ဘိစ်မီးတောက်အား သန့်စင်ခြင်း

271 27 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၇)ဘိစ်မီးတောက်အားသန့်စင်ခြင်း

လုံချန်သည် လက်ထဲမှ ကျောက်စိမ်းပုလင်းလေးအား လှည့်ပတ်ကြည့်ရှုလျှက်ရှိ၏။ထိုပုလင်းကလေးထဲ၌ အပူများ
တစ်ရှိန်ရှိန်ဖြင့် ထွက်နေသည့် အရည်လုံးလေး ရှိလေသည်။ထိုအရည်ကဲ့သို့သော အလုံးလေး
ကား ဘိစ်မီးတောက်မှန်း သူသိ၏။ယင်းသည် မှော်သားရဲကောင်၏ အမတေ ပင်ဖြစ်သည်။

ဤသို့ ဘိစ်မီးတောက်များသည် ရှားပါးအမတေများဖြစ်ကြလေသည်။ဘိစ်မီးတောက် ဆိုသည်မှာ
မှော်သားရဲတစ်ကောင်၏ အသက်နှင့်ညီ၍ ဒုတိယအဆင့် သို့မဟုတ် ထို့ထက်မြင့်သည့် အဆင့်များ
တွင်သာ မှော်သားရဲများအဖို့ ဤကဲ့သို့သော ဘိစ်မီးတောက်အား ပိုင်ဆိုင်နိုင်ကြလေသည်။

လုံချန်သည် ဘိစ်မီးတောက်ထံသို့ သူ့၏ နတ်အသိ(ညာဏ်အသိ)အား ပို့လွှတ်၍ စူးစမ်းလျှက်ရှိသည်။
ကျောက်စိမ်းပုလင်းလေးထဲ၌ တောက်လောက်လျှက်ရှိသည့် မီးတောက်မှာ ထူထူထဲထဲ ဖြင့်အား
ကောင်းလှလေ၏။သူ့၏ အသိညာဏ်အလင်းဖြင့်ရှုရသော် ဤမီးတောက်သည် ဒုတိယအဆင့်
၏ အထွတ်အဆင့်(အဆင့်တစ်ဆင့်တွင် ကနဦး၊အလယ်၊အထွတ် ၀ါ အထွတ်အထိပ်အဆင့်ဟူ၍
သုံးမျိုးခွဲထားသည်)သို့ရောက်နေသည့် သားရဲတစ်ကောင်၏ မီးတောက်ဖြစ်မှန်း ကောင်းကောင်းသိပါ
၏။

ယင်းမီးတောက်လေကို သူ့အား ပေးလိုက်ရခြင်း အတွက် ဝေချိုင်သည် သေလောက်အောင်ပင်
နှမြောသတ ဖြစ်နေခြင်းကို လုံချန် မအံ့သြတော့ပါချေ။ယခုအခါ၌ လုံချန်၏ တစ်ကိုယ်လုံးအား
ဆေးမီးတောက်သည် ဖုံးလွှမ်းလျှက်ရှိချေသည်။ကျောက်စိမ်းပုလင်း လေးအား ဖွင့်၍ အထဲ၌
ရှိသော မီးတောက်လေးကို လုံချန် မြိုချလိုက်၏။

ဝုန်း.......

မီးတောက်အား လုံချန်မြိုချလိုက်သည်နှင့် မီးတောက်၏ မူလပုံသဏ္ဍန်သည် ပြောင်းလည်းသွားတော့
သည်။မီးတောက်သည်မူလတွင် သိမ်မွေ့သော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေရာမှ ရိုင်းစိုင်း
သည့် သားရဲတစ်ကောင် ကဲ့သို့ ဖြစ်လာ၏။မည်သို့ဖြစ်သနည်း။ဘိစ်မီးတောက်သည် မှော်သားရဲ၏
အသက်(၀ါ)အမြုတေဓာတ်ဖြစ်လေရာ မှော်သားရဲ၏ ဗီဇသည် ကပ်ငြိပါလာတတ်သည့် သဘောရှိ
လေသည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now