Chapter - 29

2.3K 314 22
                                    

Chapter (29)

ဒီနေ့ကတော့ အားလပ်ရက်၏ ပထမဆုံးရက် ဖြစ်သည်။

ညကောင်းကင်က တောက်ပနေတဲ့ ကြယ်ပွင့်လေးများရှိနေသည်မို့ လန်းဆန်းနေစေသည်။ ကျီပိုင်က အပြင်ဘက် လေသာဆောင်မှာ အေးအေးသက်သာ ထိုင်နေရင်းက လက်ဖက်ခြောက်နံ့ သင်းပျံ့နေတဲ့ ရေနွေးကို အသာငုံသောက်မိရင်း ကျောင်းဟန်ဆီ ဖုန်းဆက်လိုက်သည်။

"ကပ္ပတိန်ကျီ .. ဘာကိစ္စများ ရှိလို့လဲ " ကျောင်းဟန်က သူ့ထံမှ ဆက်လာသည့်ဖုန်းမို့ အလိုလို နိုးနိုးကြားကြား ဖြစ်လာပုံပင်။

ကျီပိုင်က ပြန်ဖြေသည်။

"ဘာရယ် မဟုတ်ပါဘူး။ ဒီ ပိတ်ရက် နှစ်ရက်ထဲမှာ တစ်ခါလောက်ဆုံပြီး အပြင်ထွက် စားကြရအောင်လေ။"

"စားကြမယ်လေ" ကျောင်းဟန်ရဲ့ လေသံက ပိုမို ပျော့ပျောင်းလာသည်။ "မနက်ဖြန် ဆိုရင်ရော.."

ကျီပိုင်က မျက်မှောင်ကုပ်သွားသည်။

"သဘက်ခါ ဆိုရင်ရော ဘယ်လိုလဲ"

"တကယ်လို့ သဘက်ခါဆိုရင်တော့၊ ကျတော် ညစာ အတွက်ပဲ အချိန်ရမယ်၊ ရွှီရွှီက ကျတော့်ကို သူနဲ့ကူပြီး သေနတ်ပစ် လေ့ကျင့်ပေးဖို့ ပြောထားလို့ပါ၊ ပြီးရင် ကျတော်တို့ နေ့လည်စာ အတူ စားကြမှာလေ"

ကျီပိုင်ရဲ့ နှုတ်ခမ်းထောင့်တွေက ပြုံးယောင်ယောင်သန်းလာသည်။

"အိုး.. ငါ့မှာလည်း ညဘက်ကျရင်တော့ ကိစ္စ တစ်ခု ရှိနေသေးတယ်ကွ"

"ဒါဆို.."

"ဒါဆို နေ့လည်စာပဲ အတူစားကြတာပေါ့ကွာ၊ ရွှီရွှီလည်း ငါတို့နဲ့ ခေါ်လာလို့ ရတာပဲ" ကျီပိုင်က အရေးမထားဟန်ဖြင့် ပြောလိုက်သည်။ "ငါ မင်းတို့ကို သေနတ်ပစ်ကွင်းမှာ လာကြိုပေးမယ်"

"အဲ့လိုပဲ လုပ်ကြတာပေါ့"

ဒီလိုကျ ကျောင်းဟန်ကို အသုံးချခံလိုက်ရတယ်ဆိုတာ သိသာလွန်းနေလေပြီ။

နောက်တော့ ကျီပိုင်က တခြားအကြောင်းကို ခပ်မြန်မြန် ပြောင်းပြောလာသည်။

"အာ ..ဟုတ်သားပဲ ၊ မင်းရဲ့ ချစ်သူနဲ့လည်း ငါနဲ့ မဆုံဖူးသေးဘူးလေ။ သူ အချိန်ရရင် သူ့ကိုပါ ခေါ်လာပါ့လား။ ငါ မင်းတို့ကို ဒကာခံမှာပေါ့"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now