ကြောက်စရာ ကောင်းတဲ့ ၀တ်ရုံဖြူ

158 15 0
                                    

Nine Star Hegemon Body Art

ဆေးသိဒ္ဓိရှင်

အခန်း(၁၀၅)ကြောက်စရာကောင်းတဲ့ဝတ်ရုံဖြူ


လုံချန်က မျက်ဝန်းများကို မှေးကျဉ်း၍
ဝတ်ရုံဖြူကိုကြည့်သည်။သို့သော် သူသည်
နည်းနည်းမှ အံ့သြဟန်
မပြချေ။ဤနေရာသို့ သူရောက်သည်နှင့်
မျက်ဝန်တစ်စုံက
သူ့ကိုစောင့်ကြည့်နေမှန်းသူသတိထားမိသည်
မှာကြာလေပြီ။မူလတွင် ထိုမျက်ဝန်းတစ်စုံသည်
သူ့အား သာမာန်ကာ လျှံကာ
သာကြည့်သော်လည်း
ကျင်ကျီသိုင်းသမား များကို တစ်ယောက်ပြီး
တစ်ယောက် သတ်ပြီးသည့်အခါတွင်မူ
သူ့အပေါ်ပို၍ အာ
ရုံစိုက်လာခဲ့၏။
နောက်ဆုံးတွင် ၀တ်ရုံဖြူသည် စတုထ္ထမင်းသား၏
နောက်ကွယ်မှ တစ်စုံတစ်ယောက်ဖြစ်ကြောင်း
လုံချန် သဘောပေါက်လာသည်။သို့သော် ထိုသူက
သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်မှာ အတော်
ကလေး အံ့သြစရာကောင်းနေပါ၏။ဝတ်ရုံဖြူ
ရောက်လာခြင်းက လူတိုင်းကို
အံ့အားသင့်သွားစေသည်။
"ခင်ဗျားက နောက်ကွယ်က ကြိုးကိုင်သူလား"
ရေခဲတစ်မျှ အေးစက်သည့်လေသံဖြင့် လုံချန်က
မေး
သည်။
"အဲ့ဒိလိုယူဆလို့လည်းရတယ်"
"ကျုပ်ကို သိုင်းကျင့်လို့မရအောင်လုပ်ထားတာ
ခင်ဗျားလား"
ဝတ်ရုံဖြူ ခေါင်းယမ်း၏။
"မင်း
ဘာတွေပြောနေတာလည်းဆိုတာတော့ငါမသိဘူး
ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုယ်မင်းသိပ်အထင်
ကြီးမနေဖို့လိုတယ် မင်းလို ဘာမှမဟုတ်တဲ့
ကောင်တစ်ကောင်ကို ငါက
အကွက်ချကြံစည်နေမှာ
မဟုတ်ဘူး"
ထိုသို့ပြောပြီးပြီးချင်း
အဖြူရောင်အလင်းတန်းတစ်ခုသည် သူ့၏
လက်တွင်ပေါ်လာသည်။ဝတ်ရုံဖြူသည်
လက်ညှိုးလေးကို အသာ ကွေးပြီး လုံချန်၏ ဓားကို
တောက်လိုက်သည်နှင့် လုံချန်၏ ဓားရှည်ကြီးမှာ
တုန်ခါပြီး လုံချန်လည်း နောက်သို့
အတော်လှမ်းလှမ်းထိ လွင့်သွား၏။ထို့နောက်မှသာ
