လူလည်

191 20 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၉)လူလည်

ယင်အမတ်ကြီးကား လုံချန်၏ ခြေရာလက်ရာများကိုရှာရင်း တောနက်နက်ထဲသို့တိုင်အောင်ရောက်
လာချေပြီ။သူသည် မျက်နှာအကြီးအကျယ်ပျက်လျှက်ရှိသကဲ့သို့ များစွာလည်းထိတ်လန့်နေ၏။အကြောင်း
က လုံချန်သည် လွန်မင်းစွာ ပါးသော လူလည်၊လူနပ် တစ်ယောက်ဖြစ်မှန်းသူ သိနေခြင်းကြောင့်ပင်။
သူသည် တစ်ခါတစ်ရံ၌ လုံချန် တမင်ချန်ထားခဲ့သည့် ခြေရာများကို တွေ့လေ့ရှိသည်။

ထိုခြေရာများနောက်သို့ လိုက်ရင်း သူသည် လုံချန်နှင့် လမ်းလွဲသွားစဉ်တွင် လုံချန်က မူလနေရာသို့ပြန်
ကာ အခြား ဦးတည်ချက်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားပြန်၏။ယင်အမတ်ကြီးက ဒေါသလွန်စွာထွက်
လျှက်ရှိ၏။လုံချန်က ညာဏ်များလွန်းလှသည်။တစ်ခါတစ်ရံ၌ လုံချန်၏ ခြေရာများသည် သူတစ်ကယ်သွား
နေသည့်ဘက်အား ညွှန်ပြနေသည် ဟုတ်မဟုတ်ကိုပင် သူ့မှာ ရောထွေးလာသည်။

သို့ဖြစ်ရာ လုံချန်သွားနေသည့်ဦးတည်ချက်အား သူလည်းမသိသော ကြောင့် စိတ်ရှည်ရှည်ထားရင်း ခြေ
ရာများနောက်သို့လိုက်နေရသည်။လုံချန်သည် သူနှင့်သိပ်မဝေးသည့် နေရာ၌ ရှိနေသည်ကို သူက သိနေသော်
ငြား မည်သည့်နေရာတွင် ရှိနေမှန်းကိုတော့ အတိအကျမသိချေ။ ဒေါသထွက်လွန်းသောကြောင့် သူသည်
အဆုတ်များပင် ပေါက်ကွဲမတတ်ဖြစ်သလို ခံစားနေရ၏။

တောအုပ်ထဲသို့ သူတို့နှစ်ယောက် ရောက်နေသည်မှာ တစ်ရက်ခန့်ရှိနေပြီဖြစ်သည်။ယင်အမတ်ကြီးသည်
စိတ်မရှည်နိုင်ဖြစ်လာသည်။သို့ရာတွင်မူ သူ့၌လည်း ရွေးချယ်စရာမရှိရာ လုံချန် ချန်ခဲ့သည့်သဲလွန်စ
များအား ဆက်ရှာနေရန်သာတတ်နိုင်သည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်ကား တောနက်ကြီးထဲတွင် တူတူပုန်းတမ်းကစားနေကြတော့သည်။ယခုအ
ကြိမ်တွင် လုံချန်ဘက်မှ သာနေသည်ဟု ပြောရမည်ဖြစ်သည့်တိုင်အောင် လုံချန်ကား အနည်းငယ်မျှပင်
မပေါ့ဆရဲချေ။အကယ်၍ လုံချန် ဆန္ဒရှိလျှင် ယင်အမတ်ကြီးလက်မှထွက်ပြေးနိုင်သော်လည်း လုံချန်က
ဤကဲ့သို့ လုပ်ရန် မစဉ်းစားချေ။သူသည် ယင်အမတ်ကြီး နှင့် ငါးမိုင်အကွာခန့်မှသာ ရှောင်ကွင်းလျှက်
ရှိ၏။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now