ခေါင်းမာတတ်တဲ့ညာဉ်

253 28 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၀)ခေါင်းမာတတ်တဲ့ညာဉ်

ထိုလူမှာလုံချန်လက်ချက်နဲ့သေလုမျောပါးဖြစ်သွားတဲ့ကျန်းယောင်ယင်ပဲဖြစ်ပါတယ်။ကျန်းယောင်ယင်
ကိုသူတောင်လေးစားချင်သလိုဖြစ်သွားတယ်။သိုင်းပညာရှင်တွေဟာဇွဲကြီးလွန်းပါတယ်။အစောပိုင်း
ကသူ့လက်ချက်နဲ့သေလုမြောပါးဖြစ်သွားတဲ့ကျန်းယောင်ရင်ဟာအခုတော့ဘာမှမဖြစ်သလိုပဲ။ကြည့်
ရတာသူ့မိဘတွေ ကျန်းယောင်ယင် ထူထူထောင်ထောင်ဖြစ်လာအောင်ငွေတွေပုံအောကုခဲ့ပုံရတယ်။

တစ်ကယ်ဆိုရင်သူနဲ့ကျန်းယောင်ယင်ဖြစ်ခဲ့တုန်းကဆိုရင် ကျန်းယောင်ယင်ရဲ့နံရိုးတွေဟာတစ်ချောင်း
တောင်အကောင်းတိုင်းမကျန်တော့အောင်ပါပဲ။သူ့မိသားစုအနေနဲ့ကျန်းယောင်ရင်ကို ငရဲတံခါးဝကနေ
ငွေထုပ်နဲ့ပြန်ရွေးခဲ့ရတာပါ။

ကျန်းမိသားစုရဲ့ငွေအင်းအားနဲ့တောင်မှကျန်းယောင်ယင်ရဲ့ဒဏ်ရာတွေအကုန်ပျောက်ကင်းပုံမရသေး
ဘူး။ယခုဆေးဆရာအသင်းကို ကျန်းယောင်ယင် ခွန်အားတိုးဆေးလာဝယ်တာပါ။ကျန်းယောင်ယင်အဖို့
လက်ရှိအနေအထားဟာအလွန်အားနည်းနေသေးတဲ့အပြင်ညဘက်တွေဆိုရင်လည်းမကောင်းဆိုးရွား
တွေသူ့အနားဝိုင်းဝိုင်းလာတာကိုပဲမြင်နေရတဲ့အတွက် ညဘက်ဆိုမီးတောင်မမှိတ်ရဲပါဘူး။

မနက်တိုင်းဆိုရင်လည်း သူ့ရဲ့ စိတ်ဝိညာဉ်ကိုအပ်ပေါင်းထောင်ချီနဲ့ထိုးနေသလိုမျိုးခံစားနေရတာကြောင့်
ကြမ်းပြင်ပေါ်မှာလူးလှိမ့်နေရတယ်။ထိုသို့ဖြစ်နေတာကိုဆေးဆရာအသင်းကဆေးဆရာတွေလည်းစမ်း
သပ်မှုတွေလုပ်ပေမယ့်ဘာ့ကြောင့်ဖြစ်နေတယ်ဆိုတာကိုမသိကြဘူး။သူတို့ပြောနိုင်တာကတော့ ကျန်း
ယောင်ယင်အားနည်းနေတာကြောင့်ဒီလိုတွေမြင်နေရတယ်လို့ပါ။ဒါ့ကြောင့်ဆေးဆရာတွေဟာကျန်း
ယောင်ယင်ကို ခွန်အားတိုးဆေးတွေပေးပြီးကုကြည့်နေတာဖြစ်ပါတယ်။

ဒါပေမယ့်ရလာဒ်ကတော့မထူးခြားပဲပိုလို့သာဆိုးဆိုးလာတယ်။ညဘက်တွေဆိုရင်သူအိပ်တောင်မအိပ်
ရဲတော့သလောက်ဖြစ်လာတယ်။မနက်ပိုင်းကျတော့လည်း အရင်တုန်းကလို သူ့ဝိညာဉ်ကိုအပ်တွေနဲ့
ထိုးနေသလိုမခံစားရတော့ပဲ မီးနဲ့မြှိုက်သလိုခံစားရတဲ့အထိပိုဆိုးလာတယ်။အလွန်နာကျင်မှုကြောင့်
ကျန်းယောင်ရင်ကိုယ့်ကိုကိုယ်တောင်သတ်သေချင်နေပါပြီ။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now