လုံချန်က သူ့
အရှိန်ကို ပြန်ထိန်းနိုင်သည်။
လုံချန် ခေါင်းထဲတွင်
အချက်ပေးသံများမြည်လာသည်။ဝတ်ရုံဖြူသည်
သိုင်းပညာပင်ထုတ်မသုံးသေး။
သူ့၏ ပင်ကိုယ်ခွန်အားကပင်
ကျင်ကျီသိုင်းသမားတစ်ယောက်နှင့်
တူညီနေလေသည်။
"မင်းက ဂိုဏ်းတစ်ခုခုကလား" လုံရှင်းရှောင်
သိပ်ကိုအံ့အားသင့်မိပါသည်။
"သေတော့မယ့်လူတွေက
အများကြီးသိစရာမလိုပါဘူး" ၀တ်ရုံဖြူက
အေးအေးဆေးဆေး လေသံဖြင့်
ပြန်ပြောသည်။လုံရှင်းရှောင်က သူ့ကို
စူးစိုက်ကြည့်လိုက်သည်။ပြီးလျှင်သူက လုံချန်ကို
ခပ်တိုးတိုး
လေသံဖြင့်ပြော၏။
"ချန်လေး ပြေးနိုင်သမျှ မြန်မြန်ပြေးတော့"
လုံချန် နားမလည်နိုင်ဖြစ်နေသည်ကိုမြင်လျှင်
သူက စကားကိုဆက်သည်။
"ဂိုဏ်းကလူတွေဟာ
အဖေတို့လိုသာမာန်သိုင်းသမားတွေထက်
ကြောက်ဖို့လန့်ဖို့ကောင်းလောက်
အောင်အစွမ်းထက်တယ်သား...." လုံချန်က
ခေါင်းယမ်း၏။
"ကျုပ် ဒီလိုမလုပ်နိုင်ဘူး အဖေ"
လုံရှင်းရှောင်မျက်နှာပျက်သွားသည်ကိုမြင်သည်နှင့်
လုံချန်က သူ့အဖေကို စကားဆက်ခွင့်မပေးတော့
ချေ။
"ကျုပ်အရွယ်ရောက်နေပြီ
ကျုပ်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသင့်ပြီအဖေ
သရဲဘောကြောင်တဲ့လူတစ်
ယောက်အဖြစ် အသက်ရှင်နေရတာထက်
သေလိုက်တာမှကောင်းသေးတယ်"
လုံချန်၏ ဆုံးဖြတ်ချက်
မပြင်တော့မည့်ပုံကိုမြင်သည့်အခါတွင်
လုံရှင်းရှောင်က သူပြောမည့်စကားများ
ကိုပြန်မျိုချလိုက်ပြီး
ခပ်မဆိတ်သာနေလိုက်တော့သည်။သူ့သားကိုကြ
ည့်ပြီး သူ များစွာကျေနပ်
အားရနေမိသည်။သူက အသာအယာပြုံး၍
လုံချန်၏ ပုခုံးများကိုပုတ်သည်။
"ကောင်းပါပြီကွာ ဒီလိုဆိုတော့လည်း
တို့သားအဖနှစ်ယောက်ပေါင်းပြီး
တိုက်ခိုက်ကြတာပေါ့"
ဝတ်ရုံဖြူက တိုးတိုး တိုးတိုး ပြောနေသည့်
သားအဖနှစ်ယောက်ကို
စိတ်မရှည်သည့်အကြည့်ဖြင့်ကြည့်
၏။ထို့နောက်သူသည် စတုထ္ထမင်းသားဘက်သို့
လှည့်၍...
