ဟွာယွန်ဂိုဏ်း

206 23 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၃)ဟွာယွန်ဂိုဏ်း

ဟွာယွန်အိမ်တော်၏ သားနားစွာပြင်ဆင်ထားသော ဧည့်ခန်းတွင်လုံချန်က ချစ်စဖွယ်ကောင်း
သော ယောင်နန်ရှင်းနှင့်အတူ ထိုင်နေသည်။သူက သူမကိုမေးနေသည်။

"မိန်းကလေးက သူဋ္ဌေးလား"

သူမက ချစ်စဖွယ်ကောင်းစွာ ရယ်၍ ပြန်ပြောသည်။ "ကျွန်မက ရှင့်အတွက်သူဋ္ဌေး ဖြစ်ရလောက်အောင်
မကြီးမြင့်ပါဘူးရှင်"

ရယ်သံလွင်လွင်လေးနှင့်အတူ သူမ၏ ရွှေရင်အစုံကလည်း တစ်သိမ့်သိမ့်တုန်လျှက်ရှိသည်။လုံချန်ကား
မည်သို့ပြောရမည်မသိ။သို့သော် သူမက ကြီးသည်ဟူ၍တော့ သူဝန်ခံရပေမည်။သို့တိုင်အောင်သူ
သည် ဤကဲ့သို့ ကိစ္စမျိုးကိုစိတ်ဝင်စားသူမဟုတ်ပေ။သူက မန်ချီ၏ ကျော့ရှင်းသောကိုယ်ဟန်လေး
သို့မဟုတ် ချုယောင်၏ မဟာဆီ မဟာသွေး ပါသည့် ထီးနန်းဆန်သော အမူအယာလေးကို ပို၍ နှစ်
သက်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"ကျုပ်ကို ခေါ်တွေ့ရတဲ့ ကိစ္စက ဘာများပါလည်း မိန်းကလေး" လုံချန်က ခပ်တိုးတိုးမေးသည်။

သူမ၏ အလှအား လုံချန် စိတ်မ၀င်စားသည်ကိုမြင်လျှင် နန်ရှင်းက ဒေါသအနည်းငယ်ဖြစ်သွားသည်။
ယင်းက သူမအတွက်တစ်ကယ့်ကိုထိုးနှက်ချက်ပင်။သူမက သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အား
အလွန်အမင်းယုံကြည်ထားခြင်းဖြစ်သည်။

သို့သော် သူမတစ်ခုခုပြောတော့မည့် အချိန်တွင် အခြားအသံတစ်ခုကထွက်လာသည်။

"နန်ရှင်း ပြဿနာမရှာစမ်းနဲ့"

မိန်းမပျိုလေးတစ်ယောက် သူတို့ထံလျှောက်လာသည်။သူမအသက်သည် နှစ်ဆယ်ဝန်းကျင်
ခန့်သာ ရှိသေးပုံရပြီး အ၀တ်အစားအား အလွန်ရိုးစင်းစွာဝတ်ထားသည်။

"ဟမ့်...မခံစားတတ်တဲ့ယောကျာင်္း မမ ကျွန်မသွားတော့မယ် သူ့ကို မမလက်ထဲလွှဲခဲ့မယ်" နန်ရှင်းက
သွားခါနီး၌ သူ့ကို တစ်ချက်မျှ စိုက်ကြည့်သွားသေးသည်။

"ပထမ ဆုံးအနေနဲ့ သခင်လေးကို အတင့်ရဲစွာနဲ့ ဖိတ်ခေါ်မိတဲ့အတွက် ကျွန်မ တောင်းပန်ပါ
ရစေရှင် ကျွန်မနာမည်က ပိုင်လင် ပါရှင့် လုံသခင်လေးကို နှုတ်ဆက်ပါတယ်" မိန်းမပျိုလေးက ကိုယ်
လေးကိုယို့၍ သူ့ကိုအရိုအသေ ပေး၏။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now