ကြယ်ပေါင်းဆေး၏ချီစွမ်းအား

209 21 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၅)ကြယ်ပေါင်းဆေး၏ ချီစွမ်းအား

ယောင်ကျောက်စိမ်းနန်းတော်က ချူယောင်၏ နန်းဆောင်ဖြစ်သည်။နန်းဆောင်က သုံးထပ်ရှိ၍
တတိယထပ်တွင် သူမ၏ အခန်းများရှိသည်။လုံချန်က မိန်းမပျိုလေး တစ်ယောက်၏ အခန်းထဲ
အား ယခင်က တစ်ခါမှမ၀င်ဖူးခဲ့ပေ။

လုံချန့်ကိုအံ့အားသင့်သွားစေသည်က ထီးဟန် နန်းဟန် မဆန်သည့် ချူယောင်၏ ရိုးစင်းလှသည့်
အိပ်ခန်းအပြင်အဆင်ပင်။

"ထူးဆန်းတယ်မလား" ချူယောင်က လုံချန်၏ လက်ကိုဆွဲ၍ သူမ အခန်းထဲသို့ခေါ်လာသည်။

"တစ်ကယ်လို့ ကျွန်မသာ သာမာန်မိသားစု တစ်စုမှာ မွေးဖွားလာခဲ့ရင် ပိုပြီးလွတ်လပ်မှာပဲ
လို့ အမြဲတွေးမိတယ် ကျွန်မ သက်တောင့်သက်သာ နဲ့ နေရချင်မှ နေရမယ် ဒါပေမယ့်
ပိုပြီးတော့လွတ်လပ်မှာပဲ"

လုံချန်ကပြုံးသည်။ "ဒါက ညီမအမြင်ကိုး ဆင်းဆင်းရဲရဲ ဘ၀တွေမှာ နေ့တိုင်းရုန်းကန်နေရတာ
ဒီလောကမှာနေရင်တော့ လွတ်လွတ်လပ်လပ်နေချင်ရင် အဲ့ဒိလို နေနိုင်တဲ့ အစွမ်းအစမျိုးလည်းရှိမှ
ရမယ်"

ချူယောင်က ခေါင်းငြိမ့်ပြီး သူ့ကိုအခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ချူယောင်၏ ခုတင်က သူ့ပန်း
ချီပုံများဖြင့် ပြည့်နေသည်ကိုမြင်လျှင် လုံချန်က အံ့အားသင့်နေသည်။ဤပန်းချီပုံများက ပန်းချီကျော်
များဆွဲထားသည့်လက်ရာမဟုတ်။ထိုပန်းချီကားများမှာ ဈေးကွက်တွင်တွေ့ရသော သူ့ပန်းချီကား
များကဲ့သို့ အထူးတစ်လည် တန်ဆာဆင်ကာ ကွန့်ထား ညွှန့်ထားခြင်း မရှိသည့်တိုင် အသက်ကား
ဝင်လွန်းလှသည်။

"ဒီပန်ချီကားတွေကို ညီမဆွဲတာလား" လုံချန်ကအံ့အားသင့်ဟန်ဖြင့်မေးသည်။

ချူယောင်က မျက်နှာနီနီလေးဖြင့် ခေါင်းငြိမ့်ပြသည်။ "မီးအိမ်နီပွဲတော်ပြီးကတည်းက အကို့ပုံတွေ
ကိုဆွဲနေရင်းနဲ့ပဲ ကျွန်မအချိန်တွေကို ကုန်လွန်စေတယ် ဒီလိုမှမဟုတ်ရင် အကို့ကိုစောင့်ဆိုင်း
နေရတဲ့အချိန်တွေဟာ သိပ်ကြာလွန်းတယ်လို့ ကျွန်မထင်လို့ မခံစားနိုင်ဘူး"

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now