"မင်းလူတွေကိုခေါ်သွားတော့ မင်းအသက်က
တန်ဖိုးရှိသေးတယ် ဒီတိုက်ပွဲထဲမှာ အသေမခံနဲ့"
သူ့စကားသည်
အနည်းငယ်ရင့်သီးသည့်တိုင်အောင်
စတုထ္ထမင်းသားက ကောင်းစွာနာခံလေသည်။
စတုထ္ထမင်းသားက သူ့လူများကိုခေါ်ကာ
ချက်ချင်းပြန်ဆုတ်သွားသည်။ဝတ်ရုံဖြူ သာ
အသက်ချမ်း
သာမပေးလျှင် သူအသက်မရှင်နိုင်တော့ဟု
စတုထ္ထမင်းသားက တွေးနေ၏။သို့သော် ဤသို့
ဖြစ်ရ
ခြင်းမှာ စတုထ္ထမင်းသား၏ အမှားမဟုတ်မှန်း
ဝတ်ရုံဖြူက သိလေသည်။စတုထ္ထမင်းသား၏
အကွက်
စေ့စေ့ အစီအစဉ်များကို သူပင်
ချီးကျူးမိသေးသည်မဟုတ်လား။
ယခုတစ်ကြိမ် စတုထ္ထမင်းသား၏ အစီအစဉ်
ချွတ်ချော်သွားမှုသည်
ကံတရားကြောင့်သာဖြစ်သည်။သူ
တို့၏ ကံက လုံချန်လောက်မကောင်းဟု
ပြောရမည်။သို့ရာတွင် စတုထ္ထမင်းသားထက်
မည်သူမှ အ
ကွက်စေ့စေ့ ထောင့်ကျကျ
စီစဉ်ထားနိုင်မည်မဟုတ်ချေ။လုံချန်ကြောင့်သာ
သူတို့အစီအစဉ်သည်
အနည်းငယ် လွဲချော်သွားရသည်။သို့သော်ငြား ဤ
သား၊အဖ နှစ်ယောက်ကိုသတ်နိုင်လျှင် အစီအစဉ်
ကိုမူလအတိုင်း ရှေ့ဆက်နိုင်မည်။အနည်းငယ်
နှောင်းနှေးကျန့်ကြာသွားမှုက
သိပ်တော့အရေးမကြီးပေ။
"မင်းတို့ဘ၀အဆုံးသတ်ပြီ မလောက်လေး
မလောက်စားကောင်လေးတွေ သေပေတော့"
ဝတ်ရုံဖြူသည် မူလနေရာမှ
ဖြတ်ကနဲပျောက်သွားကာ သူတို့နှစ်ယောက်ကြား
ရုတ်တရက်ရောက်
လာ၏။ထို့နောက် လက်ဝါးဖြင့်
သူတို့နှစ်ယောက်ကို ရိုက်ချလိုက်သည်။သူ့၏
လက်ဝါးသည် တိုးလျှို
ပေါက်မြင်နေရသကဲ့သို့ရှိကာ ၎င်းတွင်
ခပ်မှိန်မှိန်အလင်းရောင်လေး
လင်းနေ၏။ထိုလက်ဝါးသည်
လေဟာနယ်အား လှိုင်းများထသွားစေသည်။
လုံချန် တုန်လှုပ်မိသည်။ဤကား မြေကမ္ဘာ
အမျိုးအစားသိုင်းပညာရပ်ဖြစ်လေသည်။သို့သော်
ယင်းသိုင်း
ပညာကိုဝတ်ရုံဖြူသည် အချိန်မဆိုင်းပဲ
ချက်ချင်းအသုံးပြုနိုင်သည်။ရှယိုယုကဲ့သို့
သိုင်းအကျော်အမော်
တစ်ယောက်ပင် အဆိုပါ သိုင်းအမျိုးအစားကို
ချက်ချင်းအသုံးမပြုနိုင်ပေ။ယင်းသိုင်းပညာကို
အသုံး
ပြုရန်စွမ်းအင်များ ကြိုစုစည်းထားဖို့လိုသည်။
သို့သော် ၀တ်ရုံဖြူကတော့ လုံချန်ကဲ့သို့
စွမ်းအင်များ ကြိုတင်စုစည်းရန် လိုပုံမရချေ။ယင်း
ကား အံ့
အားသင့်စရာကောင်းနေသည်။လုံချန်က
သူ့ဓားဖြင့် ချက်ချင်းပြန်ခုတ်
လိုက်၏။လုံရှင်းရှောင်ကလည်း
စွမ်းအင်များ ကြိုတင်စုစည်းထားပြီးဖြစ်ရာ သူ့၏
ဓားကောက်ကို စုစည်းထားသောစွမ်းအင်များဖြင့်
ပေါင်းစပ်၍ ၀င်ပိုင်းလိုက်လေသည်။
အုန်း....
