အလျှင်စလို

183 25 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၄)အလျှင်စလို

လုံချန်သည် ကျုံးဝေချင်အား တစ်ရွတ်တိုက်ဆွဲလာပြီး အတော်ဝေးဝေးသို့အရောက်တွင် မြေပြင်
ပေါ်သို့ပစ်ချလိုက်သည်။ကျုံးဝေချင်မှာ ဒဏ်ရာအပြင်းအထန်ရနေသည် ဖြစ်ရာ အနည်းငယ်သော
ထိခိုက်မှု တစ်ခုကလေးကပင် သူ့အား သွေးပွက်ပွက်အန်စေသည်။သူ့၏ အတွင်း အဂါင်္ အစိတ်
အပိုင်းများမှာလည်း လုံချန် ပစ်လိုက်သော မြား ကြောင့် အပိုင်းပိုင်းပျက်ဆီးသွားပြီဖြစ်သည်။

သို့သော် သွေးနှော သိုင်းသမားတစ်ဦးဖြစ်သည့်အတိုင်း သူသည် ချက်ချင်းမသေပေ။

"ကျုံး ဝေချင် ကျုပ်ကိုပြော ခင်ဗျားကိုဘယ်လိုနည်းနဲ့ သတ်သင့်သလည်း"

လုံချန်သည် ယခင်က အလွန်အစွမ်းထက်သည်ဟု သူထင်မိသော ထိုလူကို အထင်မြင်သေးစွာ
ဖြင့်ကြည့်သည်။အကယ်၍ သူတို့နှစ်ယောက်ကြားမှ ပုဂ္ဂိုလ်ရေး ကိစ္စသက်သက်သာ ဖြစ်ပါမူ
သူသည် ထိုလူကို ခပ်မြန်မြန်လက်စတုန်းပေးလိုက်ဖို့ ၀န်မလေးချေ။

သို့သော်ရွာသားများ၏ ၀မ်းပမ်းတစ်နည်း မျက်နှာအားပြန်စဉ်းစားမိလျှင် ထိုလူယုတ်မာအပေါ်သူ
အလွန်မုန်းတီးရသည်။ကျုံးဝေချင်ကို မည်သည့် နည်းလမ်းဖြင့် သတ်မှ သူ့ဒေါသပြေပျောက်မည်
မသိချေ။

"လုံ...လုံချန် ငါ့ကိုမသတ်ပါနဲ့ ငါ မင်းကို ငါ့ရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပြောပြမယ်လေ"

ကျုံးဝေချင် ၏ မျက်နှာက စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူစုတ်သွားသည်။သူ သေရမည့်အချိန်သည် တစ်
ဖြေးဖြေး နီးကပ်လာပြီ ဖြစ်ကြောင်း သူခံစားမိနေသည်။သူ့အသက်ကို လုံချန်ကဲ့သို့ ဆေးဆရာတစ်
ယောက်သာ ကယ်တင်နိုင်မည်။သူ့၏ အသက်အား ကယ်တယ်ရန် သူသည် သူ့၏ အရှက်၊သိက္ခာများ
ကို ဘေးဖယ်ကာ လုံချန့်ကို အသနားခံမှသာဖြစ်မည်။

"ဒီ အချိန်မှာပြောတော့ကောအဓိပ္ပါယ်ရှိတော့မလား စတုထ္ထမင်းသား စီစဉ်တယ်ဆိုတာကျုပ်သိ
ပြီးသွားပြီ မြို့တောကို ကျုပ်ပြန်ရောက်တာနဲ့ အကုန်လုံးက ပေါ်လာမှာပဲ ခင်ဗျားပြောစရာမလိုတော့
ဘူး" လုံချန်က အေးစက်စက် လေသံဖြင့်ပြော၏။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now