ဝေးခဲ့ကြရပြီ အချစ်ရေ

186 22 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၃)ဝေးခဲ့ကြရပြီအချစ်ရေ

ရွာကို ချပ်ဝတ်တန်ဆာဝတ် လက်ရွေးစင် ရဲမက်ရာပေါင်းများစွာက၀ိုင်းထားကြသည်။ရဲမက်များမှာ
ရွာသားများကို မြှားများဖြင့်ချိန်ထားကြရာ ရွာသားများ၏ မျက်နှာမှာဖြူဖွေး၍ ကြောက်လန့်နေကြ
သည်။လူသုံးယောက်က မြေပြင်တွင် မြှားမှန်၍ လဲကျသေဆုံးနေသည်။

"ပြောစမ်း ဒီလူကို မြင်ဖူးကြလား" ရွှေရောင်ချပ်ဝတ် ကို ၀တ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ်
လူတစ်ယောက်က ဓားတစ်စင်းကဲ့သို့ ဖြောင့်တန်းနေသည့်မျက်ခုံး၊တောက်ပသည့် မျက်လုံးများဖြင့်
ချောမောလှပ သော လူငယ်တစ်ယောက်၏ ပုံတူ ကိုပြသည်။၎င်းမှာ လုံချန်မှ လွဲကာ မည်သူဖြစ်
နိုင်မည်နည်း။

"ကျွန်မတို့ပြောပြီးသားပဲ လုံချန်ဆိုတဲ့ လူကို ကျွန်မတို့တစ်ခါမှ မမြင်ဖူးဘူး ကျွန်မတို့ရွာသားတွေကို
ရှင် ဘာ့ကြောင့် ရက်ရက်စက်စက် သတ်လိုက်ရတာလည်း" ရှောင်ဟွာက ဖြူဖွေးနေသည့် မျက်နှာ
ဖြင့် ဒေါသတကြီး ပြန်အော်သည်။

ဤရဲမက်အဖွဲ့သည် မည်သည့်အရပ်မှရောက်လာသည်ကိုသူတို့မသိကြ။သို့သော် ၎င်းတို့က ရွာအနား
သို့ရောက်ရောက် ခြင်း မုဆိုးသုံးယောက်ကိုမြှားဖြင့်ပစ်သတ် လိုက်ကြသည်။သူတို့မှာ ထိုရဲမက်များ
ကို ကြောက်ရွံ့နေသကဲ့သို့ ဒေါသလည်းထွက်နေကြသည်။သို့သော် ရဲမက် ရာပေါင်းများစွာ ရှေ့တွင်
သတိလက်လွတ် မပြုမူရဲပါချေ။မုဆိုးအချို့သည် တိုက်ခိုက်ချင်စိတ်ကို မြိုသိပ်ရဟန်ဖြင့် အံတစ်ကြိတ်
ကြိတ်ဖြစ်နေသည်။

"ဟမ့် မင်းတို့ကတော့ မသေမချင်းပြောမှာမဟုတ်ဘူး ဒီ ကလေးတွေကို အရင်သတ်လိုက်စမ်း
ဒီကောင်တွေ အမှန်တိုင်းပြောမပြော ကြည့်ရသေးတာပေါ့" သတ်လတ်ပိုင်းလူက အမိန့်ပေးသည်
နှင့် ရဲမက်များက ရှေ့သို့တက်သွားကြသည်။၎င်းတို့က ကလေးများကို မြားများဖြင့် ချိန်လိုက်ကြသည်။

"မင်းတို့လုပ်ရဲလား" ရွာသူကြီးက ဒေါသတကြီးဖြင့် အော်ရင်း ကလေးများကို သူ့နောက်သို့ပို့လိုက်သည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now