လုံချန်၏ လက်ဆောင်

193 22 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၈)လုံချန်၏လက်ဆောင်

ယင်အမတ်ကြီးက သူ့၏သဲလွန်စများကို စရှာနေလျှင် လုံချန်လည်း မိုက်မဲစွာဖြင့် ထိုနေရာ၌ မနေ
တော့ပဲ ခိုးချောင်ခိုးဝှက်ဖြင့် တောနက်ထဲသို့ ၀င်သွားလေသည်။လုံချန်က ခပ်သွက်သွက် မသွား
တော့။သဲလွန်စများ မကျန်ခဲ့စေရန် အလွန်ဂရုစိုက်ဖို့ သူလိုအပ်သည်။

ထို့ပြင်မည်သည့်အသံမှ မထွက်စေရန်လည်း သူကဂရုစိုက်ရသေးသည်။ထိုသို့မဟုတ်လျှင် ယင်အမတ်
ကြီးသတိထားမိသွားမည်ဖြစ်ကာ သူ့အားစိုက်ထုတ်မှုများ အလကားဖြစ်သွားလိမ့်မည်။ထို့ကြောင့် လုံ
ချန် တောနက်နက်ထဲသို့ သွားနေသည့် နှုန်းသည် ယင်အမတ်ကြီး သူ့ကို ရှာနေသည့်နှုန်းအတိုင်းပင်
ဖြစ်သည်။

ထို့ပြင် လုံချန်က ဦးတည်ချက်တစ်ခုထဲသို့လည်း မသွားချေ။အကယ်၍ ယင်အမတ်ကြီးက သဲလွန်စ
တစ်စုံတစ်ရာတွေ့ကာ ဦးတည်ချက်တစ်ခုတည်းသို့လိုက်ရန် ဆုံးဖြတ်ခဲ့လျှင် သူ ဒုက္ခရောက်သွားနိုင်
သည်။မည်သို့ပင်ဖြစ်စေ ယခုအခြေအနေသည် တူတူပုန်းတမ်း ကစားနေခြင်းမဟုတ်။ရှုံးသည်သူက
သေမည်။ယခုအကြိမ်ကား လုံချန်အဖို့ ပထမဆုံးအကြိမ်အဖြစ် ရင်တစ်ထိတ်ထိတ်နှင့် ခံစားရသော
အကြိမ်ပင်။

ယခုအဖြစ်သည် သူ့လည်ပင်းပေါ်သို့ဓားတစ်ချောင်းတင်ထားသည် နှင့်တူသည်။အနည်းငယ်မျှ သတိ
လစ်သည်နှင့် သူ ခေါင်းပြတ်သွားမည်ဖြစ်၏။

"ငါ မင်းကိုတွေ့ပြီ လုံချန် သေဖို့ပြင်ထားတော့ " ယင်အမတ်ကြီးက ရုတ်တရက်အော်ဟစ်၍ ရှေ့သို့ပြေး
သွား၏။လုံချန်လွန်မင်းစွာ အံ့အားသင့်သွားလင့်ကစား အေးစက်စက်အပြုံး တစ်ခုဖြင့်ပြုံး၏။သူ ယခု
ရောက်နေသည့် နေရာသည် ယင်အမတ်ကြီး နှင့်နှစ်မိုင်ကွာသည့်နေရာတွင်ရှိနေသည်။ထိုသို့ ဖြစ်ရ
ခြင်းမှာ ယင်အမတ်ကြီးသည် လုံချန်ထက်ပို၍ မြန်ခြင်းကြောင့်မဟုတ်ပဲ လုံချန်က မြွေလိမ်မြွေကောက်
သွားထားခြင်းကြောင့်ဖြစ်ရာ အမြင်အရဆိုပါမူ သူတို့နှစ်ယောက်၏ အကွာအဝေးက ငါးမိုင်ခန့်ဝေးနေ
၏။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now