ချီလှိုင်းကြီး အပြင်းအထန်
ရိုက်ခတ်သွား၏။ပြင်းထန်သည့် စွမ်းအားကြီး
တစ်ရပ်ရိုက်ခတ်ခံရသကဲ့သို့
ခံစားရကာ လုံချန်
နောက်သို့လွင့်သွားသည်။ထို့အတူ
လုံရှင်းရှောင်လည်း နောက်သို့လွင့်သွားသည်။
သို့သော် သူက လုံချန်လောက်မဆိုး။ဝေးဝေးသို့
သိပ်မရောက်သွားချေ။
"မင်းရဲ့ စွမ်းအား ကို 100 ရာခိုင်းနှုန်း စုစည်းထား
ဒါပေမယ့် 80 ရာခိုင်နှုန်းကိုပဲသုံး" လုံရှင်းရှောင်က
သတိပေးသည်။လုံချန်ကဲ့သို့
အတော်ဝေးဝေးထိရောက်အောင်
မလွင့်သွားရခြင်းမှာ သူသည် လုံချန်
ထက်ပို၍ သိုင်းပညာအဆင့်မြင့်
ခြင်းကြောင့်မဟုတ်ပဲ စုစည်းထားသည့်
စွမ်းအားများကို အကုန်အစင်
အသုံးမပြုခြင်းကြောင့်သာဖြစ်သည်။
စွမ်းအင်များကို 100 ရာခိုင်းနှုန်းမသုံးပဲ 80
ရာခိုင်နှုန်းသာ အသုံးပြုခြင်းဖြင့် ကျန်သည့် 20
ရာခိုင်
နှုန်းအား ရန်သူ၏ တိုက်ခိုက်မှုကို
ကာကွယ်သည့်နေရာတွင်
အသုံးပြုနိုင်လေသည်။သဘောတူဟန်
ဖြင့် လုံချန်က ခေါင်းငြိမ့်သည်။သူ့တွင်
ဆေးနတ်ဘုရား၏ မှတ်ညာဏ်များ
ပေါင်းစပ်နေလေရာ ဤ
အချက်သည် ကျိုးကြောင်း ဆီလျှော်မှန်း
သဘောပေါက်သော်လည်း သူက ဤသို့
တိုက်ခိုက်ခြင်းမျိုး
ကိုမနှစ်သက်။အင်အားကို အစွမ်းကုန် အသုံးပြု၍
တိုက်ခိုက်ခြင်းကိုသာ ခုံမင်သည်။
လူသားခန္ဓာကိုယ်သည် လျှို့ဝှက်ချက်များဖြင့်
ပြည့်နေသည့်
ရတနာသိုက်တစ်ခုဖြစ်လေသည်။တော
စောင့်နတ်ကြောင့် စိတ်ဝိညာဉ်လောက ကို
မြင်အပြီးတွင် သူသည် ပို၍ ကျယ်ပြောသည့်
လောက
ကြီးတွင် တစ်ကိုယ်တည်းရွက်လွှင့်ချင်စိတ်များ
တားမရ၊ဆီးမရဖြစ်လာသည်။ယခုထက် သူ ပို၍
အစွမ်း
ထက်လာဖို့လိုသည်။သန်မာလာဖို့လိုသည်။သို့မှသ
ာ သူလုပ်ချင်သည့်အရာများကို လုပ်နိုင်ပေမည်။
"မင်းတို့ဘယ်လို ပြင်ဆင်မှုတွေလုပ်ထား လုပ်ထား
အသုံးမ၀င်ဘူး" ၀တ်ရုံဖြူက မထီမဲ့မြင်နှင့်
သူတို့နှစ်ယောက်ကိုကြည့်သည်။
"မင်းကို မြန်မြန် အဆုံးသတ်ပေးမှနဲ့တူတယ်"
လုံချန်က ၀တ်ရုံဖြူကို ဓားဖြင့်ညွှန်ပြရင်း
ပြောသည်။
တိုက်ခိုက်လိုစိတ်များ သူ့တွင်
