နဂါးမှန်းသိအောင် အ မောက်ထောင်ပြပြီ

501 42 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃)

ဖီးနစ်အင်ပါယာကြီးမှာတစ်ယောက်နဲ့တစ်ယောက်သိုင်းပညာယှဉ်ပြိုင်ကြတာဟာဓလေ့ထုံးစံလိုဖြစ်နေ
တဲ့အတွက်ကြောင့်ရှောင်လွဲလို့မရပါဘူး။ထို့ကြောင့်အသေအကြေတိုက်ခိုက်တဲ့သိုင်းပြိုင်ကွင်းကိုအင်ပါ
ရီယာမြို့တော်အပြင်ဘက်မှာတည်ဆောက်ထားပြီးအငြင်းပွားမှုတွေကိုဖြေရှင်းကြသလိုသိုင်းပြိုင်တာ
တွေလည်းလုပ်လေ့ရှိပါတယ်။

သိုင်းပြိုင်တော့မယ်ဆိုရင် ပြိုင်တော့မယ့်နှစ်ယောက်ကလက်မှတ်ထိုးကတိပြုရကာပြိုင်ပွဲစင်မြင့်ထက်ကို
ရောက်တာနဲ့ပြိုင်ဘက်တစ်ယောက်ကယှဉ်ပြိုင်ရင်းအခြားပြိုင်ဘက်တစ်ယောက်ကိုသတ်လိုက်မိတယ်
ဆိုရင်လည်းအင်ပါရီယာမြို့တော်ကအပစ်ပေးမှာမဟုတ်ပါ။နေ့တိုင်းလိုလိုထိုနေရာဟာဆူညံပြီးလူ
တွေတစ်ရုံးရုံးဖြစ်နေပေမယ့်ဒီနေကတော့အရင်နေ့တွေနဲ့ကွားခြားလို့နေတော့တယ်။

အရှေ့ကပြိုင်ပွဲတော်တော်များများပြီးသွားတော့စင်ပေါ်ကိုတက်လာတဲ့လူရွယ်နှစ်ယောက်ကြောင့်
ပွဲကြည့်သူတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။

"ဟိုလူက လုံချန်မလား ဒီနေရာကိုသူဘာလို့လာတာပါလိမ့်"

"ဟုတ်တယ် မနေ့ကပဲသေလောက်အောင်တိုက်ခိုက်ခံလိုက်ရတာလေ ဒီနေ့ဒီနေရာကိုလာတာ
ထူးဆန်းမနေဘူးလား"

"ဟမ့် ဒီကောင်ကတော့အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်"

သူ့အဖေလုံထျန်ရှောင်မှာ စစ်နတ်ဘုရား ဆိုတဲ့ဘွဲ့ကိုရသူဖြစ်သော်လည်းထိုဘွဲ့ကိုပေးထားကြသူတွေမှာ
အများအားဖြင့်စစ်နဲ့ပဋိပက္ခတွေကိုခံစားနေရသောသာမာန်လက်လုပ်လက်စားဆင်းရဲသားတွေသာဖြစ်
ပါတယ်။ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ကြတဲ့အင်ပါရီယာမြို့တော်ကလူချမ်းသာအများစုကတော့လုံထျန်
ရှောင်ကိုသူလိုငါလိုပဲဆက်ဆံကြပြီးသူ့ကိုတစ်ကယ်လေးလေးစားစားဆက်ဆံသူကအင်ပါရီယာမြို့တော်
ကလူအနည်းစုပါ။

"လုံချန် အမှိုက်ကောင် မင်းဘာလို့ပြန်လာတာလည်း ဘာအကြောင်းပြချက်မှမရှိပဲတိုက်ခိုက်မလို့
လား မင်းရဲ့သိုင်းပညာကိုဘယ်သူကြည့်ချင်လို့လည်း ဒီကောင့်ကိုမြန်မြန်အဆုံးသတ်ပေးလိုက်
ကြစမ်းပါ"

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now