ရုပ်ပျိုဆေး

290 30 0
                                    

Nine Star Hegemon Body Art

ဆေးသိဒ္ဓိရှင်

အခန်း(၁၉)

အင်ပါရီယာနန်းတော်ရဲ့အခန်းခပ်သေးသေးတစ်ခန်းထဲမှာ အသက်နှစ်ဆယ်လောက်သာရှိတဲ့ယောကျာင်္းပျိုတစ်ဦးကျန်း

ဝေချင်အစီရင်ခံနေတာကိုတိတ်တဆိတ်နားထောင်နေပါတယ်။

"ဒီအဖြစ်အပျက်ကရုတ်တရက်ကြီးဖြစ်သွားတာမို့လို့ ကျွန်တော်မျိုးဘာမှကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိလိုက်ဘူး ဒါ့

ကြောင့်ကျွန်တော်မျိုးကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဘာကိုမှမလုပ်ဝံ့ဘူးဖြစ်နေတယ် စတုထ္ထမင်းသားကကျွန်တော်

မျိုးကိုလမ်းညွှန်ပေးပါဦး"

ကျန်းချင်ဝေ စတုထ္ထမင်းသားကိုပြောလိုက်ပါတယ်။ရုပ်ရည်ချောမောတဲ့ထိလူငယ်လေးဟာစတုထ္ထမြောက်မင်းသားချူရှ

ဖြစ်ပါတယ်။ဒါပေမယ့်အခြားမင်းသားတွေနဲ့မတူတာကတော့ထိုမင်းသားဟာအင်ပါယာပြည့်ရှင်မင်းရဲ့ဆောင်ရနန်းရမဟုတ်

တဲ့ကိုယ်လုပ်တော်တစ်ဦးကနေဖွားမြင်ခဲ့တဲ့မင်းသားတစ်ပါးဖြစ်နေတာပါ။သူဟာမင်းသားတစ်ပါးဖြစ်နေပေမယ့်လည်း

သူ့အာဏာနဲ့အဆင့်အတန်းကတော့အခြားမင်းသားတွေနဲ့ကွာလှပါတယ်။

ဒါပေမယ့်ကိုယ့်ကိုကိုယ်နှိမ့်ချပြီးရိုရိုကျိုးကျိုးနေတတ်တဲ့အတွက်အခြားမင်းသားတွေနဲ့သူဟာကောင်းမွန်ပြေပြစ်တဲ့ဆက်ဆံ

ရေးရှိပါတယ်။ဖီးနစ်အင်ပါယာအတွင်းကမင်းမျိုးစိုးနွယ်တွေအကုန်လုံးလိုလိုချုရှဟာအင်ပါယာထီးနန်းနဲ့ထိုက်တန်တယ်လို့

ယူဆကြပေမယ့်လည်းကံမကောင်းတာကမိဖုရားတစ်ပါးကဖွားမြင်လာတဲ့သားတော်ဖြစ်မနေတာပါပဲ။ချုရှခေါင်ငြိမ့်ရင်း

ပြောလိုက်တယ်။

"ခင်ဗျားမှာအရေးယူပိုင်ခွင့်မရှိဘူး လုံချန်ဆေးဆရာတစ်ယောက်ဖြစ်လာတာကတော့တော်တော့ကိုအံ့သြဖို့ကောင်းတာ

ပဲ"

"ဟုတ်ပါတယ် ကျွန်တော်မျိုး သူရဲ့ ကျောက်စိမ်းပြားကိုမြင်ကာစဆိုရင် ကျွန်တော်မျိုးမျက်လုံးတွေကိုတောင်ကျွန်တော်မျိုးမယုံ

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now