တစ်ဟုန်တိုးဖြစ်လာရ၏။ဝတ်ရုံဖြူသည်
မည်မျှကြောက်မက်ဖွယ်
ကောင်းကြောင်းကို
သူသိသည်။သူတိုက်ခိုက်ဖူးသမျှ ပြိုင်ဘက်များတွင်
ဝတ်ရုံဖြူသည် အဆင့်အမြင့်
ဆုံးသိုင်းသမားတစ်ယောက်ဖြစ်ပါ၏။
သို့သော် ပြိုင်ဘက်က အစွမ်းထက်လေ သူကပို၍
တည်ငြိမ်လေပင်ဖြစ်သည်။ယခင်က ကြုံတွေ့ခဲ့ရ
သည့် အသက်လုတိုက်ပွဲများကို သူ
တစ်ကယ်ကျေးဇူးတင်မိသည်။သို့မဟုတ်လျှင်
တိုက်ပွဲထဲတွင်
ကြောက်နေပါက တိုက်ခိုက်နိုင်စွမ်းလည်း
သိသိသာသာကျသွားပေမည်။ဤသို့ဖြစ်လျှင်
သေလမ်း
အပြင်အခြားမရှိပေ။
လုံရှင်းရှောင်က သူ့သားအတွက်
သိပ်ဂုဏ်ယူမိသည်။တစ်ချိန်တည်းမှာပင် သူသည်
နောင်တရသလို
လိပ်ပြာ မသန့်သလိုလည်းဖြစ်မိ၏။သူ့ဘ၀တွင်
နောင်တအရဆုံးမှာ သူ့သား နှင့်အတူတူ ရှိမနေခဲ့
ရခြင်းအတွက်ဖြစ်သည်။
"ဘာမှ မဟုတ်တဲ့ကောင်က
ဒီလိုစကားထွက်ရဲတယ်ပေါ့ ကောင်လေး ... မင့်
ကြည့်ရတာ တစ်
ကယ့်လောကကြီးအကြောင်းကို ဘာမှ
မသိဘူးနဲ့တူတယ် ဒီနေ့တော့
အကြောင်းသိသွားအောင်ပြ
ရသေးတာပေါ့"
ဝုန်း.....
ကြောက်မက်ဖွယ်ရာကောင်းသည့်
စွမ်းအင်တစ်ခုသည် ၀တ်ရုံဖြူ၏ ခန္ဓာကိုယ်မှ
ဝုန်းကနဲ ထွက်
လာလေသည်။ထိုစွမ်းအင် သည်
အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားရာမှ လုံချန်နှင့်
လုံရှင်းရှောင်တို့ကို
လွှမ်းခြုံသွားတော့သည်။လုံချန်တို့နှစ်ယောက်မှာ
ဧရာမ တောင်ကြီးတစ်တောင် ပြိုကျလာသကဲ့သို့
ခံစားလိုက်ရကာ အသက်ရှုရန်ပင်
ခက်ခဲလာသည်။
ဤအချက်ကိုကြည့်လျှင် ၀တ်ရုံဖြူ၏
ချီစွမ်းအင်သည်
ထိပ်တန်းအဆင့်သို့ရောက်နေပြီဟု ပြော၍ရ
သည်။သို့သော် လုံချန် ပိုပြီး
အံ့သြရသည့်အချက်မှာ ၀တ်ရုံဖြူသည်
ကျင်ကျီနှောင်းပိုင်းအဆင့်၌သာ
ရှိနေသေးခြင်းကိုဖြစ်သည်။သို့တိုင်အောင်
ကျင်ကျီနှောင်းပိုင်းတွင်သာ ရှိသေးသော်လည်း
ဝူအမတ်
နှင့်ယင် အမတ်ကြီးတို့သည် ၀တ်ရုံဖြူ၏
ပြိုင်ဘက်မည်သို့မှ မဖြစ်နိုင်ချေ။
"ဘာမှ မဟုတ်တဲ့ဟာ လေးတွေကို နိုင်တာနဲ့
မင်းကိုယ်မင်း သိပ်ဘ၀င်မြင့်နေတာလား ဒီနေ့
