ချုယောင်ပါဝင်လာခြင်း

180 20 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၈)ချူယောင်ပါဝင်လာခြင်း

ဟာချီ၏ လက်သီးသည် ရှီဖန်တို့အုပ်စုကို ထိုးမိတော့မည့်အချိန်တွင် သူ့ရင်ထဲတင်းကျပ်လာသလိုခံစား
လိုက်ရသည်။အတွေ့အကြုံများကြောင့် အန္တာရာယ် တစ်ခုချည်းကပ်လာပြီဖြစ်မှန်းသူ သဘောပေါက်
သည်။ထို့ကြောင့် လက်သီးကို ဦးတည်ချက်ပြောင်း၍ ဘယ်ဘက်သို့ ရုတ်ချည်းထိုးချလိုက်ရ၏။

ဝုန်း....

ဟာချီ၏ လက်သီးသည် သူ့ထံဝင်လာသည့်ဓားကိုကာထားနိုင်လိုက်သော်လည်း ဓားနောက်တွင်ပါ
လာသည့် အင်အားက မသေးသည်ဖြစ်ရာ နောက်ကိုလွင့်ထွက်သွားသလို အတော်လည်း သူ အံ့အား
သင့်မိသွားသည်။ကပျာကသီ အရှိန်ထိန်းပြီးသည်တွင် သူတွေ့လိုက်ရသည်မှာ ၀တ်ရုံရှည်တစ်ခုကို
ဝတ်ထားသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။

သူမ၏ မျက်လုံးများမှာ လွန်စွာစူးရှ၍ လက်ထဲက ကိုင်ထားသည့်ဓားသည် ရေလှိုင်းများကဲ့သို့ တစ်ဖြတ်
ဖြတ်တုန်ခါလျှက်ရှိ၏။

"တတိယ မင်းသမီး" ရှီဖန်နှင့် အခြားလူများ အလန့်တစ်ကြားအော်မိကြ၏။ဓားကိုင်ထားသည့် အမျိုးသမီး
က ဖီးနစ်အင်ပါယာ၏ တတိမြောက်မင်းသမီး ချူယောင်ပင်။

"ရှင်တို့ သတိမလွတ်ကြစေနဲ့ လုံချန်ပြန်လာတဲ့ထိ ကျွန်မတို့ တောင့်ခံထားမှ ဖြစ်မယ်" ချူယောင်က သူ
တို့ကို လေသံဖြင့် လှမ်းပြောသည်။ရှီဖန်က ခေါင်းကို မသိမသာငြိမ့်သည်။ရှီဖန် နှင့် ချူယောင်က ဒဏ်ရာ
အပြင်းအထန် ရ နေသူ တစ်ယောက်ကို ကူညီရန်ပြင်ကြသည်။ဒဏ်ရာ အပြင်းအထန် ရနေသူမှာ
ဝမ်းဗိုက်ညာဘက်ခြမ်းကို လှံ ၀င်သွားခြင်းဖြစ်ပြီး နောက်ဆုံးအသက်ကို အသည်းအသန်ရှုနေရပြီဖြစ်၏။

ရှီဖန်က ဆေးတစ်လုံးကို ခပ်မြန်မြန် ထုတ်ပေးလိုက်သည်။ဤဆေးသည် ဒဏ်ရာကို လုံးဝ ပြန်မကောင်း
စေနိုင်သော်လည်း ချက်ချင်း မသေသွားအောင်တော့ တတ်နိုင်သည်။လူတိုင်းက သူတို့အသက်ကို စွန့်
လွှတ်ရန် စိတ်ပိုင်းဖြတ်ထားသည့်တိုင် ဖြစ်နိုင်လျှင် သေလိုသည့်ဆန္ဒမရှိပေ။ကျင်ကျီ သိုင်းသမား
တစ်ယောက်ကို နောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်သည့် ချူယောင်ကို မြင်သည်တွင် သူတို့ အား
ပြန်တက်လာကြသည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now