ယွမ်ချီ၏ ဇာတ်ကြောင်း

283 24 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၈)

ဝုန်း.....

ရှချန်ဖုန်းရိုက်လိုက်သည့် လက်ဝါးချက်ကြောင့် စားပွဲလေးသည် တစ်စစီပျက်ဆီးသွားလေသည်။ရှချန်ဖုန်း
၏ ပုံစံမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေသည် သကဲ့သို့ အံများကိုတင်းတင်းကြိတ်ထားပါ၏။

"လုံချန် လုံချန် မင်းကိုတစ်စစီ ဆွဲမဆုတ်ပစ်နိုင်ရင် ငါ ဘယ်တော့မှ ရှချန်ဖုန်းမဟုတ်တော့ဘူး"

ပြီးဆုံးသွားပြီဖြစ်သည့် မီးအိမ်နီပွဲတော်သည် သူ့အတွက်တော့ ဆုံးရှုံးမှုများဖြင့်သာ အဆုံးသတ်သွားခဲ့
ရပါ၏။အလွန်သိုင်းပညာမြင့်မားသည့် ဟောင်ချန်ကဲ့သို့ လူတော်တစ်ဦးအား ဆုံးရှုံးလိုက်ခြင်းသည်
သူ့အတွက် အင်မတန်မှ မကျေမနပ်ဖြစ်စရာကောင်းပေသည်။

ဤကဲ့သို့ဖြစ်သွားခြင်းသည် သူစီစဉ်ထားခဲ့သည် အစီစဉ်များနှင့် လုံးဝပင် ဖီလာဆန့်ကျင်နေလေသည်။
လုံချန်ကို သူရှုံးနိမ့်သွားရုံသာမက ဟောင်ချန်ကိုလည်း လက်လွှတ်ခဲ့ရသည်။ဝေချိုင်ဘက်အား ကြည့်
လျှင်လည်း အဖိုးတန်သော ဘိစ်မီးတောက်အား စွန့်လွှတ်ခဲ့ရသည်ပင်။

ယခုပြိုင်ပွဲ၌ တစ်ကယ့်အနိုင်ရရှိသွားသူသည် လုံချန်သာလျှင်ဖြစ်သည်။ဒေါသထွက်လွန်းသည် ကြောင့်
အဆုပ်များ မီးတောက်မတတ်ပင် သူ ခံစားနေရပါသည်။ရှချန်ဖုန်းရှိနေသည့်အခန်းထဲ၌ အသက်နှစ်
ဆယ်ပတ်လည်ခန့်ရှိမည့် လူငယ်တစ်ယောက်လည်းရှိနေလေသည်။

သူသည် ရှချန်ဖုန်း၏ ဒေါသများအား ဂရုမထားဘိသည့်အလား လက်ဖက်ရည်တစ်ခွက်ကို အေးအေး
ဆေးဆေးသောက်လျှက်ရှိ၏။စားပွဲအား ရိုက်လိုက်ပြီးသည်နှင့် ရှချန်ဖုန်း၏ ဒေါသသည်ပျောက်ကွယ်
သလောက်ဖြစ်လာပြီး တည်ငြိမ်လာသည်။အသက်နှစ်ဆယ်ခန့် ရှိမည့် ထိုလူအား ရှချန်ဖုန်းသည်
ရိုသေလေးစားသည့် လေသံဖြင့်........

"အကိုလွီ လုံချန်ဟာဘယ်လိုမှ သီးခံနိုင်စရာ မကောင်းဘူး ကျုပ်ဒေါသတွေ ပျောက်အောင်ကူညီနိုင်
သူက အကိုလွီပဲရှိတယ်" ဟု ပြောလိုက်ရာ ..... အကိုလွီဟူ၍ အခေါ်ခံရသူသည် လက်ဖက်ရည်ခွက်
အား စားပွဲပေါ်သို့အသာအယာချရင်း အေးအေးဆေးဆေးလေသံဖြင့်.....

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now