တော့ မလောက်လေးမ လောက်စား
ကောင်လေးကို အကြောင်းပြရသေးတာပေါ့"
ဝတ်ရုံဖြူက
အေးစက်စက်လေသံဖြင့်ရယ်သည်။သည့်နောက်
တွင် သူ့လက်ထဲသို့ ဓားတစ်ချောင်း
ရောက်လာသည်။သူ့လက်ထဲသို့
ထိုဓားရောက်လာသည်နှင့် ကောင်းကင်ထက်မှ
ဓားချီစွမ်းအင်
သည် ကျဆင်းလာ၏။ထို့နောက် သူသည် လုံချန်
နှင့် လုံရှင်းရှောင်တို့ နှစ်ယောက်ကို ဓားချီများ
တစ်လျှပ်လျှပ် ပြေးနေသည့် ဓားဖြင့် ပိုင်းချ
လိုက်လေသည်။
တစ်ကယ်တိုက်ပွဲစပြီ ဖြစ်မှန်း
လုံချန်သိသည်။သူက သူ့ဓားကို မြှောက်လိုက်လျှင်
မီးနဂါးသည် သူ့၏
ဓားတွင်ပတ်လျှက်ပေါ်လာသည်။သူ့ဓားဖြင့်
ဝတ်ရုံဖြူ၏ ဓား ခုတ်မိသည်တွင် လုံချန်သည်
သည်း၊အူ
များ ပြောင်ပြန်လှန်လိုက်သကဲ့သို့ ခံစားရကာ
နောက်သို့လွင့်သွား၏။
ထိုသို့မဖြစ်ခင် သူ့၏ ဆေးမီးတောက်သည်
ဝတ်ရုံဖြူထံကူးစက် သွားသည်ကို လုံချန်
မြင်လိုက်ရသည်။
ဝတ်ရုံဖြူသည် ရှယိုယုကဲ့သို့ပင် မီးတောက်များ
ကူးစက်လောင်ကျွမ်းသွားလိမ့်မည်ဟု လူတိုင်းက
ထင်မိကြသည်။ဝတ်ရုံဖြူက အေးစက်စွာပြုံး၍
ဘယ်ဘက်လက်ကို မြှောက်သည်။တိုးလျှို ပေါက်
ဖောက်မြင်ရသည့် အဖြူရောင် အလွှာတစ်ခုသည်
သူ့ရှေ့တွင် ဒိုင်းတစ်ခုသဖွယ်ပေါ်လာကာ သံကို
ပင် အရည်ပျော်စေနိုင်သည့် ဆေးမီးတောက်များ
ချက်ချင်း ကွယ်ပျောက်သွားလေသည်။
"ဘယ်လို" လုံချန် မျက်နှာပျက်သွား၏။ဝတ်ရုံဖြူ၏
သိုင်းပညာသည် သူထင်ထားသည်ထက်ပင် ပို၍
အစွမ်းထက်နေသေးသည်။ထို့ပြင် သူ့၏ ချီစွမ်းအင်
ထိန်းချုပ်မှုကလည်း များစွာ ကြောက်မက်ဖွယ်
ရာပင်။ဝတ်ရုံဖြူသည် သိုင်းပညာ တစ်မျိုးမျိုးကို
ကျင့်ကြံ ထားလိမ့်မည်ဟု
လုံချန်သိသည်။ဂိုဏ်သား
များကား ဤမျှ ကြောက်မက်ဖွယ်ရာ
ကောင်းလေသည်လား။အတော်ထူးဆန်းသည့်
သိုင်းပညာပင်။
ဝတ်ရုံဖြူနှင့် နှိုင်းယှဉ်သော် သူ့သိုင်းပညာသည်
ဆင်နှင့်ဆိတ်ပမာဖြစ်နေသည်။လုံချန်၏
တိုက်ခိုက်မှု
အပြီးတွင် ကောင်းကင်ထက်မှ
ဓားကောက်သုံးချောင်း ပျံဝဲလာ၏။ယင်း
ဓားမြှောင်သုံးချောင်းမှာတစ်
ချောင်းတည်း အဖြစ်သို့ပေါင်းစပ်သွားသည်။
