လေလံပွဲပြီးဆုံးခြင်း

202 23 0
                                    


Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၂)လေလံပွဲ ပြီးဆုံးခြင်း

အသံက လွန်မင်းစွာငယ်ရွယ်၍ ပျင်းရိပျင်းတွဲ နိုင်လှသည်။လူတိုင်းက အသံလာရာ သီးသန့်ခန်းသို့
ခေါင်းများလှည့်ပြီး ကြည့်မိကြသည်။ယင်းအသံမှာ လုံချန်၏ သီးသန့်ခန်းမှ လာသည်ကို သိလျှင်
လူအတော်များများ၏ မျက်နှာ၌ ထူးဆန်းသည့် အမူအယာများ ပေါ်လာကြသည်။

အစောပိုင်းတွင် လုံချန်မှာ ကြယ်ပေါင်းမြက်အား ရတော့မည့်အချိန်၌ ယင်အမတ်ကြီးက ရည်ရွယ်ချက်
ရှိရှိဖြင့် ၀င်နှောင့်ယှက်ခဲ့သည်။ယခုကဲ့သို့ လုံချန်ထံမှ စကားသံထွက်လာခြင်းကို ကြည့်လျှင် ကလဲ့စား
ပြန်ချေသည်မှာ ပေါ်လွင်သည်။

လူအတော်များများမှာ လုံချန့်ကို ကြိတ်ချီးကျူးမိကြသည်။ဖီးနစ်အင်ပါယာတွင် ယင်အမတ်ကြီးနှင့် ပြိုင်
ဆိုင်ရဲသူက ရှားသည်။ယင်အမတ်ကြီး၏ မျက်နှာက မဲမှောင်သွားသည်။အချိန်အတော်ကြာအောင်
တိတ်ဆိတ်နေသည့်လုံချန်က ယခုကဲ့သို့ ရုတ်ချည်း လေလံဝင်ဆွဲကာ သူ့ကိုနှောင့်ယှက်လိမ့်မည်ဟု
သူက မတွေးထားခဲ့ပေ။

"သန်းခွန်နှစ်ရာ"

သို့ရာတွင် သူ့မှာ သူရဲဘောကြောင်နေရန်လည်းမဖြစ်နိုင်ပေ။မည်သည့်တန်ဖိုးဖြင့် ပေးဆပ်ရသည်ဖြစ်
စေ သည်ဆေးက သူရကိုရမှဖြစ်မည်။သို့မဟုတ်လျှင် သူ့အဆင့်အတန်းနှင့် ဝေလုယန် ကို မေတ္တာရပ်
ခံ၍ နောက်ဆုတ်ခိုင်းမည်မဟုတ်ချေ။

လုံချန်၏ မျက်နှာတွင် ကျေနပ်သည့်အပြုံးတစ်ခုပေါ်လာသည်။ယခုတော့ ယင်အမတ်ကြီးအစောပိုင်းက
သူ့ကို လုပ်ခဲ့သလိုမျိုး ကလဲ့စားပြန်ချေနိုင်ပြီဖြစ်သည်။သည့်အတွက်ကြောင့် သူ တော်တော်ပျော်နေသည်။

သူက သူ့၏နတ်အသိအား အမြဲတစ်စေ ဖြန့်ကျက်ကာ အခြားသီးသန့်ခန်းများကို ထောက်လှမ်းနေခဲ့
ခြင်းဖြစ်သည်။ဤတွင် အရိုးမူလပြန်ဆေးက ယင်အမတ်ကြီး ရကိုရမှ ဖြစ်မည့် ဆေးမှန်းသူသိသွားခြင်း
ပင်။

ယင်အမတ်ကြီးအား ၀င်ရောက်နှောင့်ယှက်ခြင်းမှာ မသင့်တော်မှန်းသိသည့်တိုင်အောင် လုံချန်ကတော့
စိတ်မပူချေ။ပထမအနေဖြင့် သူ့၏ ဒေါသများကို ထွက်ပေါက်ပေးနိုင်သည်။ဤကဲ့သို့ ကိစ္စလေးနှင့်
ယင်အမတ်ကြီးက သူနှင့်ပြိုင်ဖြစ်လိမ့်မည် ဟု သူကမယုံပေ။သူ့နောက်ကွယ်၌ ရှိသော ဆေးဆရာအ
သင်း၏ ထောက်ပံ့မှုဖြင့် ယင်အမတ်ကြီးအား ရန်စရန် သူက ယုံကြည်ချက်ရှိသည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now