အကျိုး စီးပွား

426 41 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆)

ခန်းမထဲဝင်လာသူတစ်ယောက်ကိုမြင်တော့လုံချန့်မျက်လုံးတွေအေးစက်သွားတော့တယ်။ထိုလူဘေးမှာ
နောက်လိုက်တစ်အုပ်လည်းပါပါတယ်။ထိုသူကအလွန်အမင်းချောမောခန့်ညားတယ်လေ။လုံချန်ကို
သိုင်းပြိုင်ပွဲမှာသေလောက်အောင်တိုက်ခိုက်ခဲ့တဲ့ကျန်းယောင်ရင်ဆိုတာထိုသူပါ။သူ့အဖေကရက်စက်
တဲ့မှုးမတ်ကြီးတစ်ဦးပေါ့။

ကျန်းယောင်ရင် ရဲ့သိုင်းပညာကသူ့နဲ့ရွယ်တူအထက်တန်းလွှာတွေထဲမှာတော့ထိပ်တန်းပါပဲ။ထို့ကြောင့်
အထက်တန်းလွှာတွေကြားမှာသူဟာအလွန်ကျော်ကြားလှပါတယ်။လုံချန်တို့အဖွဲ့ကိုကျန်းယောင်ရင်ချက်
ချင်းသတိပြုမိလိုက်တယ်။အဲ့ဒိနောက်ပြုံးရင်းလုံချန့်ထံကိုဦးတည်းလျှောက်သွားလိုက်ပါတယ်။

"သိုင်းပြိုင်ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စအတွက်ငါအများကြီးတောင်းပန်ပါတယ် ငါ့ရဲ့လက်သီးတစ်ချက်ကြောင့်မင်း
ကိုယ့်အမေကိုယ်မမှတ်မိနိုင်လောက်အောင်ဖြစ်သွားလိမ့်မယ်လို့ငါမမျှော်လင့်ခဲ့ဘူး" သူ့လေသံကနောင်
တရသံဖြစ်နေပေမယ့်သူ့မျက်နှာကတော့တောင်းပန်ပုံနည်းနည်းမှမပေါက်ဘူး။သူ့စကားမှာအထင်အမြင်
သေးသံတွေပါနေတယ်လေ။

"အဲ့ဒိအတွက်တော့မစိုးရိမ်ပါနဲ့ သိပ်မကြာခင်မှာ မင်းအဘွားကိုတောင်မင်းမမှတ်မိအောင်ငါမင်းကို
လုပ်ပြမယ်" လုံချန်ပြုံးနေပေမယ့်စိတ်ထဲကတော့ဒေါသတွေထွက်နေတယ်။သူသတိရလာတော့သူ့
အမေရယ်ဆေးဆရာအဘိုးကြီးရယ်ပဲအိမ်မှာရှိပါတယ်။ထို့ကြောင့်ဒီသတင်းကိုဖြန့်တာကအသက်ကြီး
ပြီးအချိန်မစီးတဲ့ထိုသောက်အဘိုးကြီးဖြစ်မှာပါ။

ကျန်းယောင်ရင်ရဲ့စကားတစ်ခွန်းကြောင့်လည်းထိုဆေးဆရာအဘိုးကြီးကသူ့လူတစ်ယောက်ဆိုတာကို
သိသာစေတယ်လေ။နောက်ပြီးတော့အဲ့ဒိအချိန်တုန်းကလုံချန်ရဲ့ဒဏ်ရာတွေကသိပ်ကြောက်စရာကောင်း
သလိုဖြစ်နေပေမယ့်တစ်ကယ်တော့အသက်အန္တာရာယ်ရှိလောက်တဲ့ဒဏ်ရာတွေတော့မဟုတ်ဘူး။တော်
တော်ဆိုးတယ်လို့ထင်ရတဲ့သူ့နောက်စေ့ကဒဏ်ရာကတောင်အရမ်းကြီးမပြင်းထန်ပါဘူး။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now