"ကောလဟာဠ တွေအရတော့ အဲ့ဒိတိုက်ကွက်ဟာ
လုံစစ်သူကြီးရဲ့ ကြောက်စရာအကောင်းဆုံးတိုက်
ကွက်လို့ ငါကြားဖူးတယ်"
"သူ နိုင်မလား မသိဘူး"
ပြည်သူများက အဝေးတစ်နေရာမှ
ကြည့်နေကြသည်။သို့သော် ဝေးလွန်းသည်ဖြစ်ရာ
သိပ်မသဲကွဲကြ
ပေ။သိုင်းပညာသည် ဖီးနစ်တွင် ရွှေတစ်ခေတ်
ဖြစ်နေရာ ၎င်းတို့သည်
ထိပ်တန်းသိုင်းပညာရှင်များကို
လေးစားကြ၏။ယခုတော့ လုံရှင်းရှောင်နှင့်
လုံချန်တို့ သားအဖ နှစ်ယောက်၏ ပြင်းထန်သည့်
တိုက်ခိုက်
မှုများအား မြင်ရလျှင် ၎င်းတို့က သိပ်ကြည်ညို
အားကျ နေကြခြင်းဖြစ်လေသည်။အထူးသဖြင့်
ကျင်ကျီ
သိုင်းပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက်
အနိုင်ယူခဲ့သော လုံချန်ကို သူတို့ပို၍
လေးစားသည်။
လူတိုင်းက သားအဖ နှစ်ယောက်ကို
နိုင်စေချင်ကြသည်။ဤကဲ့သို့ သူရဲကောင်းမျိုးသာ
ဖီးနစ်ကို
ဦးဆောင်လျှင် ဖီးနစ်သည် အချိန်တိုတိုနှင့်
အင်အားကြီး
အင်ပါယာကြီးတစ်ခုဖြစ်သွားလိမ့်မည်။သို့သော်
ဝတ်ရုံဖြူသည် လုံရှင်းရှောင်ကိုကြည့်၍ မထီမဲ့မြင်
ဖြင့် သရော်လေသည်။
"ဒီလောက်လေးနဲ့လား ဟားဟားဟား"
သူသည် လက်ထဲမှ ကိုင်ထားသည့် ဓားရှည်ကြီးကို
ခပ်ဖြေးဖြေးမြှောက်လိုက်၏။မိုးခြိမ်းသံကဲ့သို့
တစ်ဂျိုး
ဂျိုး တစ်ဂျိမ်းဂျိမ်းသံကြီးသည် ဓားရှည်ကြီးထံမှ
ထွက်လာလေသည်။ကောင်းကင်ထက်၌ လည်း
လျှပ်
ပြက် သကဲ့သို့ အလင်းတန်း များ တစ်ဖြတ်ဖြတ်
ပြေးနေလေရာ လူတိုင်း၏ အမြင်အာရုံကို ပြာကနဲ
ဖြစ်သွားစေသည်။ယင်းနောက်တွင်
ကြောက်မက်ဖွယ်ရာ အလင်းတန်းကြီးတစ်ခုသည်
လုံရှင်း
ရှောင်ထံသို့ တည့်တည့်မတ်မတ်

ပြေးဝင်သွားလေသည်။
ချစ်ခြင်းများစွာဖြင့်....

MK AUNG


စာရေးဆရာ၏ ကြိုးစားအားထုတ်မှုကို တစ်ဖက်တစ်လမ်းမှ တတ်နိုင် သ လောက်လေး ကူညီချင်သည်ဆိုပါက Telenor

09793864311 နှင့် MPT 09421123207 သို့ဆက်သွယ်၍

စေတနာ ရှိသ လောက် PH BILL လေးများ လျူဒါန်း နိုင်ပါသည် ခင်ဗျာ

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now