ဝိညာဉ်ကမ္ဘာ

186 23 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၇)၀ိညာဉ်ကမ္ဘာ

မိုးထိလုခမန်းမြင့်မားသည့်သစ်ပင်ကြီးတစ်ပင်ဖြစ်သည်။၎င်း၏ အကိုင်းအခက်များက မိုင်ပေါင်းများစွာ
ထိတိုင်အောင် ယှက်နွယ်လျှက်ရှိသည်။သစ်ပင်ကြီးကား မည်မျှကြီးမားသနည်းဆိုသော် တောင်တစ်
တောင်လုံးသို့ပင် ရောက်လေသည်။ထိုသစ်ပင်ကြီးရှေ့တွင် လွန်စွာကြည်လင်သည့် ရေကန်တစ်ကန်
လည်းရှိ၏။လူများ ပြုလုပ်ထားသည့် ကျောက်တုံးစင်မြင့်တစ်ခုလည်းရှိရာ ၎င်းသည် ရွာကို တည်
ထောင်သူဘိုးဘေးတို့ ပြုလုပ်ထားခဲ့သော ယစ်ပူဇော်သည့် ယစ်ပုလ္လင်ဖြစ်၏။

သစ်ပင်ကြီးကို လုံချန်ကြည့်မိရာတွင် အဆုံးအစမဲ့သည့် အသက်ဓာတ်ကြီးတစ်ခုအား အာရုံခံမိ
လေသည်။၎င်းသည် သဘာဝ၏ အသက်ဓာတ်များကို သစ်ပင်ကြီးက စုပ်ယူထားသကဲ့သို့ဖြစ်ကာ
လွန်စွာ အံ့အားသင့်ဖို့ကောင်းသည်။

"အဲ့တာ မင်းတို့ရဲ့တော့စောင့်နတ်လား" လုံချန်ကမေးသည်။

"ဟုတ်ပါတယ် ဒါကကျွန်မတို့ရဲ့ တောစောင့်နတ်မင်းပဲ ကျွန်မနဲ့အတူ ရှင်လိုက်ကန်တော့သင့်တယ်
ရှင့်အသက်ကို ကယ်ခဲ့တာသူပဲ" ထိုသို့ပြောပြီးနောက် သူမက ဒူးထောက်ကာ ဦးချနေသည်။

ဧရာမ သစ်ပင်ကြီးကို လုံချန်ကြည့်နေသည်။ဤသစ်ပင်ကား သူ့အားကယ်တင်ခဲ့သူဖြစ်၏။သူသတိမေ့
သွားပြီး သေအံ့မူးမူးဖြစ်နေချိန်တွင် ဤ သစ်ပင်သာ မကယ်ခဲ့လျှင် သူ သေကောင်းသေသွားနိုင်သည်။
အသက်သခင်ကျေးဇူးရှင်ကို ကန်တော့ရန်က လက်သင့်ခံလို့ရသည့် ကိစ္စဖြစ်ပေသည်။

လုံချန်ဒူးထောက်တော့မည့်အချိန်တွင် အလွန်သာယာသည့် အသံလေးတစ်သံထွက်လာရာ ဆောင်
ဦးလေပြေလေးတိုက်ခတ်သွားသကဲ့သို့် သူ ထင်မိသည်။ယစ်ပလ္လင်ပေါ်တွင် ရုတ်တရက် လူရိပ်တစ်ရိပ်
ပေါ်လာ၏။ထိုလူရိပ်မှာအဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးလေးတစ်ယောက်ဖြစ်
သည်။

သူမ ၏ ဆံနွယ်ရှည်ကြီးမှာ ကျောပြင်တွင် လေနှင့်အတူ လွင့်မျောနေသည်။သို့သော် သူမပုံစံသည်
အလွန်မှုန်ဝါးဝါးနိုင်လေရာ သဲသဲကွဲကွဲ မမြင်နိုင်ပေ။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now