် ရေးရမည်မှာ မလွဲမသွေ..

ဒါ့အပြင် သူ့ရဲ့ ကိုယ်ရေးကိုယ်တာလည်း ပါနေသေးသည်။ အကယ်၍သာ တောင်ပေါ် လူသတ်သမား၏ အချက်အလက်ကို ရှာဖွေ ဖော်ထုတ်နိုင်မည် ဆိုပါက လင်ချင်းယန်၏ နာမည်ကိုပါ ရှင်းပေးပြီးသား ဖြစ်ပေလိမ့်မည်။ ဒါကြောင့်ပင် သူ့ အလုပ်ကို ပို၍ အလေးအနက်ထားနေရခြင်း ဖြစ်၏။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now